Miss Supranational 2013 ဆုရှင် ခင်ဝင့်ဝါက သြဂုတ် ၁၄ ရက်နေ့မှာ သူ့ရဲ့ Organization နဲ့ တနှစ်တာ စာချုပ် သက်တမ်း ပြည့်သွားပြီ ဖြစ်တဲ့အတွက် အဖွဲ့အစည်းနဲ့ သူ့ရဲ့ကြားက ကိစ္စရပ်တွေအတွက် သူ့ဘက်က ခံစားချက်တွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေကို သြဂုတ် ၁၅ ရက်နေ့မှာ ပြောပြခဲ့ပါတယ်။ သရဖူလွှဲပြောင်းခွင့် ပိတ်ပင်ခံရတဲ့ကိစ္စ အပါအဝင် လူတွေမသိခဲ့ရတဲ့ သူရဲ့ ခံစားချက်တွေအကြောင်း ဧရာဝတီက ခင်ဝင့်ဝါကို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
မေး။ ။ ခင်ဝင့်ဝါနဲ့ အေဂျင်စီက ဘယ်အချိန်မှာ မပြေလည်မှုတွေ စဖြစ်တာလဲ။
ဖြေ။ ။ ကျမ ပြန်ရောက်ပြီး ၆ လအကြာမှာ မပြေလည်မှုတွေ စဖြစ်တယ်။ ဂျာနယ်တွေထဲမှာလည်း သူတို့က ဟြေကြတယ်။ တကယ်တမ်းကျတော့ ၆ လ အကြာမှာ ကျမ ကြားတာက နိုင်ငံခြားက Miss တွေကို Crown ဆောင်းခိုင်းမယ်လို့ ကြားတာပေါ့နော်။ ကျမ ထင်တာက တကယ်တမ်း မလုပ်လောက်ဘူးပေါ့။ သွားမပြိုင်ခင်ကတည်းက နောင်နှစ် ပွဲလုပ်ရင် ကျမ တို့ကို ဆောင်းခိုင်းမယ် ဟြေထားပြီးတော့ ၆ လအကြာမှာ ဒီလိုကြားရတော့ မဟုတ်လောက် ဘူးပေါ့။ ကောလာဟလပဲ နေမှာလို့ပဲ ထင်တာ။ တကယ်တမ်းကျတော့ ၁ နှစ်ပြည့်ခါနီး ၁ လ အလိုမှာ Miss တယောက်ရဲ့ တာဝန် မကျေပါဘူး၊ အနုပညာ အလုပ်တွေကိုလည်း သူတို့လက်အောက်က မသွားပါဘူးဆိုပြီး ဟြေတာပေါ့။
မေး။ ။ ခင်ဝင့်ဝါကရော သူတို့ဟြေသလို တာဝန်တွေ စည်းကမ်းတွေ ပျက်ကွက်ခဲ့လား။
ဖြေ။ ။ တကယ်တမ်း အနုပညာ အလုပ်တွေကို ကျမက သူတို့နဲ့ နားလည်မှု ယူတယ်ပေါ့။ သူတို့ဆီလာတဲ့ အလုပ်တွေက အဆင်မပြေဘူး ပေါ့နော်။ နားလည်မှုလွဲပြီး မလုပ်ဖြစ်တာတွေ များတော့ နောက်ပိုင်း ကျမ ဆီကို တိုက်ရိုက် ဆက်သွယ် လာတယ်။ ကျမက ကျမဆီလာရင် ဖုန်းပြန်ဆက်ပေးမယ်ဆိုပြီး သူတို့ရဲ့ G.M တွေရော၊ National Director နှစ်ယောက်နဲ့ရော နားလည်မှုယူထားပါတယ်။
မေး။ ။ Organization က လူတွေနဲ့ရော ခင်ဝင့်ဝါ ပရဟိတတွေ ဘယ်နှခါတွဲလုပ်ဖူးလဲ။
ဖြေ။ ။ မသွားခင်က ရလာတဲ့အထဲက ၁၅ ရာခိုင်နှုန်းက ကျမတို့နာမည်၊ Organization နာမည်နဲ့ ပရဟိတတွေ ပူးပေါင်းပြီး လုပ်ကြမယ်ပေါ့နော်။ နောက် ကျန်တဲ့ ၁၅ ရာခိုင်နှုန်းသည် နောက်လုပ်မယ့်ပွဲအတွက် Budget အနေနဲ့ စုထားမယ်ဆိုပြီး အဲဒီလိုမျိုးတော့ ပါးစပ် ကတိတော့ပေးတယ်။ ကျမ တို့က အဲဒါကိုလည်း ယုံကြည်တယ်။ တကယ်တမ်း လုပ်မယ်လို့လည်း ထင်ထားတယ်။ တကယ်တမ်းကျတော့ ပရဟိတလည်း မလုပ်ဘူးပေါ့နော်။ နောက်ပိုင်း ပရဟိတ မလုပ်တဲ့အခါ ရေကြည်မှာ လုပ်တာက ကိုကြယ်စင်တို့အဖွဲ့၊ ရွှေရောင်အနာဂတ် လူငယ်များအသင်းက ကျမ တို့ကို ကမ်းလှမ်းတယ်။ အကြော်ရောင်းမယ်ဆိုပြီး ကမ်းလှမ်းတော့ ကျမတို့ ပရဟိတ သွားလုပ်တော့ Organization က လိုက်ခဲ့တယ်။ နောက်တခုက သူတို့ရဲ့ဇာတိ မင်းဘူးမြို့မှာ ရွှေရတုတရားပွဲကြီး လုပ်မယ်ဟြေတဲ့အခါမှာ ကျမတို့ နှစ်ယောက်ကို ဖိတ်တယ်။ ထားထက်ထက် ကတော့ ကျန်းမာရေး အခြေအနေကြောင့် မလိုက်ဖြစ်ဘူး။ ကျမ ကတော့ လိုက်သွားပြီး လုပ်အားပေးခဲ့တယ်။ တကယ်တမ်း သူတို့နဲ့ ပရဟိတ လုပ်ခဲ့တာ ဒီတခုတည်းပဲ ရှိတယ်။ ကျမ တို့က ပရဟိတ လုပ်ဖို့ ကိုယ့်ဘာသာကိုယ် ကြိုးစားတယ်။ ကျမလည်း အားရင် အားသလို ဦးကျော်သူနဲ့ တွဲပြီး ပရဟိတ လုပ်တယ်။
မေး။ ။ ကိုယ်တိုင်ကရော သူတို့ပြောသလို စည်းကမ်းချက်တွေ ချိုးဖောက်ခဲ့တယ်လို့ ထင်လား။
ဖြေ။ ။ ကျမ ကတော့ ကိုယ်တိုင် စည်းကမ်းချက်တွေ ချိုးဖောက်ခဲ့လား၊ မချိုးဖောက်ခဲ့ဘူးလား သိပါတယ်။ သူတို့လည်း သူတို့ကိုယ်တိုင် သိပါတယ်။ ကျမ ကိုယ်စောင့်နတ်လည်း သိသလို၊ ဘုရားလည်း သိပါတယ်။
မေး။ ။ Facebook ပေါ်မှာ ခင်ဝင့်ဝါ သင်္ကြန်တွင်း တရားစခန်းဝင်မယ်လို့ ဆိုပြီး ဇာတ်ကားရိုက်ခဲ့တယ်လို့ ရေးတာကရော။
ဖြေ။ ။ အဲဒါ ကျမ ရေးတာမဟုတ်ပါဘူး။ သူတို့က ကျမ နာမည်နဲ့ Fan page တခု ဖွင့်ထားတယ်။ ကျမ ကိုလည်း Admin တယောက်အနေနဲ့ ခန့်ထားတယ်။ ဒါပေမယ့် တကယ်တမ်း ဒီစာရေးတာက သူတို့ အရင်ရေးတာပေါ့နော်။ သူတို့က ဘာအကြောင်း ကိစ္စပဲဖြစ်ဖြစ် သူတို့ရဲ့ G.M နဲ့ ဆက်သွယ်ပါလို့ ဟြေတယ်။ အဲဒီ အစ်မနဲ့ ဆက်သွယ်တော့ အဲဒီ အစ်မက မင်းဘူး ရောက်နေတယ်လို့ ဟြေတယ်။ ကျမ ကတော့ သူတို့ကို ဟြေပေးထားပါလို့ ဟြေခဲ့တယ်။ ဟြေခြင်း၊ မဟြေခြင်း ကတော့ သူ့အပေါ်မူတည်ပါတယ်။ ပထမတော့ သူတို့ကမေးတယ်၊ သင်္ကြန်တွင်း ဘာလုပ်မှာလဲပေါ့။ သင်္ကြန်တွင်းမှာ ကျမ ရိပ်သာဝင်ဖို့ရှိတယ်၊ တရားစခန်း ဝင်မယ်ပေါ့။ နှစ်တိုင်းလည်း ဝင်နေကျဆိုတော့ ဒီနှစ်လည်း ဝင်မယ်ပေါ့။ သင်္ကြန်ကတော့ မကစားဘူးလို့ ကျမ ဟြေလိုက်တယ်။ တကယ်တမ်းကျတော့ မပုံံ့တို့၊ မခင်စန္ဒာမြင့်တို့၊ ကိုစိုင်း (စိုင်းစိုင်းခမ်းလှိုင်) တို့ကလည်း အကူအညီတောင်းတယ်။ ဒီ ကာရိုက်တာနဲ့ ကျမနဲ့ အရမ်းလိုက်တယ်၊ ကားကြီးလည်း ဖြစ်တော့ ကျမကို ရိုက်ပေးပါလို့ အကူအညီတောင်းတော့ ရိုက်ပေးလိုက်တယ်။ ကျမ ရိုက်ပေးဖို့ သူတို့ကို အကြောင်းကြားတဲ့အခါမှာ သူတို့က Status တင်ပြီးသွားပြီ။ အဲဒါတော့ ကျမလည်း စိတ်မကောင်းဘူး။ တကယ်တမ်းကိုယ်က ဟြေတဲ့အချိန်မှာ အရမ်း နောက်ကျ သွားတယ်ပေါ့နော်။ ကျမလည်း ရိုက်ရမယ်လို့ သိသိချင်းပဲ ဟြေတဲ့အခါမှာ သူတို့ Status တင်ပြီးသွားပြီပေါ့။ အဲဒီလိုမျိုး ဖြစ်သွားတာပါ။
မေး။ ။ Organization နဲ့ လက်တွဲစဉ် ကာလမှာရော ခင်ဝင့်ဝါနဲ့ ကတောက်ကဆ ဖြစ်ခဲ့တာမျိုး ရှိသေးလား။
ဖြေ။ ။ အဲဒီလိုမျိုးကတော့ ရှိခဲ့တယ်ပေါ့နော်။ ဒါပေမယ့် အရမ်းကြီးကြီးမားမားတော့ မဟုတ်ဘူးပေါ့။ နားလည်မှု လွဲတာတွေကိုလည်း ကျမတို့ဟြေပြတယ်။ ဒီလိုဒီလိုလေးတွေ ရှိတယ်၊ အလုပ်ကိစ္စက စစချင်း ဘယ်သူကမှ နားလည်တာ မဟုတ်ဘူးလေ။ တဖြည်းဖြည်းနဲ့မှ ဒီလို လုပ်ရတာပါလားလို့ သိလာတာပေါ့နော်။ တချို့ကိစ္စတွေမှာ ကျမကို နားလည် မပေးတာတွေလည်း ရှိတယ်။ ကျမကို နားလည် မပေးခဲ့တာတွေလည်း ရှိတော့ ကတောက်ကဆတော့ အနည်းငယ် ရှိခဲ့တယ်ပေါ့။
မေး။ ။ ခင်ဝင့်ဝါတို့ကို စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး ဖောက်ဖျက်တယ်လို့ဟြေတာက ဘာအချက်တွေလဲ။
ဖြေ။ ။ စာချုပ်ထဲမှာတော့ အကျင့်စာရိတ္တ ကောင်းမွန်ရမယ်တို့၊ Miss တယောက် တာဝန်ကျေပွန်ရမယ်တို့ပေါ့။ National Director ရဲ့ခွင့်ပြုချက်မရဘဲ ကျန်တဲ့အလုပ်တွေ မလုပ်ရဘူး။ ကျန်တဲ့အချက်တွေကို အရင်ကညှိတော့ အဆင်ပြေသွားတယ်။ အခုချိန်မှာတော့ အဲဒီအချက်တွေ ငြိပါတယ်လို့ ဟြေတယ်။ နောက်ပြီး မီဒီယာမှာ အင်တာဗျူး ဖြေတာတွေကလည်း စည်းကမ်းချက်နဲ့ ငြိတယ်ပေါ့နော်။ ကျမက သူတို့ ဆန်ခါတင် ရွေးချယ်ပွဲ မတက်နိုင်တာကိုလည်း အရင်ကတော့ ရတယ်ပေါ့။ နောက်ကျတော့မှ အဲဒါကလည်း ငြိတယ်ဆိုပြီး ဟြေတယ်။ ကျမ ပွဲမတက်နိုင်တာက သူတို့က မနက်ဖြန် လုပ်မှာကို ဒီနေ့ကျမှ ဟြေတယ်။ ကျမက ခရီးထွက်နေတာလေ၊ ချက်ချင်း ဘယ်လို ပြန်လာလို့ရမှာလဲ။ ကျမ အနေနဲ့လည်း တောင်းပန်တယ်။ မနက်ဖြန်ပွဲကို ညဘက်မှ ဟြေတဲ့အခါမှာ ကြိုမဟြေတဲ့ အတွက် အဆင်မပြေလို့ ပွဲမတက်ဖြစ်ခဲ့ဘူး၊ သူတို့စာချုပ်ကို ဖောက်ဖျက်ရင် သိန်းကိုးရာ လျော်ရမယ်လို့ ဟြေတယ်။
မေး။ ။ ခင်ဝင့်ဝါနဲ့ ထားထက်ထက်တို့ အကြီးမားဆုံး စည်းကမ်း ဖောက်ဖျက်တာက ဘယ်လိုအချက်လို့ ဟြေလဲ။
ဖြေ။ ။ စာချုပ်ပါ အချက် ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂ လို့ဟြေပါတယ်။ စာချုပ်ကို ဓာတ်ပုံရိုက်သွားလို့ရပါတယ်။ စာချုပ်က ပြည့်သွားပြီဆိုတော့ ရပါတယ်။ အကြီးမားဆုံး အချက်က ဘာလို့တော့ မဟြေပါဘူး။
(ဓာတ်ပုံရိုက်ယူခဲ့တဲ့ စာချုပ်အရ ခင်ဝင့်ဝါ ဖောက်ဖျက်ခဲ့တယ်လို့ Organization က ယူဆတဲ့ အချက်တွေကတော့ Miss Supranational ဟာ စာချုပ်သက်တမ်းအတွင်းမှာ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ တင်ဆက်မှုတွေ အစီအစဉ်တွေ အားလုံးကို နေရှင်နယ် ဒါရိုက်တာ (Organizer) က တဦးတည်း မူပိုင်ခွင့်ရှိပြီး တာဝန်ပေးအပ်မှုတွေကို ပြီးမြောက်အောင် ဆောင်ရွက်ရန်နဲ့ လိုအပ်တဲ့ ကိစ္စ အဝဝအတွက် သက်ဆိုင်ရာ စာရွက်စာတမ်းတွေကို လက်မှတ်ရေးထိုးပေးဖို့ သိရှိသဘောတူကြောင်း၊ သတင်း မီဒီယာများနဲ့ တွေ့ဆုံမေးမြန်းရာမှာ နေရှင်နယ် ဒါရိုက်တာနဲ့ အော်ဂနိုက်ဇေးရှင်းက ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာမှာ ဖြစ်ကြောင်း၊ ခွင့်ပြုချက်မယူဘဲ ဘယ်လို အကြောင်းပြချက်နဲ့မှ လုပ်ငန်းတာဝန်တွေကို လိုက်နာ ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ရင် သင့်လျော်တဲ့ နောက်ဆက်တွဲ အရေးယူမှုတွေ ခံရမှာ ဖြစ်ကြောင်း၊ နေရှင်နယ် ဒါရိုက်တာရဲ့ ခွင့်ပြုချက် မရရှိဘဲ ပြည်တွင်းပြည်ပ မီဒီယာတွေမှာ ထုတ်လွှင့့်ပြသတာ၊ စကားပြောဆိုတာ၊ တွေ့ဆုံမေးမြန်းတာ ထင်မြင် ယူဆချက်ပေးတာ၊ ပုဂ္ဂိုလ်တဦး ဒါမှမဟုတ် ကုမ္ပဏီတခုက ထုတ်လုပ်တဲ့ တခြား အစီအစဉ် တခုခုအတွက် စာချုပ်ချုပ်ဆိုတာ ပါဝင်ဆောင်ရွက်တာ လုံးဝ မပြုလုပ်ပါကြောင်း၊ နေရှင်နယ် ဒါရိုက်တာ စီစဉ်တဲ့ အခမ်းအနားတွေ၊ အစီအစဉ်တွေ တက်ရောက်ဖို့ ပျက်ကွက်ခဲ့ရင် အရည်အချင်းပြည့်ဝမှု မရှိလို့ သတ်မှတ်မှာ ဖြစ်တဲ့အတွက် ထိုက်သင့်တဲ့ အရေးယူမှု ခံရမှာ ဖြစ်ကြောင်း … စတာတွေပဲဖြစ်ပါတယ်။ အယ်ဒီတာ)
မေး။ ။ ခင်ဝင့်ဝါ ဘက်ကနေပြီး အနုပညာကြေး ရတဲ့အထဲက ၃၀ ရာခိုင်နှုန်းကို အမြဲတမ်းပေးခဲ့လား။
ဖြေ။ ။ ကျမ စာချုပ်ပြည့်တဲ့နေ့အထိ ရသမျှ အနုပညာကြေးထဲက ၃၀ ရာခိုင်နှုန်းကို မပျက်မကွက် အမြဲတမ်း ပေးခဲ့ပါတယ်။ လက်မှတ်လည်း ထိုးပါတယ်။
မေး။ ။ စာချုပ်ပြည့်တဲ့ နောက်ဆုံးနေ့အထိရော သူတို့နဲ့ ခင်ဝင့်ဝါ စကားဟြေဆို အဆက်အသွယ်ရှိခဲ့လား။
ဖြေ။ ။ ဖုန်းမဟြေသလို စကားလည်း မဟြေဖြစ်ပါဘူး။ သူတို့ဘက်က အသိပေးစာပို့တယ်လို့ ဟြေပါတယ်။ အဲဒီ အသိပေးစာလည်း မရောက်လာပါဘူး။ အကြောင်းကြားဖို့ မဟြေနဲ့၊ မက်ဆေ့ချ် တစောင်တောင် မလာပါဘူး။ သူတို့ ဟြေချင်တာကိုလည်း သူတို့ G.M က တဆင့် ဟြေသလို ကျမတို့ ဟြေချင်တာကိုလည်း G.M နဲ့ပဲ တဆင့်ဟြေရပါတယ်။ စာချုပ်ပြည့်တဲ့ ၁၄ ရက်နေ့အထိ သူတို့နဲ့ အဆက်အသွယ် မရှိပါဘူးရှင့်။ စာချုပ် မပြည့်ခင်တရက် ၁၃ ရက်နေ့ကတော့ အဆက်အသွယ် ရတယ်ရှင့်၊ ၁၄ ရက်နေ့ ဘာရှိလဲမေးတယ်။ ကျမက ရှိတဲ့ဟာတွေတော့ ဟြေပြတယ်။ ကျန်တာတော့ ဘာမှ ဆက်မဟြေဖြစ်ပါဘူး။ ကျမ ဘက်ကတော့ စာချုပ်ချုပ်ထားတဲ့ ၁၄.၈.၂၀၁၃ ကနေ ၁၄.၈.၂၀၁၄ အထိ ၁ နှစ်တာ ကာလပဲလို့ ရေးချုပ်ထားတဲ့ အတွက် ကျမ စာချုပ်ပြည့်ပြီလို့ သတ်မှတ်ပါတယ်။ သူတို့ဘက်က စာချုပ်ပါ အချက်အတိုင်းလို့ ဟြေတဲ့အတွက် ကျမ ဘက်ကလည်း စာချုပ်ပါအတိုင်း ပြည့်ပြီလို့ သတ်မှတ်တာပါ။
မေး။ ။ ဒါဆို စာချုပ်ပြည့်တော့ အင်တာဗျူးတွေကို ခင်ဝင့်ဝါ စိတ်တိုင်းကျဖြေလို့ရပြီပေါ့၊ ဟုတ်လား။
ဖြေ။ ။ ဟုတ်ကဲ့၊ အင်တာဗျူးတွေကို ကျမ စိတ်တိုင်းကျ ဖြေလို့ရပါပြီ။ ဒီလို ပြဿနာတွေတက်တော့ ကျမတို့ အင်တာဗျူးတွေ မဖြေခဲ့ဘူး။ စာချုပ်မှာ Organization တခုရဲ့ နာမည်၊ Image ကျစေဖို့ ကိစ္စကိုမဟြေရဘူး၊ မှားမှားမှန်မှန်မဟြေရဘူး ဆိုတဲ့အချက် ပါတယ်လေ။ ဒီကိစ္စကို မီဒီယာမှာချပြရင် စာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး သိန်းကိုးရာလျော်ရမယ်လို့ ဟြေထားလို့ပါ။
မေး။ ။ ခင်ဝင့်ဝါ Crown ဆောင်းပေးချင်တဲ့ စိတ်ရော ရှိသေးလား။
ဖြေ။ ။ ကျမက Crown ကို အရမ်း ဆောင်းပေးချင်လို့လည်း မဟုတ်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့နော်၊ ကိုယ်တကယ် သူများနိုင်ငံမှာ ဘယ်သူမှမပါဘဲ တယောက်တည်း ကြိုးစားလာရတော့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အရာတွေကို ဟြေပြ ချင်တယ်။ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရတယ်ဆိုတာ ကိုယ်ပဲ အသိဆုံးပါ။ နိုင်ငံခြားသားတွေ၊ ကိုယ်မသိတဲ့သူတွေ ကြားထဲမှာ အကောင်းဆုံး ကြိုးစားခဲ့တယ်။ အဲဒီရလဒ်တွေကို နောက်သွားမယ့် Miss တွေကို ဟြေပြချင်တယ်။ Crown ကိုလည်း လွှဲပေးချင်တယ်။ အဲဒါ ကျမ တို့ရဲ့ တကယ့်ခံစားချက်ပါ။ အဲဒီလိုတွေ မလုပ်ရတော့ စိတ်ထဲတော့ မကောင်းဘူး ဖြစ်မိပါတယ်။
မေး။ ။ Organization အပေါ်ရော ခင်ဝင့်ဝါ ဘယ်လိုမြင်လဲ။
ဖြေ။ ။ ကျမ အခုလို နာမည်ရလာတာ ကိုယ့်ကြိုးစားမှု ပါသလို၊ သူတို့ကြိုးစားမှုလည်း ပါပါတယ်။ သူတို့ကြိုးစားမှု မပါဘူးလို့ မဟြေလိုပါဘူး။
မေး။ ။ နောက်ဆို Miss တွေအနေနဲ့ Organization နဲ့ စာချုပ်ချုပ်မယ်ဆိုရင် သတိထားရမယ့် အချက်တွေကရော။
ဖြေ။ ။ သတိထားရမယ့် အချက်က ကိုယ်မလိုက်နာနိုင်တဲ့ စည်းကမ်းချက်တွေဆို ပြင်ခိုင်းတာ အကောင်းဆုံးပါပဲ။ ရင်းနှီးခင်မင် အားနာတာတွေမရှိဘဲ ကိုယ်ဖြစ်ချင်တာကို ရဲရဲဟြေပြီး ဖြေရှင်းတာ အကောင်းဆုံးပါပဲ။ စာချုပ်မချုပ်ခင်မှာ အချက်အလက်တွေကို သေချာကြည့်သင့်ပါတယ်။
မေး။ ။ အခု စာချုပ်မရှိတော့ဘူးဆိုတော့ ခင်ဝင့်ဝါ လက်ရှိခံစားနေရတဲ့ ခံစားချက်ကို ပြောပြပါဦး။
ဖြေ။ ။ အခု ကျမ လွတ်လပ်သွားပြီလို့ ခံစားရတယ်။ စိတ်ရှုပ်စရာတွေ၊ စိတ်ညစ်စရာတွေ မရှိတော့ စိတ်လွတ်လပ် သွားပြီလို့ ခံစားရပါတယ်။ ကျမ လုပ်စရာရှိတာတွေ၊ အနုပညာအလုပ်တွေ၊ ပရဟိတအလုပ်တွေကို ဆက်လုပ်သွားမှာပါ။