SFU

“ဇာတ်ရုံတွေ စုတ်ပြတ် သတ်နေရင် နိုင်ငံတော်ရဲ့ သိက္ခာကို ထိခိုက်သလို၊ အစိုးရလည်း တာဝန် မကျေရာ ကျပါတယ်”

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဇာတ်သဘင်လောကမှာ တချိန်က နာမည်ကြီးခဲ့တဲ့ ဇာတ်မင်းသားကြီး စိန်မာဒင်ရဲ့သားအကြီးဖြစ်ပြီး သူကိုယ်တိုင်လည်း နာမည်ကျော် ဇာတ်မင်းသားတဦး ဖြစ်ခဲ့ကာ ပရိသတ်တွေရဲ့ နှုတ်ဖျားမှာ သူသီဆို ကပြဖျော်ဖြေခဲ့တဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “မိုးမိုးချောလို့လား … ဝါး … မိုးမိုးလှလို့လား … ဝါး … မိုးမိုးလေးကို အားပေးကြပါကွယ် …” ဆိုတဲ့ သီချင်းကလည်း နာမည် ကြီးခဲ့ပါတယ်။ နောက်ပြီး သူက လတ်တလော ဇာတ်သဘင်လောကမှာ နာမည်ရနေတဲ့ ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်းနဲ့ အဂ္ဂါ မိုးဝင်းတို့ရဲ့ဖခင်လည်း ဖြစ်နေပြန်ပါသေးတယ်။ အဲဒီလို ဇာတ်သဘင်မျိုးဆက် တဦးဖြစ်တဲ့ ဇာတ်မင်းသားကြီး မိုးဝင်းကို ဧရာဝတီက ဒီနေ့ ဇာတ်သဘင်လောကရဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

မေး။     ။ ဦးမိုးဝင်းတို့ ဇာတ်သဘင် လောကသားတွေ သမ္မတကြီးနဲ့ တွေ့ပြီးနောက်ပိုင်းမှာ ဘာတွေ ထူးခြားမှု ရှိလာပါသလဲ။

ဖြေ။     ။ သမ္မတကြီးနဲ့တွေ့တာ တော်တော်ကို ထူးခြားပါတယ်။ ဝန်ကြီးက ခေါ်တွေ့တာ သုံးကြိမ်ရှိပြီ။ ခဏခဏ ခေါ်တွေ့နေလို့ အချိန်တွေတောင် မအားဘူး ဖြစ်နေတယ်။ သမ္မတကြီးကို လေးစားပါတယ်။ သူက သဘင်သည်တွေရဲ့ ဒုက္ခ သုက္ခတွေ၊ ခံစားမှုတွေကို မေးပြီးတော့ ပြည်ထောင်စု ဝန်ကြီးတွေကို ပြန်လည်ပြီးတော့ ဒါတွေလုပ်ပေးပါ၊ ဆွေးနွေးကြပါဆိုပြီး တော်တော် ဆွေးနွေးနေရပါတယ်။

မေး။     ။ ဦးမိုးဝင်းတို့ဘက်ကရော ဘာတွေ တောင်းဆိုထားပါသလဲ။

ဖြေ။     ။ အများကြီးပဲ၊ အများကြီးပဲဆိုတာ ကျနော်ဟြေချင်တာက တထောင့်တညထဲမှာဆို တညစာလောက်ပဲ ရှိပါသေးတယ်။ နောက်ထပ် ညပေါင်း တထောင်စာလောက် ကျန်ပါသေးတယ်။ ဘဝမှာ ငယ်ငယ်ကတည်းက နေပြီး ဖျော်ဖြေ တင်ဆက်ခဲ့တယ် ဆိုတော့ သွားခဲ့ရတဲ့ ဘဝကြမ်းကြမ်းတွေပေါ့နော်။ အနုပညာဆိုတာ နုနုနယ်နယ်လို့ ထင်ပေမယ့် သွားရတဲ့ဘဝက ကြမ်းပါတယ်။ အဲဒါတွေ အားလုံးဟာ ဒုက္ခသုက္ခတွေလည်း များလှပါတယ်။ အဲဒါတွေရဲ့ တစိတ်တဒေသကို သဘင်သည်တွေရဲ့ ကိုယ်စား နည်းနည်း စုပေါင်းဆွေးနွေးပြီး သမ္မတကြီးသိအောင် တင်ပြတာ ဖြစ်ပါတယ်။

မေး။     ။ မြန်မာ့ဇာတ်သဘင် ထွန်းကားဖို့ဆိုတာ နိုင်ငံတော်အစိုးရရဲ့ ပံ့ပိုးမှုအပေါ်မှာ ဘယ်လောက် မူတည်သလဲ။

ဖြေ။     ။ မြန်မာ့ဇာတ်သဘင် ထွန်းကား တိုးတက်ဖို့ဆိုတာ နိုင်ငံတော်အစိုးရရဲ့ ပံ့ပိုးမှုအပေါ်မှာ မူတည်တာ သေချာပါတယ်။ တခါတခါကျတော့ ကျနော်အမြဲတမ်း ဟြေတာရှိပါတယ်။ ကျနော်တို့ရဲ့ ဇာတ်သမားဆိုတဲ့ဘဝနဲ့ အပြင်လူတွေရဲ့ ဘဝက ကွာခြားပါတယ်၊ ဟြေချင်တာ ဘာလဲဆိုတော့ လူတွေက နေ့ခင်းဘက် အလုပ်လုပ်ကြတယ်၊ ဇာတ်သမားတွေရဲ့ ဘဝကကျတော့ ညဘက်မှာ အလုပ်လုပ်ကြရတယ်၊ နေ့ခင်းကျတော့ အိပ်ကြရတာဆိုတော့ ကွာခြားတာပေါ့နော်။

ကျနော်တို့ ဇာတ်သဘင်လောက အကြောင်းကို ထဲထဲဝင်ဝင် သိဖို့ဆိုတာက ကျနော် ရယ်စရာတောင် ဟြေသေးတယ်၊ အဲဒီ အစိုးရအဖွဲ့ ဇာတ်ထဲကို လေးငါးလလောက် လိုက်ပြီး ဇာတ်ကားတွေ စီးကြည့်ဖို့၊ ကျနော်တို့ ဘယ်လိုလမ်းတွေ သွားကြရတယ်၊ ဘယ်လိုတွေစားကြရတယ်၊ ဘယ်လိုတွေ ဇာတ်ထဲမှာ အိမ်သာတွေ တက်ကြရတယ်၊ ဘယ်လိုဒုက္ခတွေနဲ့ ဘယ်လိုတွေ အန္တရာယ်ကြီးတယ် ဆိုတာ ဇာတ်ရဲ့ကားတွေ စီးကြည့်ဖို့၊ ဒါမျိုးတွေကို လေ့လာဖို့လိုတယ် ထင်ပါတယ်။ ဇာတ်သမားတွေရဲ့ ဘဝက အပြင်ကဘဝတွေနဲ့ ကွာခြားပါတယ်။

မေး။     ။ မိုးတွင်းကျတော့ ဇာတ်ကရတာ အဆင်မပြေမှုတွေ ရှိနိုင်တယ်ဆိုတာနဲ့ ဇာတ်သဘင်ပွဲတွေအတွက် ဇာတ်ရုံတွေ ရှိလာဖို့ရော မျှော်လင့်ထားလား။

ဖြေ။     ။ အဲဒါတွေလည်း တင်ပြထားပါတယ်၊ ကျနော်တို့က လာမယ့် အနာဂတ်ကိုလည်း ကြည့်ရတယ်၊ ပြည်သူတွေ ကိုလည်း ကြည့်ရတယ်။ လာမယ့်အနာဂတ်မှာ လာမယ့် ဧည့်သည်တွေ၊ တိုးတက်လာမယ့် ခေတ်ကြီးနဲ့ အခု ကျနော် မြင်တာ သိတာက မြန်မာတပြည်လုံးက ကျွွက်ကျွက်ညံအောင် ဖွံ့ဖြိုးတိုးတက်လာတယ် ဆိုတော့ ကျနော်ဟြေချင်တာက အမျိုးသား ကဇာတ်ရုံလိုနေရာမှာ ပြင်ဆင်မယ့်ပစ္စည်းကို ကျနော်တို့ကတဲ့ နယ်တွေက ဇာတ်ရုံသေးသေးလေးတွေမှာ အဲဒီဟာတွေကို ယူပြီး ပြင်ဆင်လည်း စုတ်ပြတ်သတ်သွားမှာပဲ။ အဲဒီတော့ အပြင်မှာကတဲ့ ဇာတ်ရုံကလည်း ခမ်းနား ကြီးကျယ်ဖို့ လိုပါတယ်။ ဒီဇာတ်ရုံတွေကို လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း နိုင်ငံတော်အနေနဲ့ ကြည့်ရှု စောင့်ရှောက် ပေးသင့်ပါတယ်။ ဇာတ်ရုံတွေက စုတ်ပြတ်သတ်နေတယ် ဆိုရင် နိုင်ငံတော်ရဲ့သိက္ခာကို ထိခိုက်သလို၊ အစိုးရလည်း တာဝန်မကျေရာ ကျပါတယ်။ အဲဒါလေးတွေကိုလည်း ဂရုစိုက် ပေးစေလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တော်တော်များများမှာ ကျနော်တို့ သိသလောက်၊ ကျနော်တို့ မီခဲ့သလောက် အစိုးရတွေဟာ ကျနော်တ့ို ဇာတ်သဘင်ကို စိတ်ဝင်စားမှုအား၊ ကူညီထောက်ပံ့မှုအား အရမ်းနည်းပါတယ်။ ဒါကြောင့်မို့လို့ ဟြေရခြင်းဖြစ်ပါတယ်။

မေး။     ။ ကိုယ့်တဦးတည်းရဲ့စိတ်ဆန္ဒအရတင်မဟုတ်ဘဲ ဇာတ်မင်းသားကြီးစိန်မာဒင်ရဲ့ မျိုးဆက်အနေနဲ့ရော ဇာတ်သဘင်လောကအတွက် ဘယ်လိုတောင်းဆိုမှုတွေ ပြုချင်ပါသလဲ။

ဖြေ။     ။ အဲဒါက အများကြီးဖြစ်နေတဲ့အတွက် ကျနော်တို့ဝိုင်းဖွဲ့ပြီး စကားဟြေလိုက်တဲ့ အခါမှာ လိုချင်တာတွေလည်း တောင်းပါတယ်။ ပြီးတော့ ထူးခြားတဲ့စကားက ဒီအစည်းအရုံးကြီးကို ပြန်လည်ပြီးတော့ ဖွဲ့စည်းပေးဖို့ ဆိုတဲ့စကားက ထူးခြားစွာ ထွက်ပေါ်လာပါတယ်။ အဲဒါကိုလည်း ကျနော်တို့က အများပြည်သူဆန္ဒ မကိုက်ညီရင်တော့ သဘင်ထုကို လေးစားသောအားဖြင့် ပြန်လည်ပြီးတော့ လုပ်ပေးသင့်ပါတယ်လို့ ဟြေချင်ပါတယ်။ ဒီအချက်က အရေးကြီးပါတယ်။ ဒါကိုလုပ်မှ အားလုံးစည်းရုံးလို့ ရပါလိမ့်မယ်။ အောင်မြင်တိုးတက်ပါလိမ့်မယ်။ ဒါကိုမလုပ်ပေးနိုင်ရင်တော့ ဘယ်တော့မှ စည်းရုံးလို့ရမှာမဟုတ်ပါဘူးလို့ ဟြေချင်ပါတယ်။

မေး။     ။ ဦးမိုးဝင်းအနေနဲ့ အခု ဇာတ်သဘင်စင်မြင့်မှာ ရံဖန်ရံခါပြန်ကနေတယ်နော်၊ အဲဒီလို ပြန်ကတော့ ဘယ်လို ခံစားရလဲ။

ဖြေ။     ။ ကျနော်က ဇာတ်မင်းသားတယောက်ပါ။ အနားယူထားတဲ့ မင်းသား လူထွက်ပေါ့ဗျာ။ ဒါပေမယ့်လည်း ဒီပိုးက ဖျောက်ဖျက်လို့ မရပါဘူး။ တွေ့တာနဲ့ စိတ်ထဲမှာ ခံစားချက်နဲ့ ကချင်ပါတယ်။ ဒါပေမယ့်လည်း လူကြီးဖြစ်လာတဲ့အတွက် တွေ့တဲ့စင်တိုင်းကို တက်လို့မရပါဘူး။ အဲဒီတော့ ဒီလိုအထောက်အကူ ပြုရမယ့်ပွဲတွေ၊ ဂုဏ်ပြုရမယ့်ပွဲတွေ ကျရင်တော့ ဖျော်ဖြေတင်ဆက်ဖို့ ဆန္ဒရှိပါတယ်။

မေး။     ။ ဦးမိုးဝင်းကို အားပေးခဲ့တဲ့ ပရိသတ်ကိုရော ဘာဟြေချင်ပါသလဲ။

ဖြေ။     ။ ပရိသတ်တွေကို ကျနော်ဟြေချင်တာက ကျနော့်ရဲ့မျိုးဆက်သစ်တွေဖြစ်တဲ့ ဟန်ဇာတို့၊ တင်ဇာတို့၊ အဂ္ဂါတို့ တွေက ဖျော်ဖြေတင်ဆက်မှာ ဖြစ်တဲ့အတွက် အားပေးကြပါ၊ ကျနော်လည်း ဂုဏ်ပြုပွဲတွေ၊ အထောက်အကူပြုရမယ့် ပွဲတွေဆိုရင် တတ်အားသရွေ့ ဖျော်ဖြေတင်ဆက်မှာပါလို့ ဧရာဝတီကတဆင့် ဟြေချင်ပါတယ်။ အခုလာမယ့်သြဂုတ်လ ၃၀ ရက်နေ့၊ အမျိုးသားဇာတ်ရုံမှာ ကပြမယ့် ပါတော်မူ ဇာတ်တော်ကြီးမှာ ကျနော် ပါဝင်ကပြ ဖျော်ဖြေမှာပါ။ ဒါကြောင့် လာရောက်အားပေးကြပါဦးလို့၊ အားပေးတဲ့အတွက်လည်း ပရိသတ်တွေကို ကျေးဇူးအထူးတင်ပါတယ်လို့ ဟြေပါရစေ။

Did you find apk for android? You can find new Free Android Games and apps.
Loading