SFU

၂၀၁၃ ခုနှစ် အကယ်ဒမီ ဆုချီးမြှင့်ပွဲ အပြီး ဘာသံတွေ ကြားရသလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ချီးမြင့်ပွဲကတော့ ပြီးဆုံးသွားခဲ့ပြန်ပါပြီ။ ရုပ်ရှင်အစည်းအရုံးက ပထမဆုံး ဦးစီး စီစဉ်တဲ့ ပွဲဖြစ်တဲ့အတွက် အရင်နှစ်တွေနဲ့ မတူတာတော့ အမှန်ပါပဲ။

အရင်နှစ်တွေကလို ပရိသတ်များကို လက်မှတ် မရောင်းတဲ့အတွက် အနုပညာရှင်တွေနဲ့ အတူတူ ဓာတ်ပုံ ရိုက်ကူးသူတွေ၊ လက်မှတ် ရေးထိုးခိုင်းသူတွေ မရှိတာကြောင့် ပွဲက နည်းနည်းတော့ ခြောက်သွေ့နေသယောင် ခံစားရပါတယ်။

သတင်းယူမယ့် သတင်းထောက်တွေကိုလည်း သီးသန့်နေရာပေးထားပြီး ဓာတ်ပုံဆရာတွေကလည်း သတ်မှတ် ထားတဲ့ နေရာကသာ ရိုက်ကူးခွင့် ရတဲ့အတွက် ဒီနှစ်ပွဲ တက်ရောက်လာတဲ့ အနုပညာရှင်တွေ သိပ် အလုပ်မရှုပ်ကြပါဘူး။ အခမ်းအနားမှူးအဖြစ် ရွှေကြိုရွေးချယ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ အကယ်ဒမီရန်အောင်နဲ့ တင်မိုးလွင်တို့က ဆောင်ရွက်ခဲ့ကြပြီး ပွဲကို ပါဖောမန့်တွေနဲ့ စီစဉ်တင်ဆက်ခဲ့ပေမယ့် တက်ရောက်လာသူများကို ဆွဲဆောင်မှု သိပ်မရှိခဲ့ပါဘူး။

ထူးချွန်ဆုရရှိသူတွေအဖြစ် တေးဂီတဆုကို ကြယ်စင်မော်ကွန်း ဇာတ်ကားနဲ့ စန္ဒရား တင်ဝင်းလှိုင်၊ အမျိုးသမီး ဇာတ်ပို့ဆုကို စုန်းပြူး ဇာတ်ကားနဲ့ ခိုင်သင်းကြည်၊ အမျိုးသား ဇာတ်ပို့ဆုကို နင်စေရင် ဇာတ်ကားနဲ့ မင်းဦး၊ ဒါရိုက်တာဆုကို နင်စေရင် ဇာတ်ကားနဲ့ ဒါရိုက်တာဝိုင်း၊ အမျိုးသမီး ဇာတ်ဆောင်ဆုကို နင်စေရင် ဇာတ်ကားနဲ့ ဝတ်မှုံရွှေရည်၊ အမျိုးသား ဇာတ်ဆောင်ဆုကို နင်စေရင် ဇာတ်ကားနဲ့ပဲ ပြေတီဦးတို့က ရရှိခဲ့ကြပါတယ်။

အကယ်ဒမီချီးမြှင့်ခံခဲ့ရတဲ့ အနုပညာရှင်တွေကတော့ အရင်နှစ်တွေက အကယ်ဒမီလွဲချော်ခဲ့ပြီး ပရိသတ် ရစေချင်တဲ့ အနုပညာရှင်တွေ ဒီနှစ်မှာ ရရှိကြတာဖြစ်လို့ ပရိသတ် ဝမ်းသာမှု ရှိခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆု စုစုပေါင်း ၆ ဆုသာချီးမြင့်ခဲ့လို့ ရုပ်ရှင် တကား ဖြစ်မြောက်ဖို့ အဓိက လုပ်ဆောင်ရတဲ့ ဇာတ်ညွန်း၊ ကင်မရာမန်း၊ ထုတ်လုပ်ရေးဆုတွေက ဒီနှစ်အကယ်ဒမီဆုနဲ့ မထိုက်တန်ဘူးလားဆိုတဲ့ ဝေဖန်သံ တချို့လည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၃ ခုနှစ် အကယ်ဒမီထူးချွန်ဆု ရရှိမယ့် အနုပညာရှင်တွေရဲ့ စာရင်းက facebook မှာ ကြိုတင်ပြီး ပျံ့နှံ့နေခဲ့တဲ့အတွက် စိတ်လှုပ်ရှားမှု မရှိဘဲ ပြီးဆုံးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုချီးမြှင့်ပွဲသာ ဖြစ်ခဲ့ရ ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading