SFU

ကိုင်ဇာ၊ မေဆွိ၊ မေခလာတို့ရဲ့ “သူငယ်ချင်း သုံးယောက်” Live Show ကျင်းပမယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

Pee Paw Music Production Entertainment ကစီစဉ်ပြီး တချိန်က နာမည်ကျော်ကြားခဲ့ကြတဲ့ အဆိုတော် ကိုင်ဇာ၊ မေဆွိ၊ မေခလာတို့ ပါဝင် သီဆိုဖျော်ဖြေမယ့် “သူငယ်ချင်းသုံးယောက်” Live Show ကို လာမယ့် စက်တင်ဘာ ၂၇ ရက်နေ့ ည ၇ နာရီမှာ ရန်ကုန် အမျိုးသားကဇာတ်ရုံမှာ တင်ဆက်မယ်လို့ သိရပါတယ်။

ဒီပွဲနဲ့ ပတ်သက်တဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့က Central Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဒီဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ပွဲရဲ့ကြိုတင်ပြင်ဆင်မှုတွေနဲ့ အစီအစဉ်တွေကို အဆိုတော် ကိုင်ဇာက “ကျနော်တို့ သူငယ်ချင်း သုံးယောက်လို့ နာမည်ပေးဖြစ်တာက လွန်ခဲ့တဲ့ အနှစ်သုံးဆယ် လောက်က ကျနော့်ရဲ့ စတုတ္ထမြောက် အခွေလေးထဲမှာ ကျနော်ရေးခဲ့ ဆိုခဲ့တဲ့ သီချင်းလေးတပုဒ် ရှိပါတယ်။ တို့ သူငယ်ချင်းသုံးယောက် ဆိုတဲ့ သီချင်းလေးပါ။ အခု ဒီသီချင်းလေးက အခုပွဲအတွက် အလိုက်ဖက်ဆုံး ခေါင်းစဉ်လေး၊ အရိုးဆုံးခေါင်းစဉ်လေး ဖြစ်နေတာ ကြောင့် ရွေးဖြစ်ခဲ့ပါတယ်။ ကျနော်လုပ်ခဲ့တဲ့ သီချင်းရှင်ရဲ့ခရီးစဉ် ရှိုးကို အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူး တုန့်ပြန်တဲ့ အနေနဲ့ ဒီပွဲလေးကို စီစဉ်ဖြစ်ခဲ့တာပါ။ နောက်ပြီး တသက်လုံးပဲ သတိရနေမယ်ဆိုတဲ့ သီချင်းကို ကျနော်တို့ သုံးယောက် အဲဒီပွဲမှာ ဆိုဖြစ်ခဲ့ပါတယ်။ အဲဒီထဲက ကျနော်တို့သုံးယောက် ပွဲလေးတပွဲ စုပေါင်းပြီး လုပ်ကြရရင် သိပ်ကောင်းမှာပဲလို့ အိပ်မက်လေး စမက်ခဲ့ပါတယ်။ ဒီပွဲမှာဆိုကြမယ့် မဆွေ (မေဆွိ) တို့၊ မငယ် (မေခလာ) တို့ကလည်း ပရိသတ်တွေ အခိုင်အမာ ရှိပြီးသား အနုပညာသည်တွေပါ။ ကျနော်တို့အခုပြဿနာက သီချင်းရွေးတာ အားမရဘူးဖြစ်နေတာပါ၊ အခုပွဲမှာ တယောက်ကို ဆယ့်နှစ်ပုဒ် လောက်ပဲဆိုကြရမှာ ဆိုတော့ သိပ်အားမရဘူး ဖြစ်နေကြတယ်။ ကျနော်တို့ ပရိသတ် ကျေနပ်အောင် ဒီပွဲကိုစီစဉ်ထားပါတယ်။ ဆယ့်နှစ်ပုဒ်တည်း မဟုတ်ဘဲ အပုဒ်နှစ်ဆယ်လောက် ဆိုဖြစ်ရင်လည်း ဆိုဖြစ်သွားမှာပါ။ ကျနော်တို့ ကိုယ်ဆိုခဲ့တဲ့ သီချင်းတွေကိုပဲ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ဖျော်ဖြေကြမှာပါ။ ကျနော်တို့က ကျနော်တို့ကို နှစ်သုံးဆယ်လောက် အားပေးခဲ့တဲ့ ပရိသတ်တွေကို နှစ်သုံးဆယ်လောက် ပြန်ငယ်သွားအောင် ကြိုးစား ဖျော်ဖြေကြမယ်လို့ ပြောချင်ပါတယ်” လို့ ဟြေခဲ့ပါတယ်။

ဒီပွဲအတွက် တီးပေးမှာကလည်း ကိုင်ဇာတို့ မေဆွိတို့ကို လွန်ခဲ့တဲ့ အနှစ် ၃၀ ကတည်းက တီးပေးခဲ့တဲ့ Success တီးဝိုင်း နာမည်နဲ့ ဒီတီးဝိုင်းက လက်ကျန်လူတွေနဲ့ လက်ရှိ အနုပညာရှင်တချို့ ပူးပေါင်း တီးခတ်ပေးမယ်လို့ သိရပါတယ်။ ဒီပွဲကို အနုပညာအရ အောင်မြင်အောင်လုပ်မှာ ဖြစ်ပြီး ဘယ် Channel ကမှ မလွှင့်သလို၊ ဘယ်လို စပွန်ဆာမှလည်း မရှိဘူးလို့ ကိုင်ဇာက ဆက်ပြောပါတယ်။

သူငယ်ချင်းသုံးယောက် ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး အဆိုတော်မေဆွိက အမေရိကားကို ခဏတာ ရောက်ရှိနေတဲ့အတွက် အသံဖိုင်ကိုပဲ စာနယ်ဇင်း ရှင်းလင်းပွဲမှာ ဖွင့်ပြပေးခဲ့ပါတယ်။

“ကျမတို့ ဒီပွဲကိုလုပ်ဖို့ တိုင်ပင် စီစဉ်ခဲ့တာ ကိုင်ဇာ (ညီညီ)၊ မသီတာ၊ ကိုပီးပေါ်တို့ အတူတူ စဉ်းစားပြီးတော့ ရက်တွေ သတ်မှတ်ပြီးမှ ကျမ US ကို မပြန်မဖြစ်လို့ ခဏ ပြန်ခဲ့ရပါတယ်။ မပြန်ခင် ဒီပွဲကိုတီးပေးဖို့ ကိုပက်ထရစ်တို့၊ ကိုမောင်မောင်လွင် တို့နဲ့ သီချင်းတွေကို ဘယ်လိုပုံစံ ဆိုကြမလဲဆိုတာ အားလုံးနဲ့တိုင်ပင်ပြီး ညှိနှိုင်းခဲ့ပါတယ်၊ ကျမသီချင်းတွေကို သေချာရွေးပြီး Arrange လုပ်ခဲ့ပါတယ်။ သီချင်းတွေဆိုတဲ့အခါ ညီညီရေးခဲ့တဲ့ သီချင်းတွေကိုလည်း ပြန်ဆိုမယ်၊ သူ့သီချင်းတွေ မဆွေဆိုခဲ့တဲ့ အထဲကလည်း ပြန်ဆိုမယ်။ မဆွေရဲ့ လူသိများခဲ့တဲ့ သီချင်းတွေကို ပရိသတ်လည်း လိုက်ဆိုလို့ရအောင် ပုံစံတမျိုးနဲ့ တင်ဆက်မယ်လို့ စီစဉ်ထားပါတယ်။ မဆွေတို့ သုံးယောက်ရဲ့ သီချင်းတွေ ဆိုကြ၊ ချစ်သူတွေရကြ၊ ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြ ပေမယ့် အားပေးခဲ့ကြတဲ့ အမာခံ ပရိသတ်တွေ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်ကို ပြန်ရောက်သွားသလို ခံစားနားဆင်နိုင်အောင် မဆွေတို့သုံးယောက်က အထူးကြိုးစားပြီး တင်ဆက်ထားတယ်လို့ ဟြေချင်ပါတယ်။ မဆွေ နောက်တပတ်မှာ ရန်ကုန်ပြန်ရောက်မှာပါ။ ပြန်ရောက်တာနဲ့ သီချင်းတွေကို Practice လုပ်မှာပါ။ ၂၇ ရက်နေ့မှာမဆွေတို့ အားလုံးနဲ့ ပျော်ပျော်ပါးပါး တွေ့ချင်ပါတယ်” လို့ မေဆွိက ဟြေခဲ့ပါတယ်။

စာနယ်ဇင်းရှင်းလင်းပွဲမှာ မေခလာကလည်း သူတို့ သုံးယောက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လက်တွဲခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေ ဖြစ်တဲ့ အကြောင်း၊ ဒီ သုံးယောက်ထဲမှာ မေခလာက ဂျူနီယာအကျဆုံး ဖြစ်တဲ့ အကြောင်း ပြောခဲ့ပါတယ်။

“ကိုကိုင်ဇာနဲ့ မဆွေတို့က တခေတ်တည်း နာမည်ကြီးလာတဲ့ သူတွေပါ။ သူတို့ရဲ့ သီချင်းတွေကို သီဆိုခဲ့တဲ့ သူတို့ရဲ့ ပရိသတ်လည်း ကျမ ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ပရိသတ် နားယဉ်ပြီးသား သီချင်းတွေပါသလို၊ ပရိသတ်ကြားထဲကို မရောက်ခဲ့တဲ့ သီချင်းတွေလည်း ပါမှာပါ။ ဒီပွဲက အင်မတန်လှမယ်လို့လည်း ကျမ ယုံကြည်ပါတယ်။ ဒီပွဲကို ကျမတို့ မောင်နှမတွေ စုစုစည်းစည်း တိုင်တိုင်ပင်ပင်နဲ့ အရမ်းကိုကြိုးစား စီစဉ်ထားပါတယ်။ ပွဲရက်နီးလာလေလေ ရင်ခုန် လာလေလေပါပဲ။ အောင်မြင်မယ်လို့လည်း ကျမထင်ပါတယ်။ အတီးပိုင်းမှာ အပြင် အဆိုပိုင်းမှာလည်း ကျမတို့က ကြိုးစားပြီး သီဆိုပေးပါ့မယ်” လို့ မေခလာက ဟြေခဲ့ပါတယ်။

သူငယ်ချင်းသုံးယောက် Live Show ဖျော်ဖြေပွဲလက်မှတ်တွေကို ၃၀၀၀၀ ကျပ်၊၂၀၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်တို့နဲ့ စက်တင်ဘာလ ၁၈ ရက်နေ့က စပြီး Toscana Bistro ပါရမီလမ်း AD.RC 2 အနီးမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်၊ အသေးစိတ် သိရှိလိုရင်း ဖုန်း ၀၁-၆၆၁၇၂၄၊ ၀၉ ၇၃၂၃၉၉၆၆ တို့ကိုမေးမြန်း စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading