ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ပန်းပွဲတော်ကို ၉ နှစ်ပြည့်နဲ့ ဂီတပွဲတော် ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၁၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ပြင်ဦးလွင်မြို့မှာ စည်ကားစွာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
ပန်းပွဲတော် ၉ နှစ်ပြည့်နဲ့ ဂီတပွဲတော် ၁၀ နှစ်ပြည့် ကျင်းပဖို့အတွက် စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားကိုတော့ ဒီဇင်ဘာ ၁ ရက်နေ့က ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီးဥယျာဉ်မှာရှိတဲ့ Café Kandawgyi မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါပန်းပွဲတော်မှာ နွေပန်း၊ မိုးပန်း၊ ဆောင်းပန်းတွေကို ပြသမှာဖြစ်ပြီး နိုင်ငံခြား ပန်းအမျိုးအစား ၁၈ မျိုး၊ အရောင် အမျိုးပေါင်း ၂၅ မျိုး၊ ပန်းအရေအတွက် ကိုးသောင်းနီးပါးနဲ့ ဥယျာဉ်တခုလုံးကို ပန်းအမျိုးအစား တသိန်းသုံးသောင်း ကျော်ခန့် ပြသမှာဖြစ်ကြောင်း သိရပါတယ်။
ဒီ ပန်းပွဲတော်အတွက် ပန်းတွေကို ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က မျိုးစေ့တွေ ဝယ်ယူစိုက်ပျိုး ပြသမှာ ဖြစ်ပါတယ်။
အရင့်အရင် နှစ်တွေက ဒီဇင်ဘာ ၁ ရက်နေ့ကနေ စတင်ကျင်းပပြုလုပ်တာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ရာသီဥတု အခြေအနေကြောင့် ဒီဇင်ဘာ ၁၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ဟြေင်းလဲ ကျင်းပရခြင်းဖြစ်ကြောင်း တာဝန်ရှိသူတွေရဲ့ ဟြေပြချက်အရ သိရပါတယ်။
ဂီတပွဲတော် ၁၀ နှစ်မြောက်အထိမ်းအမှတ် ပွဲကိုတော့ ဒီဇင်ဘာ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ အဆိုတော် ဇော်ဝင်းထွဋ်နဲ့ Emperor Music Band အပါအဝင် မြန်မာပြည်က နာမည်ကြီး အနုပညာရှင် ၁၆၀ ခန့်တို့က ဖျော်ဖြေကြမှာ ဖြစ်ပြီး ဝင်ကြေး အနေနဲ့ ၅၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။