• English
Thursday, December 7, 2023
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

        ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

        စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

        စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

        အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

        အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

        စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

        စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

        ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

        ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home Lifestyle

          သတင်းတွေဖတ်ပြီး သီချင်းတွေနဲ့ သရော်တဲ့ The Villager နဲ့ အင်တာဗျူး

          by ဧရာဝတီ
          25 March 2014
          in Lifestyle
          Reading Time: 1 min read
          A A
          The Villager, သံပတ်စက်ရုပ်, ရွာသူ, မျှော်လင့်ခြင်း ၁၅၀၀

          The Villager အဖွဲ့ (ဓာတ်ပုံ - ဇင်မင်းမောင်)

          3.6k
          VIEWS
          Share on FacebookShare on Twitter

          ၂၀၀၈ ခုနှစ်လောက်က စလို့ မြန်မာနိုင်ငံရဲ့ Alternative ဂီတခေါင်းစဉ်အောက်ကို စတင် ဝင်ရောက် လာခဲ့ပြီး ၂၀၀၉ ခုနှစ်လောက်မှာ “ဗြောင်နောင်နောင် ဗေဗေးဂျိ” ဆိုတဲ့ အတွဲခွေကို ထွက်ရှိခဲ့ကာ ၂၀၁၁ ခုနှစ်မှာ “ရွာသူ” ဆိုတဲ့ တကိုယ်တော် တေးစီးရီး ထွက်ရှိခဲ့ဖူးတဲ့ The Villager အဖွဲ့ဟာ အဲဒီကာလတွေအထိ ဂီတအသိုင်းအဝိုင်းနဲ့ နီးစပ်သူ အနည်းအကျဉ်း ကသာ သိခဲ့ကြပြီး လူသိ အတော်နည်းပါးတဲ့ ဂီတအဖွဲ့ တခုဆိုရင်လည်း မမှားပါဘူး။ သို့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလလောက်မှာ အဆိုတော် လင်းလင်းရဲ့ “သံမဏိလိပ်ပြာ” တေးသီချင်းကို “သံပတ်စက်ရုပ်” အမည်နဲ့ ပြန်ဖျက်ရေးသား သီဆိုထားပြီး ယခင် စစ်အစိုးရနဲ့  စစ်အစိုးရ မျိုးဆက်တွေရဲ့ နာမည်ကြီး လုပ်ဆောင်ချက်တွေကို သရော် ထားတဲ့ တေးသီချင်းကစလို့ သူတို့အဖွဲ့ကို တော်တော်များများ သတိထားမိ လာကြပါတယ်။ အဲဒီကနေစပြီး မြန်မာပြည်မှာ တနေ့နဲ့တနေ့ မရိုးရအောင် လွဲနေတဲ့အလွဲတွေ၊ မြန်မာဝန်ကြီး တချို့ရဲ့ ကမ္ဘာကျော်မယ့် ပြောဆို အကြံပေးချက်တွေကစလို့ facebook လူမှုကွန်ရက်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အခြေခံထားတဲ့ The Villager အဖွဲ့ရဲ့ ကိုယ်ပိုင်သံစဉ် Satire တေးသီချင်းတွေဟာ facebook စာမျက်နှာထက်မှာ ပျံ့နှံ့လို့ လူကြိုက်များလာပါတယ်။ သူတို့ဟာ သူတို့အဖွဲ့ရဲ့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “ရွာသူ” ဆိုတဲ့ တေးစီးရီးမှာကတည်းက သရော်တဲ့ တေးသီချင်း အနည်းငယ်ကို စတင်ဖန်တီး သီဆို ဖြစ်နေပြီလို့ သိရပါတယ်။ သော်ဇင်၊ သင်္ကြန်၊ ဝေဖြိုး စတဲ့ အဖွဲ့ဝင် သုံးယောက်နဲ့ စတင်ခဲ့တဲ့ သူတို့အဖွဲ့ဟာ လက်ရှိမှာ  ဟန်မင်းဆက်၊ ပိုင်ငြိမ်း စတဲ့ အဖွဲ့ဝင် ၂ ဦး ထပ်တိုးလာကာ အားလုံးပေါင်း ငါးယောက်နဲ့  ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ The Villager အဖွဲ့ရဲ့ သရော်ထားတဲ့ တေးသီချင်းတွေထဲက အွန်လိုင်း facebook စာမျက်နှာထက်မှာ အများဆုံး Share ဖြစ်နေတဲ့ တေးသီချင်းတွေက “မျှော်လင့်ခြင်း ၁၅၀၀” ဆိုတဲ့ တန်ဖိုးနည်း ၁၅၀၀ တန် ဖုန်းကတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ၊ “မပြတ်စဉ်လာ ရွှေမြန်မာ” နာမည်နဲ့ ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲကြီးတုန်းက မြန်မာအမျိုးသား ဘောလုံးအသင်းရဲ့ ပရိသတ်မေတ္တာ ခံယူလိုက်ရပုံ၊ facebook ပေါ်မှာ နာမည်ကြီးခဲ့တဲ့ သတင်းအချက်အလက် တွေကို စုစည်းထားတဲ့ “News Feed” ဆိုတဲ့ သီချင်း၊ မြန်မာနိုင်ငံရဲ့ နှေးနှုန်းမြင့် အင်တာနက်တွေကို ဝန်ဆောင်မှုပေးနေတဲ့ MPT ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းထားတဲ့ “အနန္တဂုဏ်ရည် MPT” ဆိုတဲ့ တေးသီချင်းတွေဖြစ်ပြီး လက်ရှိမှာ အွန်လိုင်း သရော်တေးပေါင်း ၁၂ ပုဒ်နီးပါး ရှိပြီလို့ သိရပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်းက မန္တလေးတိုင်း မုံရွာမြို့ အခြေစိုက် The Villager အဖွဲ့ရဲ့ အွန်လိုင်း သရော်တေးသီချင်းတွေနဲ့ ပတ်သက်လို့ ၎င်းအဖွဲ့ရဲ့ တေးရေးတေးဆို အပြင် တေးသီချင်း Arrangement ပိုင်းကိုပါ ဖန်တီးနေတဲ့ အဖွဲ့ဝင်တဦးဖြစ်သူ ဝေဖြိုးနဲ့အတူ ဧရာဝတီ သတင်းထောက် မစပ်စုတို့ စကားစမြည် ပြောဖြစ်တာလေးတွေကို တင်ပြလိုက်ပါတယ်။

           မေး။     ။ ၂၀၁၁ မှာထွက်တဲ့ The Villager ရဲ့ “ရွာသူ” စီးရီးမှာကတည်းက သရော်တဲ့သီချင်းလေးတွေ စပြီးလုပ်နေပြီဆို တော့ အဲဒီတုန်းကလုပ်တဲ့ သရော်သီချင်းတွေကရော အခုလက်ရှိ ထွက်နေတဲ့ သီချင်းပုံစံတွေလိုပဲလား။

          RelatedPosts

          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          4 December 2023
          1.9k
          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          3 December 2023
          2.6k
          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          2 December 2023
          719

          ဖြေ။     ။ သရော်တဲ့ ပုံစံတော့ သရော်တဲ့ပုံစံပေါ့။ ဒါပေမယ့် နိုင်ငံရေး သဘောတရားတွေမပါဘဲ၊ ရိုးရိုးသာမန် ဘဝကို သရော်တဲ့ ပုံစံမျိုးတွေ ရေးတာဗျ။ အခုနောက်ပိုင်းမှသာ ပိုပြီး လွတ်လပ်ခွင့်ရလာတော့လေ။ အရင်က ကြိုးစားတော့ ကြည့်တာပေါ့။ မလွယ်ဘူးလေ။ စာပေစိစစ်ရေးက ဖြတ်တော့ ပရိသတ်ဆီ ဘယ်လိုမှ မရောက်နိုင်ဘူး။ ကိုယ့်ဘာသာကိုယ် အပျော်တမ်း ရေးဆိုနေတာလောက်ပဲ ရှိတာပေါ့။

          မေး။     ။ အဲဒီကာလတွေတုန်းက အွန်လိုင်းမှာ Underground အနေနဲ့ သီချင်းတွေလည်း ထွက်နေကြတာ တွေရှိတော့ အစ်ကိုတို့ အဖွဲ့အနေနဲ့ အဲဒီလိုမျိုးရော UG အနေနဲ့ ဖြန့်ဖို့ မကြိုစားကြည့်မိခဲ့ဘူးလား။

          ဖြေ။     ။  ကြိုးစားပါတယ်။ ကျနော်တို့ အွန်လိုင်းပေါ်မှာ ဖြန့်တော့ တခြားနာမည်နဲ့ ဖြန့်ရတာပေါ့ဗျာ။ ဒါပေမယ့် အဲဒီတုန်းက ကျတော့ Generation Wave (GW) အဖွဲ့တွေနဲ့အတူတူ ပေါင်းပြီးတော့ ဟစ်ပ်ဟော့ပ် သီချင်းတွေ ရေးပေးခဲ့ပါတယ်။ ကျနော်တို့ သီချင်းတွေကို Blood ဆိုတဲ့ အဖွဲ့က ဆိုပါတယ်။ အဲဒီမှာတော့ သရော်တယ်ဆိုတာထက် ဘယ်လိုပြောမလဲ GW ရဲ့ ပေါ်လစီအရပဲပေါ့။ အဲလိုတွေ ရေးတာရှိတယ်။ အဲဒီတုန်းကတော့ ကျနော်တို့အဖွဲ့အနေနဲ့ မဟုတ်ဘဲနဲ့ ကျနော် တယောက်တည်း အနေနဲ့ပါပဲ။

          မေး။     ။ Generation Wave ရဲ့ ပေါ်လစီအရလို့ ဆိုတော့ အစ်ကိုကလည်း GW ရဲ့ မျိုးဆက်လို့ ပြောလို့ ရမလား။

          ဖြေ။     ။  အဲလိုတော့ ပြောလို့မရပါဘူး။ ကျနော်တို့က အဲဒီအဖွဲ့ထဲမှာတော့ မပါပါဘူး။ ဒါပေမယ့် ကျနော်တို့ သူငယ်ချင်းတွေကတော့ GW ထဲမှာ ပါတဲ့သူတွေ ရှိတာပေါ့ဗျာ။ ကျနော်နဲ့ အွန်လိုင်းမှာ ခင်တဲ့ သူငယ်ချင်းတွေပါ။

          မေး။     ။ ဒီလို မြန်မာပြည်ရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားတွေကို ကိုယ်ပိုင်သံစဉ် တေးသီချင်း အဖြစ် ပေါ်ပေါ်တင်တင် ရေးသားသီဆို ဖြစ်နေတဲ့ The Villager ရဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်။

          ဖြေ။     ။ ကျနော်က သရော်စာ အဓိကနဲ့ ကျောင်းပြီးခဲ့တဲ့သူပါ။ မုံရွာတက္ကသိုလ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ “သရော်စာ လေးချိုးကြီးများ လေ့လာချက်ကျမ်း” နဲ့ ဘွဲ့ရခဲ့တာပါ။ မြန်မာစာ စာပေအထူးပြုပါ။ အခု ဒီမှာက သရော်တဲ့ပုံစံက ရှားပါးနေတယ်။ သရော်တဲ့ သီချင်းပုံစံမျိုးကလည်း မရှိသလောက် ဖြစ်နေတော့ ကျနော်ကလည်း သီချင်းရေးရတာ ဝါသနာ ပါတော့ အဲဒီလိုပုံစံမျိုးလေးတွေ လုပ်ကြည့်ဦးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ လုပ်ရင်းနဲ့ ကိုယ့်ဟာကိုယ် သဘောကျလာပြီး ဆက်လုပ်ဖြစ်သွားတာပေါ့။

          မေး။     ။ The Villager အဖွဲ့ရဲ့ သရော်သီချင်းတွေက နာမည်ကြီးတဲ့ ကိစ္စတခု ဒီနေ့ဖြစ်၊ နောက်နေ့ အွန်လိုင်းပေါ် သီချင်းအနေနဲ့ ရောက်နေပြီဆိုတော့ Up to Date ဖြစ်နေရတဲ့ အကြောင်းအရင်းပေါ့၊ ဆိုတော့ … အစ်ကိုတို့ရဲ့ သတင်းရင်းမြစ်က ဘယ်ဟာဖြစ်မလဲ။

          ဖြေ။     ။ ထုးံစံအတိုင်း ဧရာဝတီတို့ ဘာတို့ပေါ့။ သတင်းလေးတွေ အွန်လိုင်းပေါ်မှာ အမြဲတမ်း ချိတ်ထားတော့ သတင်း အသစ်လေး တက်လာလို့ ထူးခြားတဲ့ သတင်းလေးဆိုရင် ကျနော်တို့  သူငယ်ချင်း အချင်းချင်း လက်ဖက်ရည်ဆိုင်မှာ ပြန်ပြီးတော့ ပြောင်ကြ လှောင်ကြတာပေါ့။ အဲလို ပြောင်ကြ လှောင်ကြရင်းနဲ့ သီချင်းလေး ဖြစ်လာတာများပါတယ်။ အဲဒီတော့ သီချင်းလေးကို ဖန်တီးပြီးတော့ တင်လိုက်ရင် ပရိသတ်ရဲ့ အားပေးမှုတွေ၊ ထောက်ခံတယ် ဆိုတာတွေ ရလာရင် တော်တော် ပျော်ပါတယ်။ တော်တော်များများ ကလည်း အဆင်ပြေတာကို တွေ့ရပါတယ်။ အဓိကကတော့ အင်တာနက်ပါပဲ။ အင်တာနက် ကို အမြဲသုံးဖြစ်နေပြီး ကျနော်တို့အဖွဲ့ကလည်း အမြဲတွေ့ ဖြစ်နေတော့ ဒီသတင်းထွက်လာရင် ဒါကတော့ ထူးခြားတယ်၊ ငါတို့ လုပ်လိုက်ကြရအောင် ဆိုလို့ရှိရင် စပြီး ကျနော်က ရေးလိုက်တော့ မကြာဘူး။ ပြီးပြီးချင်းပဲ Recording လုပ်၊ ဆိုပြီးတော့ ချက်ချင်းတင်တာ များပါတယ်။ တခါတရံမှာ အင်တာနက်လိုင်း မကောင်းတဲ့အချိန်မှသာ နည်းနည်း နောက်ကျသွားတာမျိုး လည်းရှိတယ်။

          မေး။     ။ အစ်ကိုတို့ရဲ့ သရော်တဲ့သီချင်းတွေအပေါ် ပရိသတ်ရဲ့ တုန့်ပြန်မှု၊ ဘယ်လို Feedback မျိုး ပြန်ရပါသလဲ။

          ဖြေ။     ။ ကျနော်တို့ မူလအသိုင်းအဝိုင်း၊ သီချင်းလုပ်နေတဲ့ အသိုင်းအဝိုင်းကတော့ ဒီလိုပုံစံချည်းပဲ မင်းတို့ ဆက်သွားရင် မင်းတို့ကို သရော်တဲ့ ကောင်တွေလို့ပဲ ယူဆသွားကြလိမ့်မယ်ပေါ့။ ရိုးရိုးတန်းတန်း သီချင်းဆိုတဲ့ ကောင်တွေလို့ မင်းတို့ကို ထင်တော့မှာ မဟုတ်ဘူးလို့တော့ ဂီတသမားအချင်းချင်းက ပြောကြတယ်။ အွန်လိုင်းပေါ်မှာတော့ အကုန်လုံးကတော့ အားပေးမှုတွေ ရပါတယ်၊ အကုန် ထောက်ခံကြတယ်။ ဆက်လုပ်ပါဦး ဆိုတာတွေပဲ ကျနော်တို့ တွေ့ရပါတယ်။

          မေး။     ။The Villager ဆိုတာကို သရော်သီချင်းတွေ ဖန်တီးနေတဲ့အဖွဲ့လို့ ပရိသတ်က တွဲမြင်နေတာလို့ ပြောလို့ရလား။

          ဖြေ။     ။ ကျနော် အမှန်အတိုင်းပြောရရင် ကျနော်တို့ကို သိလာတာ ဒီသီချင်းတွေကြောင့် လူသိများလာတာပါ။ သာမန် သီချင်းတွေ အတွက်ကတော့ ကျနော်တို့ကို လူသိ သိပ်မများပါဘူး။ ကျနော်တို့ အသိုင်းအဝိုင်းလောက်ပဲ သိတာပါ။ အဓိကအားဖြင့် ကျနော်တို့အဖွဲ့က သရော်တဲ့အဖွဲ့လို့ ပြောလို့ရပါတယ်ဗျ။

          မေး။     ။ ဒီ သရော်တဲ့သီချင်းတွေကို စီးရီးအနေနဲ့ တရားဝင်ထွက်ဖို့ရော ရှိမလား။ လက်ရှိလုပ်ဖြစ်နေတဲ့ သီချင်းပုံစံ အမျိုးအစားလေးတွေက ဘာဖြစ်မလဲ။ Recording ရော ဘယ်မှာ လုပ်ဖြစ်လဲ။

          ဖြေ။     ။ ကျနော်တို့သီချင်းတွေက ဥပမာပြောရရင် သတင်းစာတစောင် ဂျာနယ်တစောင်လို ဖြစ်နေတာ ဆိုတော့ သိပ်အားမရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်း မှန်ကန်နေတဲ့ ကိစ္စရပ်သီချင်းက တပုဒ်နှစ်ပုဒ်လောက်ပဲ ရှိပြီးတော့ တချို့ဟာတွေက သတင်းစာ တစောင်လိုပဲ ဒီနေ့ သတင်းအချက်အလက် ပြီးရင် နောက်နေ့ သတင်းအချက်အလက် တွေက ဖုံးသွားတဲ့ ပုံံစံမျိုးတွေ ရှိတဲ့အတွက် စီးရီး ထုတ်ဖို့ကတော့ မလွယ်သေးဘူးလို့ ပြောရပါမယ်။ ယေဘုယျ ဆန်ဆန် သရော်နိုင်တဲ့ သီချင်း တွေရေးပြီးမှပဲ ထုတ်ဖြစ်လောက်ပါတယ်။ လောလောဆယ်တော့ ရိုးရိုးသီချင်းတွေပဲ ထုတ်ဖြစ်ပါဦးမယ်။ ကျနော်တို့ Home Studio လေးရှိပါတယ်။ အဲဒီမှာ လုပ်ဖြစ်ပါတယ်။ ကိုယ်ကလည်း လက်လှမ်းမီသလို ချက်ချင်း လုပ်ရအောင်လို့ Home Studio လေး လုပ်ထားတာ ရှိပါတယ်။ ပုံစံအမျိုးအစားက Alternative ဆိုတဲ့ ခေါင်းစဉ်အောက်က သွားတာများပါတယ်။ တခါတရံမှာ Country စတိုင်လေးတွေပါမယ်။ ကျနော်တို့ နှစ်သက်ရတဲ့ ပုံစံတွေက ဆရာ အရိုးတို့လို၊ ကိုလွှမ်းမိုးတို့လို Story ပုံစံ လေးတွေကို နှစ်သက်တော့ သူတို့လိုပဲ Alternative နဲ့ Country ပေါင်းထားတဲ့ ပုံစံမျိုးလေးတွေနဲ့ လုပ်ဖြစ်ပါတယ်။

          မေး။     ။ ပရိသတ်ဘက်မှာလည်း အကိုတို့ ပေးသိစေချင်တဲ့ Message တွေ ဘယ်လောက် အတိုင်းအတာ အထိ ရောက်သွားပြီလို့မြင်လဲ။ အစ်ကိုတို့ လိုချင်တဲ့ အတိုင်းအတာအထိ ရောက်ပြီလို့ ပြောလို့ရပြီလား။

          ဖြေ။     ။ ကျနော်တို့ ရောက်စေချင်တဲ့ အတိုင်းအတာ အထိကို မရောက်သေးပါဘူးဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ကလည်း တအားကြီး အားစိုက်ပြီး မလုပ်နိုင်တာလည်း ပါတာပေါ့။ နောက်ပြီး တော်တော်များများက အွန်လိုင်းမှာ ဖြန့်ရတာ ဆိုတော့ မြန်မာပြည်က အွန်လိုင်း အသုံးပြုတာ အားနည်းနေသေးတော့ အွန်လိုင်းသုံးတဲ့ လူထုကြားမှာပဲ ပျံ့နှံ့နေသေးတယ်လို့ ခံစားရပါတယ်။ ပြင်ပလူထုကြားမှာတော့ အနည်းငယ်ပဲ ပျံ့နှံ့မှုရှိတာပေါ့။ ကျနော်တို့နယ် ပတ်ဝန်းကျင် လောက်ပဲ ပျံ့နှံ့မှုရှိတယ်လို့ ခံစားရပါတယ်။ ကျနော်တို့ သီချင်းတွေကိုကြားရပြီးတော့ ဥပမာအားဖြင့် ပျော်ရွှင် သွားတယ်။ ကျနော်တို့ ပြန်ကြားရသလောက်ပေါ့လေ။ တကယ်ပြုလုပ်နေတဲ့၊ ကျနော်တို့ သရော်နေတဲ့သူတွေ  ကာယကံရှင်တွေ ကိုယ်တိုင်က ကျနော်တို့ သီချင်းကို ကြားရင် သူတို့ စိတ်မဆိုးဘဲနဲ့ ရယ်ချင်တယ်လို့ ပြန်ကြားရပါတယ်။ အဲဒါကိုတော့ ကျနော်တို့ တော်တော်လေး ကျေနပ်မိပါတယ်။

          မေး။     ။ The Villager ရဲ့ သရော်သီချင်းတွေမှာ မြန်မာ့နိုင်ငံအရေးကို ပွင့်ပွင့်လင်းလင်းရေးသား သီဆိုဖန်တီး ထားတယ်ဆိုတော့ လက်ရှိ မြန်မာ့နိုင်ငံအရေးအပေါ် အမြင်က ဘယ်လိုရှိမလဲ။

          ဖြေ။     ။ ကျနော့်အမြင်ကတော့ ကိုယ့်ဟာကိုယ်ပဲ ချဲ့ထွင်ပြီး ရလာတဲ့ လွတ်လပ်မှုမျိုးပဲမြင်ပါတယ်။ သူတို့က ပေးတဲ့ ပုံစံမျိုးတော့ မဟုတ်သေးဘူးပေါ့။ အာဏာရှင်ရဲ့ ဖိအားလည်း မလွတ်သေးပါဘူး။ ဒါပေမယ့် ကျနော်တို့ ရသလောက်ချဲ့ပြီး ရေးရတဲ့ ပုံစံမျိုးလို့ပဲ မြင်ပါတယ်။ တော်တော်လေးတော့ လွတ်လပ်လာပြီလို့ ပြောလို့ ရပါတယ်။ အရင်ကထက် စာရင်ပေါ့။ အရင်ကတော့ တော်တော်လေး ကျနော်တို့လည်း ခါးစည်းခံခဲ့ရပါတယ်။ ဥပမာ – စာပေစိစစ်ရေးက အစ သူတို့ ဒုက္ခပေးသမျှ ကျနော်တို့ ခံရပါတယ်။ ဖြုတ်ဆို ဖြုတ်ရပါတယ်။ တချို့ သီချင်းတွေဆို တပုဒ်လုံး ပြုတ်တာတွေရှိတယ်။ တချို့တွေက သရော်တာ လေးတွေ နည်းနည်းလေး အရိပ်အမြွက်ပဲ ပါလိုက်ရတာတွေရှိတယ်။ အဲဒီလို ပုံစံမျိုး မရှိတော့တဲ့ အတွက်ကို ကျနော်တို့ တော်တော်ကို ဝမ်းသာပါတယ်။

          မေး။     ။ ဒီလို ဖြစ်ပျက် ပြောင်းလဲလာမှုအပေါ် ဘာပြောချင်ပါသေးလဲ။

          ဖြေ။     ။ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပေါ့။ ကိုယ်တိုင်တွန်းမှပဲ ဒီထက်ပိုကောင်းတဲ့ အရွေ့ကို ရောက်နိုင်မှာပါ။ မတွန်းဘဲနဲ့ သူတို့ရဲ့ ပြောင်းလဲမှုကို စောင့်နေရင်တော့ ကျနော်တို့ တော်တော်ကို စောင့်ရဦးမယ့် အနေအထားမှာရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မပြောင်းလဲချင်တဲ့သူတွေ တော်တော်ကို အများကြီး ရှိနေတယ်လို့ မြင်ပါတယ်။

          Your Thoughts …
          Tags: EntertainEntertainment
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          မိုးယံဇွန်

          Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

          by ဧပရယ်ဆု
          19 April 2016
          47.4k

          "ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

          ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

          ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

          by နဒီထိုက်
          15 July 2013
          15k

          သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

          သဇင်

          အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင်

          by ဧပရယ်ဆု
          6 April 2016
          148.9k

          “ကျမ အခုပြန်လာတာက ကျမ အမျိုးသားလည်းခွင့်ရတော့ သူနဲ့အတူတူ ပြန်လာ တာပေါ့နော်၊ ထွက်ရှိနေတဲ့ အိမ်ထောင်ရေး ကောလဟလတွေအပေါ်မှာတော့ ဖြေရှင်းမှာ မဟုတ်ပါဘူး" လို့ ဧရာဝတီကို ပြောပါတယ်

          တုမ်ယမ်ချဉ်စပ်, ဟင်းချက်နည်း

          တုမ်ယမ် ဟင်းရည် ချက်ကြည့်ရအောင်

          by ဝင်းနိုင်သိန်း
          12 July 2014
          31.7k

          တုမ်ယမ် ဟင်းရည်ဟာ ကမ္ဘာတလွှား နာမည် ကျော်ကြား လာတာနဲ့ အမျှ ဆန်းသစ် တီထွင်သူတွေ အပေါ် မူတည်ပြီး အရသာ၊ အနံ့ အမျိုးမျိုး ပြောင်းလဲ သွားပါတယ် ...။ အခြေခံဖြစ်တဲ့ တုမ်ယမ် အနှစ်၊...

          ခိုးဆိုးလုနှိုက်

          ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြီ

          by ယုမွန်ကျော်
          18 July 2016
          11.9k

          ခိုးဆိုးလုနှိုက် တင်မကဘဲ ဥာဏ်များပြီး လိမ်လည်တတ်တဲ့ သူတို့အဖွဲ့က သေမထူးနေမထူး ဆိုးကြတဲ့သူတွေပဲ ဖြစ်ပါတယ်။ အောင်ဝမ်းက ပိုက်ဆံရှိတဲ့ သူဌေးသမီး နှင်းဆီနီနဲ့ ချစ်ကြိုက်တဲ့အခါ မိဘက သဘောမတူဘဲ သူတို့နှစ်ယောက်ရဲ့ ဘ၀ ကွာခြားမှုတွေနဲ့ ဇာတ်လမ်းကို ဘယ်လိုပညာပေးပြီး

          ဗုဒ္ဓ (သို့မဟုတ်) လောကကို အလင်းဆောင်သူ

          ဗုဒ္ဓ (သို့မဟုတ်) လောကကို အလင်းဆောင်သူ

          by ကိုမျိုး (IR)
          9 August 2014
          10.8k

          ဗုဒ္ဓ အကြောင်းကိုသာ ဇောင်းပေး ရိုက်သွားတာမျိုး မဟုတ်ဘဲ လူသားတွေဆီမှာ ဖုံးလွှမ်းနေတဲ့ အတ္တ၊ မာန၊ လောဘ၊ ဒေါသ၊ မောဟ၊ မစ္ဆရိယစိတ် စတဲ့ ကိလေသာ စိတ်အညစ်အကြေးတွေကို သတိသံဝေဂ ရနိုင်အောင် ဖန်တီးပြထားတဲ့

          Next Post
          အောက်ခြေက စကိုင်ရမယ်

          အောက်ခြေက စကိုင်ရမယ်

          ကားဈေး, မော်တော်ယာဉ်မှတ်ပုံတင်ခ , ကညန, မော်တော်ယာဉ် ဈေးကွက်

          အစိုးရ၏ မော်တော်ယာဉ် မှတ်ပုံတင်ခ လျှော့ချမှု ကားဈေး သိန်း ၂၀ ကျော် ထပ်ကျမည်

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          4 days ago
          12.8k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          2 days ago
          10.6k

          Most Read

          • စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

            shares
            Share 0 Tweet 0
          • အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

            shares
            Share 0 Tweet 0
          • မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved