• English
Thursday, September 21, 2023
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

    ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

    စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

    စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

    ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

    ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

    မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

    မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

    မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

    မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

    ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

    ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

    နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

    နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

    ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

    ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      သီချင်း ညည်းတတ်သည့် အလေ့

      သီချင်း ညည်းတတ်သည့် အလေ့

      ဒေါ်အောင်ဆန်းစုကြည် သွားကိုက်ဝေဒနာကြောင့် ဆေးကုသမှုခံယူရ

      ဒေါ်အောင်ဆန်းစုကြည် သွားကိုက်ဝေဒနာကြောင့် ဆေးကုသမှုခံယူရ

      မိန်းမ နှင့် အလှတရား

      မိန်းမ နှင့် အလှတရား

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home Lifestyle

          ၂၀၁၄ အမြင်သစ်နဲ့ Hercules ရုပ်ရှင်ဇာတ်ကား

          by သုရီလင်း
          21 August 2014
          in Lifestyle
          Reading Time: 1 min read
          A A
          ၂၀၁၄ အမြင်သစ်နဲ့ Hercules ရုပ်ရှင်ဇာတ်ကား

          ရန်ကုန်မြို့ ရှေ့ဆောင် ရုပ်ရှင်ရုံတွင် ရုံတင်ပြသနေသည့် Hercules ရုပ်ရှင်ဇာတ်ကား ပိုစတာကို ယနေ့ တွေ့ရစဉ် (ဓာတ်ပုံ - သော်ဟိန်းထက် / ဧရာဝတီ)

          2.5k
          VIEWS
          Share on FacebookShare on Twitter

          ကျမတို့ အလယ်တန်းကျောင်းသူဘဝက အတန်းထဲမှာ ဟာကျူလီ (Hercules) လို့ နာမည်ပြောင် အပေးခံရတဲ့ ကျောင်းသား တယောက် ရှိခဲ့ဖူးပါတယ်။ အင်မတန် ခွန်အားပြည့်ဝသူ ဟာကျူလီ နာမည်ကို ရတဲ့ ကျောင်းသားကတော့ ပိန်သွယ်ပါးလျလို့။ ဒါကြောင့်ပဲ ခင်မင် သူတွေက အပျော်သဘော နောက်ပြောင် နာမည်ပေးရာက တော်တော်ကြာအောင် တွင်ခဲ့တာကို မှတ်မိပါတယ်။

          ဟာကျူလီအပြင် အာနိုး၊ ရမ်ဘို စသည်ဖြင့် နာမည်တွေလည်း ဆန့်ကျင်ဘက် အသွင်ရှိသူတွေကိုမှ ကျောင်းသားအချင်းချင်း မှည့်တတ် ကြပါသေးရဲ့။ သူရဲကောင်းတွေကို စွဲလမ်းကြတဲ့ ငယ်ဘ၀ ဆိုတော့လည်း နာမည်ပြောင်ပေးတဲ့အခါ အပေးခံရသူက ကျေကျေနပ်နပ် လက်ခံကြတာပါပဲ။ ကျမကိုယ်တိုင်တောင် ဟာကျူလီလို့ ခေါ်တဲ့အထဲ ပါခဲ့သေးသလားလို့ … Hercules ရုပ်ရှင် ကြည့်မိတဲ့နောက် စဉ်းစားမိပါတယ်။

          RelatedPosts

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          17 September 2023
          1.3k
          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          16 September 2023
          308
          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          13 September 2023
          1.3k

          ဟာကျူလီ။ ဂရီဒဏ္ဍာရီထဲက နတ်ဘုရား ဇူးစ်ရဲ့ သားတော်။ နတ်ဘုရား ဇူးစ်နဲ့ လူသားမိခင်က ပေါက်ဖွားလာသူ၊ ခွန်အားအစွမ်း ထက်မြက်သူ စတဲ့ ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်သူ ဟာကျူလီရဲ့ ပိတ်ကားထက် သက်ဝင်လှုပ်ရှားတဲ့ပုံရိပ်တွေကို ၂၀၁၄ ခုနှစ် မိုးရာသီရက်တွေထဲ ကျမတို့ မြင်ခွင့်ရကြပါတယ်။

          Hercules ရုပ်ရှင်ကြည့်မိတာကတော့ Lucy ရုပ်ရှင်ဇာတ်ကား ကြည့်ပြီးတဲ့နောက် မရှေးမနှောင်းပါပဲ။ ပြောရရင်တော့ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာပဲ တပြိုင်တည်း ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေပါ။ ခေတ်ကာလအပိုင်းအခြား နောက်ခံပုံရိပ် ကွာခြားပေမယ့် ထူးကဲအစွမ်း ရှိသူ ဇာတ်ရုပ်ချင်းတူတဲ့ ဇာတ်ကားနှစ်ကားဟာ Box Office မှာတော့ Lucy က ပထမ Hercules က ဒုတိယနေရာက လိုက်ပါတယ်။ စတင် ပြသတဲ့ရက် သတ္တပတ်မှာ Lucy က ဒေါ်လာ ၄၄ သန်း၊ Hercules က ဒေါ်လာ ၂၉ သန်းရရှိခဲ့တာပါ။ ၂၀၁၄ ခုနှစ်ထဲမှာ ဟာကျူလီအကြောင်း ရိုက်ကူးတဲ့ ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကား နှစ်ကား ထွက်ရှိတာဖြစ်ပြီး The Legend of Hercules က ဇန်နဝါရီလက စတင်ပြသ ခဲ့တာဖြစ်ပါတယ်။

          Hercules ရုပ်ရှင်ဇာတ်ကားကို The Family Man၊ X-Men: The Last Stand၊ Rush Hour ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခဲ့တဲ့ အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူ ဒါရိုက်တာ Brett Ratner က ရိုက်ကူးခဲ့တာပါ။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Hercules အဖြစ် သရုပ်ဆောင်ခဲ့တာကတော့ Tooth Fairy၊ Fast & Furious 6 စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Dwayne Johnson ဖြစ်ပါတယ်။ ထူးခြားတာကတော့ သူဟာ ကိုယ်တိုင်က နပန်းသမားဖြစ်နေတာပါပဲ။ အားကစားသမား ပီပီ ခန္ဓာဖွဲ့စည်းပုံ တခြားသူတွေထက် သန်မာကျစ်လျစ်တာကလည်း သူ့ကို ဟာကျူလီ ဇာတ်ရုပ်နဲ့ လိုက်လျောညီထွေ ရှိစေခဲ့ပါတယ်။ Dwayne Johnson နဲ့အတူ Ian McShane၊ Joseph Fiennes၊ Rebecca Ferguson စတဲ့ သရုပ်ဆောင်တွေ ပါဝင်ခဲ့ပါတယ်။

          ဟာကျူလီ မွေးဖွားစဉ်အချိန်အခါ မြင်ကွင်းကနေ ရုပ်ရှင်ကို စဖွင့်ပါတယ်။ ဇူးစ်ရဲ့ သားတော်၊ လူသားမိခင်က မွေးဖွားလာသူ။ ငယ်ရွယ် လှသေးတဲ့အချိန်မှာပဲ သူ့ကို သတ်ရအောင် ရောက်လာတဲ့ မြွေစိမ်းနှစ်ကောင်ကို လွယ်လင့်တကူ သတ်ဖြတ်လိုက်တဲ့ကောင်လေး။ သူ ကြီးပြင်းလာတော့ ခွန်အား၊ ထူးကဲအစွမ်းတို့နဲ့ ပြည့်စုံသူဖြစ်လာပါတယ်။ အဲဒီအစွမ်းတွေနဲ့ပဲ ဒဏ္ဍာရီထဲမှာ ထင်ရှားကြော်ကြားတဲ့ စွမ်းဆောင်မှု ၁၂ မျိုးကို ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့တဲ့သူ၊ ဖခင် ဇူးစ်ရဲ့ ဇနီး Hera ရဲ့ ရန်ငြိုးဖွဲ့မှု၊ မနာလိုမုန်းထားမှုကိုလည်း ရင်ဆိုင်ခဲ့ရသူ …။ အများတကာ အမြင်မှာ သူရဲကောင်းဖြစ်တဲ့ ဟာကျူလီဟာ အတိတ်က ဇနီး၊ သားသမီးတို့ရဲ့ မရှုမလှသေဆုံးမှုက အရိပ်တစ္ဆေလို ခြောက်လှန့်တာကိုလည်း ခံစားနေရသူဖြစ်ပါတယ်။

          Hercules ရုပ်ရှင်ဇာတ်ကားမှာ ဟာကျူလီရဲ့ တကိုယ်တော် တိုက်ခိုက်မှု စွမ်းရည်ကိုသာမက သူ့ရဲ့ ရဲဘော်ရဲဘက်လို အားထားရသူ ငါးဦးရဲ့ အစွမ်းတွေကိုလည်း တွေ့မြင်ကြရပါတယ်။ လှံရေးကျွမ်းကျင်သူ၊ အနာဂတ်ဟောသူ Amphiaraus၊ ဓားပစ်ကျွမ်းကျင်သူ  Autorycus၊ တိုက်ရည်ခိုက်ရည်ကျွမ်းကျင်သူ Tydeus၊ လေးအတတ်ကျွမ်းကျင်သူ Atalanta၊ ဟာကျူလီရဲ့ တူတော်မောင် ဇာတ်လမ်းပုံပြင်ပြောသူ Lolaus တို့ဖြစ်ပါတယ်။ ပင်လယ်ဓားပြတွေ ဖမ်းဆီးခြင်းခံရတဲ့ Lolaus ကို ကယ်ဆယ်တဲ့ ဇာတ်ဝင်ခန်းမှာ သူတို့ရဲ့ စုစည်းတိုက်ခိုက်ပုံကို စပြီး တွေ့မြင်ကြရတာပါ။

          ဟာကျူလီအပါအဝင် ရဲဘော်ရဲဘက် ငါးဦး Thrace ကို ရောက်ရှိသွားရာကစပြီး ဇာတ်ရှိန်တဖြည်းဖြည်း မြင့်တက်လာပါတော့တယ်။ Thrace ရဲ့ ဘုရင် Cotys က သူ့စစ်သားတွေကို ဟာကျူလီက လေ့ကျင့် သင်ကြားပေးချင်ရာက အစပြုပါတယ်။ ဘုရင့်သမီးတော် Ergenia က သူ့ခမည်းတော်ကိုယ်စား ဟာကျူလီကို လာတွေ့ပြီး ဆွေးနွေးတာပါ။ ပထမတော့ လက်မခံသေးဘဲရှိရာ ခန္ဓာအလေးချိန်နဲ့ ညီမျှတဲ့ ရွှေကို ပေးမယ်ဆိုတာကြောင့် လက်ခံပြီး သူ့ရဲဘက်တွေနဲ့အတူ Thrace ကို လိုက်လာခဲ့ပါတယ်။

          Thrace က စစ်သည်တွေကတော့ စစ်ဘုရင် Rheseus ရဲ့ ရန်ပြုမှုကနေ နိုင်ငံကို ကာကွယ်နိုင်ဖို့ အစွမ်းမပြည့်ကြသေးပါဘူး။ တချက် တွန်းတိုက်ရင်တောင် အလဲလဲအပြိုပြို။ အဲဒီစစ်သည်တွေကို လေ့ကျင့်ပေးပြီးနောက်မှာတော့ Thrace ဒေသတွင်းက လူရိုင်းတွေကို တိုက်ခိုက် ကြရပါတယ်။ စစ်သည်တွေရဲ့ အစွမ်းကို စမ်းသပ်တဲ့ပွဲပါ။ တိုက်ပွဲမစခင် မြင်ကွင်းကတော့ မြေပြင်မှာ အနိဋ္ဌာရုံ။ အမျိုးသမီးတွေ၊ ကလေးတွေ သွေးသံရဲရဲ သေဆုံးနေကြတဲ့ ရင်နင့်စရာ မြင်ကွင်း။ ဒီမြင်ကွင်းတွေက ဝေဖန်သံ ထွက်ပေါ်စေခဲ့တာလည်းဖြစ်ပါတယ်။

          ဒုတိယမြောက် တိုက်ပွဲကတော့ မူလက ရည်ရွယ်ထားခဲ့တဲ့တိုက်ပွဲပါ။ စစ်ဘုရင် Rheseus ရဲ့ တပ်နဲ့ Thrace စစ်သည်တွေ၊ ဟာကျူလီနဲ့ ရဲဘော်ရဲဘက်တွေရဲ့ အားပြိုင်ပွဲ။ နောက်ဆုံးမှာတော့ Thrace တပ်တွေဘက်က အနိုင်ရပြီး Rheseus ကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီ။ ဘုရင် Cotys ရဲ့ အာဏာစက်က ကျယ်ပြန့်လာပါပြီ။ Ergenia ကတော့ ဘုရင်ရဲ့ အာဏာစက် ကျယ်ပြန့်ဖို့ ဦးတည်လာတဲ့ နည်းလမ်းကို မကြိုက်ပါ ဘူး။ မိခင်တယောက်ပီပီ သားငယ်လေး Arius ကို ကာကွယ်လိုစိတ်၊ အနာဂတ်ကို စိတ်စောမှုကလည်း သူ့မှာ တွယ်ကပ်နေပါတယ်။

          ရည်ရွယ်ချက်ပြီးမြောက်ပြီ ဆိုတော့လည်း ဟာကျူလီနဲ့ ရဲဘော်ရဲဘက်တွေ ပြန်ဖို့ ပြင်ကြပါပြီ။ ဒါပေမယ့်လည်း ဟာကျူလီက ဘုရင် Cotys ကို တားဆီးဖို့ ပြန်လှည့်ပါရော။ Autorycus ကလွဲပြီး ကျန်တဲ့သူတွေကတော့ သူ့နောက် လိုက်ပါဖို့ ဆုံးဖြတ်ကြပါတယ်။ Thrace နန်းတော်ကို ပြန်အရောက်မှာတော့ ဘုရင် Cotys က သူတို့တွေကို ဖမ်းဆီးချုပ်နှောင်လိုက်ပါပြီ။ သမီးတော် Ergenia နဲ့ သူ့ရဲ့ သားငယ်လေး Arius လည်း အထိန်းသိမ်းခံလိုက်ရပါတယ်။ ဘုရင် Cotys  နဲ့အတူ ဟာကျူလီ ရင်ဆိုင်တွေ့ရတာကတော့ အတိတ်က မိတ်ဆွေလို့ ယုံကြည်ထင်မှတ်ခဲ့သူ ဘုရင် Eurystheus ပါ။ Eurystheus ဟာ ဟာကျူလီကို မူးယစ်အသိလွတ်စေအောင် ပြုပြီး သူ့ရဲ့ ဇနီး၊ သားသမီးတို့ကို ဝံပုလွေဆိုး သုံး ကောင် စေလွှတ်ပြီး သတ်ဖြတ်စေခဲ့သူလည်း ဖြစ်ပါတယ်။

          အဲဒီနောက်ပိုင်းတော့ ရုပ်ရှင်ရဲ့ ဇာတ်ရှိန်အမြင့်ဆုံး ဇာတ်ဝင်ခန်းတွေ စပါတော့တယ်။ အတုပ်နှောင်ခံထားရတဲ့ ဟာကျူလီကို Amphiaraus က စိတ်အင်အား မြင့်တင်ပေးတာ၊ Ergenia ကို သတ်တော့မယ့်ဆဲဆဲ အနေအထားကနေ ကယ်တင်နိုင်တာ၊ အချုပ်နှောင်ခံထားရသူတွေကို လွတ်မြောက်အောင် လုပ်ပေးပြီး သူကိုယ်တိုင်ကတော့ ဝံပုလွေသုံးကောင်နဲ့ တိုက်ခိုက်ရတာ စတဲ့ ဇာတ်ဝင်ခန်းတွေဟာ ကြည့်ရှုသူရဲ့စိတ်ကို အပါ ဆွဲခေါ်နိုင်ပါတယ်။ နန်းတော်ဆောင် အပြင်ဘက်မှာတော့ ဟာကျူလီနဲ့ Cotys တို့ ရင်ဆိုင်တွေ့ပါပြီ။ ဟာကျူလီတို့ကိုယ်တိုင် လေ့ကျင့် ပေးခဲ့တဲ့တပ်ကလည်း သူတို့ကို တိုက်ခိုက်ဖို့ အသင့်။ ဓားစာခံကတော့ ကလေးငယ်လေး Arius ပါ။ Arius ကို ဓားစာခံအဖြစ်က လွတ်မြောက်စေသူကတော့ ဟာကျူလီနဲ့ လမ်းခွဲရာက ပြန်ရောက်လာတဲ့ Autorycus ပါပဲ။ တိုက်ပွဲ အစပြုပါပြီ။ Tydeus ကတော့ Arius ကို ကာကွယ်ရင်း သေဆုံးခဲ့ပါတယ်။ နောက်ဆုံး ပွဲသိမ်းအနေနဲ့ ဟာကျူလီရဲ့ အံ့မခန်းအစွမ်းကတော့ ကြီးမားလှတဲ့ Hera ရုပ်တုကို ဖြိုလဲပြီး တိုက်ခိုက်လိုက်တာပါ။ ဘုရင် Cotys ကျဆုံးတဲ့နောက်တော့ စစ်သည်တွေက အညံ့ခံပြီ။ ဟာကျူလီ၊ ဟာကျူလီ ဟစ်ကြွေးသံတွေ ညံခဲ့ပါပြီ။ ဘုရင့်အာဏာကို Arius ရဲ့ လက်ထဲ လွှဲအပ်နိုင်ခဲ့ပါပြီ။

          ဟာကျူလီ ဇာတ်ရုပ်ကိုပဲ ဇာတ်လမ်းဖွဲ့စည်းပုံအမျိုးနဲ့ ၁၉၃၃ ခုနှစ်ကနေ ဒီနေ့အထိ ၁၄ ကြိမ်လောက် ရိုက်ကူးခဲ့ပြီးပါပြီ။ အီတလီ ရုပ်ရှင်တွေ မပါသေးတဲ့ အရေအတွက်ပါ။ ၂၀၁၄ ခုနှစ် Hercules ရုပ်ရှင်ဇာတ်ကားသစ်ဟာ ဝင်ငွေအရ ဒုတိယနေရာမှာ ရပ်တည်တဲ့ ရုပ်ရှင်ပေမယ့်လည်း ထုံးစံအတိုင်း ဝေဖန်မှုတွေကိုတော့ ကြုံရတာပါပဲ။ ရက်စက်တဲ့ သတ်ဖြတ်မှုတွေ၊ အနိဋ္ဌာရုံမြင်ကွင်းတွေကြောင့် ဝေဖန်ခံရတာ၊ စကားပြောရာ မှာ ဒီနေ့ခေတ်သုံး စကားလုံးတချို့ ထည့်သုံးတာကို အဝေဖန်ခံရတာ၊ သရုပ်ဆောင် Dwayne Johnson ကို တချို့ဇာတ်ဝင်ခန်းတွေမှာ လိုအပ်မှု ရှိပါတယ်ဆိုပြီး ဝေဖန်ခံရတာတွေကလွဲရင် စွန့်စားခန်းရုပ်ရှင်တွေကို နှစ်သက်သူတွေကတော့ အားပေးကြတာပါပဲ။

          ကျမတို့ လူ့လောက ကမ္ဘာမှာ ကျမတို့ကိုယ်တိုင် မဖြေရှင်းနိုင်တော့ဘဲ လက်လျှော့ငေးကြည့်ကြရတဲ့ မတရားမှုတွေ ဘယ်လောက် များနေ ပါပြီလဲ။ မကောင်းမှု အကုသိုလ် ကျူးလွန်ခဲ့ဖူးသူတွေကပဲ နေရာရအောင်မြင်နေတာကို မတတ်နိုင်ဘဲ ကြည့်နေကြရတဲ့အဖြစ် ဘယ်လောက် များနေပါပြီလဲ။ အစွမ်းထက် လူစွမ်းကောင်းတွေပါဝင်တဲ့ ရုပ်ရှင်တွေက ရုပ်ရှင်သမိုင်း အစဉ်အဆက် အောင်မြင်မှု ရနေတတ်တာဟာ ဒီလို မေးခွန်းမျိုးတွေရဲ့ အဖြေပါပဲလို့ ဆိုချင်ပါတယ်။     ။

          Your Thoughts …
          Tags: EntertainEntertainmentMovie
          သုရီလင်း

          သုရီလင်း

          Contributor

          Similar Picks:

          မိုးယံဇွန်

          Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

          by ဧပရယ်ဆု
          19 April 2016
          47.3k

          "ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

          ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

          ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

          by နဒီထိုက်
          15 July 2013
          14.9k

          သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

          ဗုဒ္ဓ (သို့မဟုတ်) လောကကို အလင်းဆောင်သူ

          ဗုဒ္ဓ (သို့မဟုတ်) လောကကို အလင်းဆောင်သူ

          by ကိုမျိုး (IR)
          9 August 2014
          10.8k

          ဗုဒ္ဓ အကြောင်းကိုသာ ဇောင်းပေး ရိုက်သွားတာမျိုး မဟုတ်ဘဲ လူသားတွေဆီမှာ ဖုံးလွှမ်းနေတဲ့ အတ္တ၊ မာန၊ လောဘ၊ ဒေါသ၊ မောဟ၊ မစ္ဆရိယစိတ် စတဲ့ ကိလေသာ စိတ်အညစ်အကြေးတွေကို သတိသံဝေဂ ရနိုင်အောင် ဖန်တီးပြထားတဲ့

          တုမ်ယမ်ချဉ်စပ်, ဟင်းချက်နည်း

          တုမ်ယမ် ဟင်းရည် ချက်ကြည့်ရအောင်

          by ဝင်းနိုင်သိန်း
          12 July 2014
          31.7k

          တုမ်ယမ် ဟင်းရည်ဟာ ကမ္ဘာတလွှား နာမည် ကျော်ကြား လာတာနဲ့ အမျှ ဆန်းသစ် တီထွင်သူတွေ အပေါ် မူတည်ပြီး အရသာ၊ အနံ့ အမျိုးမျိုး ပြောင်းလဲ သွားပါတယ် ...။ အခြေခံဖြစ်တဲ့ တုမ်ယမ် အနှစ်၊...

          ထိုင်း သရဲကား, မြဝတီ ရုပ်သံ , MWD Documentary

          ပေါ်ပြူလာ ဖြစ်လာသော ထိုင်းသရဲကားများ

          by သူဇာ
          21 April 2015
          12.2k

          ပရိသတ် စိတ်ဝင်စားရန် ရိုက်ကူး ပုံဖော်ထားသည့် ထိုင်း ရုပ်ရှင်၏ ဇာတ်လမ်း ဇာတ်ကွက်များက ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲများကို ငြီးငွေ့နေသည့် မြန်မာ ပရိသတ်များ အတွက် စိတ်အပန်းဖြေစရာ အပတ်စဉ် စောင့်ကြည့်ရသည့် ဇာတ်လမ်းတွဲတခု ဖြစ်လာနေသည်။

          ခိုးဆိုးလုနှိုက်

          ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြီ

          by ယုမွန်ကျော်
          18 July 2016
          11.9k

          ခိုးဆိုးလုနှိုက် တင်မကဘဲ ဥာဏ်များပြီး လိမ်လည်တတ်တဲ့ သူတို့အဖွဲ့က သေမထူးနေမထူး ဆိုးကြတဲ့သူတွေပဲ ဖြစ်ပါတယ်။ အောင်ဝမ်းက ပိုက်ဆံရှိတဲ့ သူဌေးသမီး နှင်းဆီနီနဲ့ ချစ်ကြိုက်တဲ့အခါ မိဘက သဘောမတူဘဲ သူတို့နှစ်ယောက်ရဲ့ ဘ၀ ကွာခြားမှုတွေနဲ့ ဇာတ်လမ်းကို ဘယ်လိုပညာပေးပြီး

          Next Post
          အီဘိုလာ ဗိုင်းရပ်စ်, အာဖရိက , သဘောၤသား , မြန်မာ , ဝေဘာဂီ ဆေးရုံ

          အီဘိုလာ ဗိုင်းရပ်စ် သံသယ ရှိသူတွင် ငှက်ဖျား ရောဂါပိုးတွေ့ဟု အစိုးရထုတ်ပြန်

          အဂတိ လိုက်စားမှု, သမ္မတ ဦးသိန်းစိန်

          အဂတိလိုက်စားမှု ရှိနေဆဲဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန် ဝန်ခံ

          No Result
          View All Result

          Recommended

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          2 days ago
          11.8k
          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          1 week ago
          24.2k

          Most Read

          • မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

            မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

            shares
            Share 0 Tweet 0
          • နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

            shares
            Share 0 Tweet 0
          • CIA အရာရှိ စာအုပ်နောက်ကွယ်မှ မြန်မာစစ်တပ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး

            shares
            Share 0 Tweet 0
          • ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

            shares
            Share 0 Tweet 0
          • မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved