SFU

ဥရောပ ရုပ်ရှင်ပွဲတော် ကျင်းပ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၄ ခုနှစ် ဥရောပ ရုပ်ရှင်ပွဲတော် (2014 Europe Film Festival) ကို စက်တင်ဘာလ ၂၅ ရက်နေ့ မှ အောက်တိုဘာလ ၅ ရက်နေ့ အထိ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ နေပြည်တော်ရုပ်ရှင်ရုံတွင် ညနေ ၃ နာရီခွဲ နှင့် ညနေ ၆ နာရီခွဲ အချိန်နှစ်ချိန် ခွဲ၍ ပြသလျက်ရှိသည်။

၁၁ ရက်တာ ကျင်းပသည့် ဥရောပရုပ်ရှင်ပွဲတော်တွင် ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ အစ္စရေး၊ အီတလီ၊ ဆွစ်ဇာလန်နှင့် အင်္ဂလန်နိုင်ငံတို့မှ ဇာတ်ကားများကို အင်္ဂလိပ်စာတန်းထိုးဖြင့် ပြသလျက်ရှိသည်။ ၂၃ ကြိမ်မြောက် ဥရောပ ရုပ်ရှင် ပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးမှ ဦးစီးဆောင်ရွက်ကျင်းပခြင်းဖြစ်ပြီး ပြင်သစ်သံရုံးနှင့် ပြင်သစ် အင်စတီကျု၊ အိုင်ယာလန်၊ အစ္စရေးနှင့် အီတလီသံရုံးတို့အပြင် ဗြိတိသျှကောင်စီ၊ ဂိုသယ် အင်စတီကျု တို့နှင့်အတူ ဥရောပသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့များက ဝိုင်းအားအားဖြည့် ကူညီပေးထားသည်ဟု သိရသည်။

ဆွစ်ဇာလန်မှ Der Verdingbub (The Foster Boy) နှင့် Les Petites Fugues (Little Escapes) ၊ ဂျာမနီမှ Das Finstere Tal (The Dark Village) နှင့် Sound of Heimat ၊ အင်္ဂလန်မှ Philomena ၊ အိုင်ယာလန်မှ Ondine၊ ပြင်သစ်မှ Camille Redouble နှင့် Tales of the Night၊ အီတလီမှ Mine Vaganti နှင့် အစ္စရေးမှ Footnote စသည့် စုစုပေါင်း ဇာတ်ကား ၁၀ ကားကို အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ပြသလျှက်ရှိသည်။

စိတ်ကူးယဉ် ဇာတ်လမ်းများ၊ ကာတွန်းသရုပ်ဖော်များနှင့် မှတ်တမ်းကားများ စသဖြင့် ဥရောပ ယဉ်ကျေးမှုများ ပါဝင်သည့် ဇာတ်ကားများ ပြသထားပြီး အချစ်၊ ဂီတ၊ လက်စားချေခြင်း၊ ခွင့်လွှတ်ခြင်း၊ လူမှုရေးပြဿနာများ၊ မိတ်ဆွေ ခင်မင်မှုများ စသည့် အကြောင်းအရာများ ပါဝင်သည့် ရသစုံ ရုပ်ရှင်ကားများကို ပြသထားသည့် ရုပ်ရှင် ပွဲတော်အတွင်း ဥရောပ နိုင်ငံများ၏ လူနေမှု စရိုက်သဘာဝများနှင့် အတွေးအခေါ်များကို မြန်မာပရိသတ်များ သိရှိခံစားစေရန် ရည်ရွယ် ထားသည်ဟု သိရသည်။

ဥရောပ ရုပ်ရှင်ပွဲတော်အတွင်း မြန်မာဒါရိုက်တာများ ရိုက်ကူး တင်ဆက်ထားသည့် ဝဿန် ရုပ်ရှင်ပွဲတော်မှ အထူး ရွေးချယ်ထားသော ဇာတ်လမ်းတိုများကို ဥရောပရုပ်ရှင်ဇာတ်ကားများ မပြသခင် ပြသပေးလျှက် ရှိသည်။

“၂၀၁၄ ခုနှစ် အတွက် ရန်ကုန်မှာ ကျင်းပတဲ့ ဥရောပရုပ်ရှင်ပွဲတော်မှာ ကမကထ ပြုလုပ် ဆောင်ရွက်ခွင့် ရတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံး အနေနဲ့ များစွာ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ အခု ဥရောပ ရုပ်ရှင်ပွဲတော်ကို ဖြစ်မြောက်အောင် ပါဝင်ဆောင်ရွက်ကြတဲ့ တခြားသော သံရုံးတွေအားလုံးကို အထူး ကျေးဇူးတင်ပါတယ်။ ဥရောပ ရုပ်ရှင်ဇာတ်ကားတွေကို နှစ်သက်ခံစားနိုင်ကြပြီး ပျော်ရွှင်ဖွယ် ရုပ်ရှင်ပွဲတော်လေး တခုဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး H.E. Christoph Burgener က ဥရောပ ရုပ်ရှင်ပွဲတော် အညွှန်းစာစောင်တွင် နှုတ်ခွန်းဆက် ပြောကြားထားသည်။

စတုတ္ထအကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်ကိုလည်း စက်တင်ဘာလ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ရန်ကုန်မြို့ အလုံလမ်း၊ ပြည်သူ့ဥယျာဉ်အတွင်းရှိ The Yangon Gallery တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading