SFU

ပူဒီနာထမင်း (Steam Pudina Rice)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)

ဒီတပတ်မှာတော့ အပြောင်းအလဲလေး ဖြစ်သွားအောင် အိန္ဒိယ ပုံစံ ပူဒီနာ ထမင်း ချက်နည်းကို ဝေမျှချင်ပါတယ်။ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ ပါဝင်ရမယ့် ပစ္စည်းအမယ်တွေ ကလည်း ဈေးထဲမှာတင် သွားရောက် ဝယ်ယူဖို့ လွယ်ကူတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။

ပူဒီနာထမင်း ချက်ဖို့ လိုအပ်မယ့် ပစ္စည်းတွေကတော့ …
ဆန် – ၂ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)
ပူဒီနာရွက် – ၁ ခွက်
ခရမ်းချဉ်သီး – ၂ လုံး
ငရုတ်သီးစိမ်း – ၄ – ၅ တောင့်
ချင်း+ကြက်ဖြူရောထောင်း – အနည်းငယ်
ကြက်သွန်နီ – ၁ လုံး (နုပ်နုပ်စဉ်း)
သစ်ကြပိုးခေါက် – ၁ ခု (၂ လက်မအရွယ်သာ)
ဖာလာစေ့ – ၂ စေ့ (လှော်ပြီးဓားပြားရိုက်)
လေညင်း – ၂ ပွင့်
ကရဝေးရွက် – ၂ ရွက်
အုန်းသီး – ၁ စိတ် (ခပ်ကြီးကြီး)
ငရုတ်သီးစိမ်း – မိမိနှစ်သက်သလို
ထောပတ်ပျော့ (ဂီး) – ၁ ဇွန်း (ထမင်းစားဇွန်း)
ဆီ – ၃ ဇွန်း (ထမင်းစားဇွန်း)
ပဲစိမ်းလုံး – ၁/ ၄ ခွက် (လက်ဖက်ရည်ပန်းကန်)
စမုံစပါးမှုန့် – အနည်းငယ်

ဆန်ကိုရေဆေးပြီး အနည်းဆုံး ၃ နာရီခန့် ကြိုတင်ရေစိမ်ထားပါ။ ထိုစဉ်အတွင်း အုန်းသီးစိတ်၊ ပူဒီနာ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့ကို ညက်နေအောင် ကြိတ်ပါ။ ဆန်တွေကို ဆန်ခါ တခုနဲ့ စစ်ချပြီး ခြောက်နေအောင် ဖြန့်ထားပါ။

ဒယ်အိုးတလုံးမှာ ဆီကိုအပူပေးပြီး သစ်ကြပိုး၊ ဖာလာ ၊ လေးညင်းနဲ့ ကရဝေးရွက်တို့ကို ဆီသတ်ပါ။

အနံ့ မွှေးလာရင် ကြက်သွန်နီကို ရွှေရောင် ရလာအောင်အထိ ဆီသတ်ပါ။ ချင်း၊ ကြက်သွန်ဖြူ အရော ကိုလည်း ထည့်ပေါင်းပါ။ နောက်ဆုံး ပဲစိမ်းလုံးလေးတွေ ထည့်ပေါင်းပြီး ၂ မိနစ်လောက် ဆီသတ်ပါ။

ဆန်တွေ ထည့်ပြီး မီးအေးအေးမှာပဲ ၃ မိနစ်လောက် သစ်သားယောင်းမနဲ့ မွှေပေးနေပါ။

ဆန်အကြော တင်းလာပြီဆိုရင် ရောပြီးကြိတ်ထားတဲ့ ပူဒီနာ အရောရည်ကို ထည့်ပါ။ ဆား၊ အရသာမှုန့် ထည့်ပြီး မီးအရှိန်ကို မြှင့်တင်ပေးပါ။

၁၀ မိနစ်ခန့် ကြာလာရင် ပူဒီနာအရည်တွေကို ဆန်ကစုပ်ယူပြီး … ထမင်းနပ်လုနီးပါး ဖြစ်လာပါပြီ…။

အဲဒီအချိန်မှာ စမုံစပါးမှုန့်၊ ထောပတ်ပျော့တို့ လောင်းထည့်ကာ သမအောင် မွှေပေးပြီး အဖုံးပိတ်၊ ခဏ ပြန်နှပ် ပေးမယ်ဆိုရင် ပူဒီနာရနံ့ သင်းတဲ့ ထမင်းကိုရပါပြီ …။ ပူဒီနာ အခက်လေး တွေနဲ့ အလှဆင်ပြီး တည်ခင်း ဧည့်ခံပါ။

ကျန်းမာရေး အတွက် ပူဒီနာ စားသုံးရသူတွေ အနေနဲ့ အသင့်တော်ဆုံးဖြစ်သလို ပူဒီနာရနံ့ ကြိုက်သူ၊ အိန္ဒိယစာ ကြိုက်သူလည်း နှစ်သက် ကြမှာပါ…။

Did you find apk for android? You can find new Free Android Games and apps.
Loading