[irrawaddy_gallery]
၂၀၁၄ ခုနှစ် မြန်မာ-အာဆီယံ ရုပ်ရှင်ပွဲတော် ကျင်းပပြုလုပ်သည့် အခမ်းအနားကို မတ်လ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံနိုင်ငံတွေက ဆုရ ရုပ်ရှင် ဇာတ်ကားတွေ ပြသနေပါတယ်။
ရုပ်ရှင်ပွဲတော်ကို မတ်လ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး မြန်မာနိုင်ငံက ဇာတ်ကားတွေအနေနဲ့ ကယန်းအလှ၊ ပန်းကြာဝတ်မှုန်နဲ့ ကြိုးတန်း အစရှိတဲ့ ဇာတ်ကား သုံးကား ပြသမှာဖြစ်ပါတယ်။
ဖိလစ်ပိုင် ဇာတ်ကားတွေကတော့ “ANAC TIPATING” နဲ့ “BAMBOO FLOWERS”၊ ထိုင်း ဇာတ်ကားတွေ ကတော့ “Bangkok Transit System” နဲ့ “Muay Thai Chaiya” ၊ ဗီယက်နမ် ဇာတ်ကားတွေက “The Scent of Burning Grass” နဲ့ “Hot Sound” ၊ ဘရူနိုင်းက “Hilang, Ada Apa Dengan Rina” ဇာတ်ကား၊ ကမ္ဘောဒီးယား ဇာတ်ကားတွေ အနေနဲ့ “ The Victims” နဲ့ “One Evening After the War” ၊ လာအို ဇာတ်ကားတွေက “To Be Solider” နဲ့ “Spring in return” ၊ မလေးရှား ဇာတ်ကားများတွေက “Songlap Means to Steal Away” နဲ့ “Bunohan” တို့ကို ပြသမှာဖြစ်ကြောင်း သိရှိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှ ဇာတ်ကားနှစ်ကားကိုတော့ အချိန်စောင့်ဆိုင်း နေရတုန်းဖြစ်ပြီး အချိန်မီ မရောက်ရှိပါက ၁၈ ရက်နေ့မှာ “ပန်းကြာဝတ်မှုန်” ဇာတ်ကားနဲ့ ၂၁ ရက်နေ့မှာ “ကယန်းအလှ” ရုပ်ရှင်ဇာတ်ကားတွေကို ထည့်သွင်း ပြသမှာဖြစ်ပါတယ်။ တရက်ကို ဇာတ်ကား ၄ ကားနှုန်း ပြသမှာဖြစ်ပြီး ပွဲချိန်တွေကိုတော့ မနက် ၁၀ နာရီ၊ နေ့လည် ၁၂ း ၃၀ ၊ ညနေ ၃ း ၃၀ နဲ့ ညနေ ၆ း ၃၀ ဆိုပြီး လေးကြိမ်ပြသမှာဖြစ်ပါတယ်။