Queen အဖွဲ့ဟာ ၁၉၇၀ အင်္ဂလန် လန်ဒန်မှာ စတင်မွေးဖွားခဲ့တဲ့ ဗြိတိန် Rock-Band တခု ဖြစ်ပါတယ်။ Freddie Mercury (Lead vocals, piano), Brian May (Guitar vocals), John Deacon (bass guitar, vocals) နဲ့ Roger Taylar (Drums, vocals) စတဲ့ ပုဂ္ဂိုလ်လေးဦးနဲ့ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်တယ်။ အစောပိုင်းကာလမှာ Progressive rock, Hard rock နဲ့ Heavy metal ဂီတ အငွေ့အသက်တွေ လွှမ်းမိုးခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ရေဒီယိုက လွင့်လို့ကောင်းတဲ့ သီချင်းပုံစံတွေဖြစ်တဲ့ Arena rock နဲ့ Pop rock သီချင်းပုံစံ တွေကိုပါ ပေါင်းစပ်ပုံဖော်ခဲ့ ကြတယ်။ သူတို့ ဂီတတွေမှာ ၁၉၈၀ အထိ ဆင်သီဆိုက်ဇာကို လုံးဝ မသုံးခဲ့ကြောင်း ဂုဏ်ယူစွာကြေညာခဲ့တဲ့ အဖွဲ့တဖွဲ့လည်း ဖြစ်တယ်။
အဖွဲ့ရဲ့ ပင်မသွေးကြောဖြစ်တဲ့ Freddie Mercury (ဖရက်ဒီမာကျူရီ) ဟာ ဇန်ဇီဗာ (ယခု တန်ဇန်နီးယား) မှာ မွေးဖွားခဲ့ ပြီး အိန္ဒိယမှာ အဆောင်ကျောင်း နေခဲ့တယ်။ ၁၉၆၄ မှာ မိဘတွေနဲ့ အင်္ဂလန်ကို ရောက်လာပါတယ်။ ဆယ်ကျော်သက် အရွယ်မှာ ခံစားခဲ့ရတဲ့ လူမျိုးရေး ခွဲခြားမှုတွေကြောင့် သူရဲ့ မွေးနာမည် (Farookh Bulsara) ကနေ ဖရက်ဒီမာကျူရီ လို့ ၁၉၇၂ မှာ တရားဝင် အမည် ပြောင်းခဲ့တယ်။ ၇ နှစ်သား အရွယ်ကတည်းက Piano ကို စတီးခဲ့ပြီး သီချင်း ရေးဖွဲ့ရာ မှာလည်း Piano ကိုပဲ အများဆုံး အသုံးပြုလေ့ရှိတယ်။
ပညာတတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Queen အဖွဲ့မှာ ဖရက်ဒီ မာကျူရီ ဟာ Art and Graphic Design ဘွဲ့ကို Ealing Art College England ကနေ ရရှိခဲ့သူ ဖြစ်ပါတယ်။ Brian May ကတော့ Astronomy နဲ့ Physics ပညာရပ်တွေကို Imperical College Landon က သင်ယူဘွဲ့ရရှိခဲ့တယ်။ Royer Taylor က Biology နဲ့ ဘွဲ့ရရှိပြီး John Deacon ကတော့ Electronics နဲ့ ဘွဲ့ရရှိပါတယ်။ သူတို့ ဖန်တီးခဲ့တဲ့ သီချင်းတွေဟာ အဆင့်အတန်းမြင့်ပြီး ဂန္ထဝင်ဆန်တယ်လို့ ပညာရှင်တွေက သုံးသပ်ခဲ့ပါတယ်။
ဒီနေ့အထိလည်း Queen အဖွဲ့ကို နောက်ပေါ်လာတဲ့ Rock band တွေက အတုယူ စံပြုနေရဆဲပါ။ လူရိုသေ ရှင်ရိုသေ ရှိလှတဲ့ အဖွဲ့တဖွဲ့လို့ ပြောရမှာပါ။
Brian May ရဲ့ အဖေဟာ အင်ဂျင်နီယာ တဦးဖြစ်ပြီး သားတီးဖို့ ဂစ်တာကို ကိုယ်တိုင် လုပ်ပေးခဲ့သူပါ။ Red Special လို့ခေါ်တဲ့ Brian May ရဲ့ ဂစ်တာ ကိုယ်ထည်ဟာ မီးလင်းဖို အဟောင်းတခုနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဂစ်တာ ဘားတွေ ကိုတော့ စက်ဘီးအဟောင်း တခုကနေ ယူထားတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ဂစ်တာသံဟာ ဘယ်သူမှ လိုက်တုလို့ မရတဲ့ ဂစ်တာသံမျိုး ဖြစ်နေပြီး သူ့ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။
ဖရက်ဒီမာကျူရီဟာ ထူးခြားတဲ့ အသံပါရမီရှင် တယောက်ဖြစ်ပြီး သီချင်းရေးသားမှာလည်း ကောင်းမွန် လှပလွန်းသူပါ၊ သူ့ဇနီး အတွက်ရေးခဲ့တဲ့ Love of my Life သီချင်းဟာ ကျော်ကြား အောင်မြင်ခဲ့သလို Bohemian Rhapsody သီချင်း ကလည်း UK Singles Chart စာရင်းမှာ နံပါတ် ၁ နေရာကနေ ကိုးပတ်ကြာ ရပ်တည်ခဲ့ပါတယ်။ ၁၉၇၇ မှာ ထုတ်ဝေ တဲ့ New of the world Album မှာပါဝင်တဲ့ Rock ဂီတရဲ့ အထိမ်းအမှတ် အလံသီချင်း We Will Rock You သီချင်း ကို စပ်ဆိုခဲ့ပါတယ်။
တဖန် အားကစား လောကရဲ့အရေးပါတဲ့ အမှတ်သညာ ဖြစ်လာမယ့် We are the Champions သီချင်း မျိုးကိုလည်း ရေးစပ် ဖန်တီးခဲ့သူတဦးပါ။ အရောင်းရဆုံး Single Album တခုဖြစ်တဲ့ Another One Bites the Dust ကို ရေးဖွဲ့ခဲ့ပြီး Rock သမိုင်းမှ ကြီးကျယ်တဲ့ သီချင်းတပုဒ်လည်း ဖြစ်ခဲ့ရပါတယ်။
ဖရက်ဒီမာကျူရီဟာ AIDS ရောဂါရှိကြောင်း ကြေညာပြီး နောက်တရက်မှာပဲ ကွယ်လွန်သွားခဲပါတယ်။ ကွယ်လွန်ချိန် မှာ အသက် ၄၅ နှစ်ရှိပြီ ဖြစ်တဲ့ ဖရက်ဒီမာကျူရီဟာ ၁၉၉၁ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တာပါ။ ဖရက်ဒီမာကျူရီဟာ အင်္ဂလန်မှာ ရုပ်တုနဲ့ ဂုဏ်ပြုခံရတဲ့ ပထမဆုံး Rock Star တဦး ဖြစ်ခဲ့ပြီး University of London မှာ ယနေ့တိုင် ပြသထားပါတယ်။
ဖရက်ဒီမာကျူရီရဲ့ ရုပ်ပုံနဲ့ တံဆိပ်ခေါင်းကိုလည်း အင်္ဂလန်က အမှတ်တရ ထုတ်ခဲ့ပါသေးတယ်။ Queen အဖွဲ့ရဲ့ ထုတ် ဝေခဲ့သမျှ Album ချပ်ရေ ပေါင်းဟာ ခန့်မှန်းခြေ သန်း ၁၅၀ နဲ့ သန်း ၃၀၀ အကြားမှာ ရှိပါတယ်။ ကမ္ဘာ့ရောင်းအား အကောင်းဆုံးဂီတ အနုပညာရှင် စာရင်းမှာ ပါဝင်ခဲ့ခြင်းပါ။ Queen အဖွဲ့ရဲ့ ကျော်ကြား အောင်မြင်ခဲ့တဲ့ သီချင်းများစွာ ထဲကမှ ကျနော် နှစ်သက် စွဲလမ်းခဲ့ရတဲ့ Is This The World We Created? သီချင်း မူရင်းနဲ့ ဆီလျော်အောင် ဘာသာပြန်ထားမှုကို ရွေးနုတ် ဖော်ပြလိုက်ပါတယ်။
“Is This The World We Created?”
Just think of all those hungry mouths we have to feed
Take a look at all the suffering we breed
So Many lonely faces scattered all around
Searching for what they need
Is this the world we created
What did we do it for
Is this the world we invaded
Against the law
So it seems in the end
Is this what we’re all living for today
The world that we created
You know that everyday a helpless child is born
Who needs some loving care inside a happy home
Somewhere a wealthy man is sitting on his throne
Waiting for life to go by.
Is this the world we created, we made it on our own
Is this world we divested, right to the bone
If there’s a God in the sky looking down
What can he think of what we’ve done
To the world that He created.
“ဒါ ငါတို့ဖန်တီးတဲ့ ကမ္ဘာလား”
ငါတို့ ကျွေးမွေးရမယ့် ဆာလောင်နေတဲ့ ပါးစပ်တွေ အကြောင်းကို စဉ်းစားကြည့်
ငါတို့ ပျိုးထောင်ခဲ့တဲ့ ဒုက္ခဝေဒနာတွေကို ပြန်ကြည့်စမ်းပါ
အထီးကျန်တဲ့ မျက်နှာပေါင်းများစွာ ပြန့်ကြဲနေတယ်
သူတို့ရဲ့ လိုအပ်ချက်တွေကို ရှာဖွေနေဆဲ …
(ဒါ ငါတို့ဖန်တီးတဲ့ ကမ္ဘာလား
ဘာလို့ ငါတို့ ဖန်တီးခဲ့သေးလဲ
ဒါ ငါတို့ ကျူးကျော် ဝင်ရောက်ခဲ့တဲ့ ကမ္ဘာလား
(ဥပဒေကို ဆန့်ကျင်ပြီးတော့)
နောက်ဆုံးမှာ ကြည့်ရတာ ဒီအတွက် ငါတို့ ဒီနေ့ နေထိုင်နေသလိုပဲ ငါတို့ဖန်တီးတဲ့ ကမ္ဘာကြီးအတွက် …)
မင်းသိလား နေ့တိုင်းမှာ ခိုကိုးရာမဲ့ ကလေးတယောက်ဟာ မွေးဖွားနေတယ်
နွေးထွေးတဲ့ ကြင်နာမှုနဲ့ ပျော်ရွှင်စရာ အိမ်ကလေးတလုံး လိုအပ်နေတယ်
တနေရာမှာတော့ လူချမ်းသာ တယောက်ဟာ သူ့ရဲ့ ပလ္လင်ပေါ်မှာ ထိုင်ပြီး
ဘဝရဲ့ ဖြတ်သန်းမှုကို ထိုင်စောင့်နေလေရဲ့ …
(ဒါ ငါတို့ဖန်တီးတဲ့ ကမ္ဘာလား
ငါတို့ကိုယ်တိုင် ဖန်တီးထားတာပဲ
ဒါ ငါတို့ဖျက်ဆီးထားတဲ့ ကမ္ဘာလား
(အရိုးကျအောင်ပေါ့)
အပေါ်က ငုံ့ကြည့်နေတဲ့ ကောင်းကင်ကြီးထဲမှာ ဘုရားတဆူသာ ရှိခဲ့ရင် ဘယ်လိုများ ထင်နေမလဲ
သူ ဖန်ဆင်းထားတဲ့ ကမ္ဘာကို ငါတို့ ဘာလုပ်ပစ်လိုက်သလဲလို့ …)
ဒီသီချင်းဟာ ၁၉၈၄ ခုနှစ်က တောင်အာဖရိကမှာ လူမျိုးရေးခွဲခြားမှုတွေ ကြီးစိုးတဲ့အချိန် Live Aid Show မှာ သွားရောက် ဖျော်ဖြေခဲ့တဲ့ သီချင်း ဖြစ်ပါတယ်။ တတိယကမ္ဘာရဲ့ ကြီးမားတဲ့ ဆင်းရဲချမ်းသာ ကွာဟမှုကို ဖော်ညွှန်းတဲ့ သီချင်းလည်း ဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ ထုတ်ဝေတဲ့ The Works Album မှာ ပါဝင်တဲ့ သီချင်းတပုဒ်ပါ။
ဖရက်ဒီမာကျူရီဟာ ဒီသီချင်းကို ယူကြုံးမရ ဝမ်းနည်းစိတ်တွေနဲ့ ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ငတ်မွတ် ခေါင်းပါးမှုတွေ၊ ဆင်းရဲမွဲတေမှုတွေ၊ ရောဂါကပ်ဆိုးတွေ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ မတော်မတရား ဖိနှိပ်ချုပ်ချယ်မှုတွေ၊ အဆင့်အတန်း အသွေးအရောင် ခွဲခြားမှုတွေနဲ့ ပြည့်နှက်နေပြီး ဒီလိုတွေ ဖြစ်အောင် ဘယ်သူတွေ ဖန်တီးခဲ့တာလဲ လို့ မေးခွန်း ထုတ်ထားခဲ့ပါတယ်။
အမှန်တော့ လူသားတွေကပဲ ဒီလိုဖြစ်အောင် ဖန်တီးခဲ့တာလို့ သူက ဆိုပါတယ်။ သူ လက်ခံရရှိထားတဲ့ ကမ္ဘာရဲ့ အခြေအနေကို သိမ်မွေ့စွာ ငြင်းဆန်ထားခြင်းလည်း ဖြစ်ပါတယ်။ လေးနက်ပြီး အတွေးအခေါ် များစွာပါဝင်တဲ့ ဖရက်ဒီ မာကျူရီ ရေးဖွဲ့သီဆိုပုံကို တွေ့ရမှာဖြစ်ပြီး Brian May ရဲ့ Acoustic ဂစ်တာ လက်သံကလည်း စွဲမက်ဖွယ် ကောင်းလှပါတယ်။
ဘာပဲဖြစ်ဖြစ် Queen အဖွဲ့ မျှော်လင့်ဆန္ဒရှိခဲ့တဲ့ လှပ ငြိမ်းချမ်း သာယာတဲ့ကမ္ဘာဟာ ဒီနေ့အထိ ဖြစ်မလာသေးဘူး ဆိုတာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖရက်ဒီမာကျူရီ တယောက် သိနိုင်ပါလေစလို့ တွေးနေမိရင်း…။ ။
(ဖရက်ဒီမာကျူရီနဲ့ Queen အဖွဲ့သီချင်းတွေကို အရူးအမူးကြိုက်တဲ့ ကိုငှက် (ထူးအိမ်သင်) သို့ အမှတ်တရ)
Queen အဖွဲ့ထွက်ရှိခဲ့တဲ့ Album စာရင်း
Queen (1973)
Queen II (1974)
Sheer Heart Attack (1974)
A Night at the Opera (1975)
A Day at the Races (1976)
News of the World (1977)
Jazz (1978)
The Game (1980)
Fiash Gordan (1980)
Hot Space (1982)
The Worker (1984)
A Kind of Magic (1986)
The Miracie (1989)
Innuendo (1991)
Made in Heaven (1995)