• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

မျိုးကြီးရဲ့ ပြောင်းလဲခြင်းများကို ခံစားခြင်း

by ကိုမျိုး (IR)
16 July 2015
in Lifestyle
A A
မျိုးကြီးရဲ့ ပြောင်းလဲခြင်းများကို ခံစားခြင်း
11k
VIEWS
Share on FacebookShare on Twitter

တနှစ်မှာ တခွေ၊ တခွေဆို ဆိုသလောက် Rock ဂီတရဲ့ အနှစ်သာရကို ပေးနိုင်တဲ့ မျိုးကြီးရဲ့ “ပြောင်းလဲခြင်းများ” Album သစ် ထွက်ရှိလာခဲ့ပြီး သူ့ရဲ့ “Live 90” Show မှာလည်း အဲဒီ Album ထဲက သီချင်းသစ် တော်တော်များများကို သီဆိုခဲ့တာ တွေ့ရပါတယ်။ ဒီ Album ထဲက “မင်းရှိတဲ့ မြို့” သီချင်းက လေးဖြူရဲ့ “ဒိုင်ယာရီ” သီချင်းလိုပဲ On Line ပေါ်မှာ ကတည်းက ပရိသတ်များ ကြိုက်နှစ်သက်ခဲ့ကြတဲ့ သီချင်းဖြစ်ပါတယ်။ ဒါပေမယ့် Album ထွက်ရှိလာတဲ့ အခါမှာတော့ အဲ့ဒီ သီချင်းထက် စီးဆင်းမှုအား ပိုကောင်းတဲ့ သီချင်းတွေကို နားထောင်မိတဲ့ အခါမှာတော့ …။

မျိုးကြီးရဲ့ “ပြောင်းလဲခြင်းများ” Album သစ်ဟာ “ယူလိုက်” Album ထဲက သီချင်းပုံစံတွေရဲ့ အရှိန်ကို မမီဘူးလို့ ဆိုနိုင်ပေမယ့် ခေတ်နဲ့ အံဝင်ခွင်ကျ ဖြစ်တဲ့ သီချင်းပုံစံလေးတွေကြောင့် စွဲမက်စရာကောင်းတဲ့ Rock Album တချပ် အဖြစ်တော့ အသိအမှတ်ပြုရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အရည်အသွေးရှိတဲ့ တေးရေးအသစ် တချို့ရဲ့ လက်ရာမွန် သီချင်းတွေကိုလည်း ဒီ Album ထဲမှာ နားဆင် ခံစားခွင့်ရခဲ့တာကလည်း အနာဂတ်လူငယ် တေးရေးတွေ အတွက် အားတက်စရာ အလားအလာကောင်း တခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီ Album ထဲက သီချင်းတိုင်း လိုလိုဟာ သူ့ Music Style နဲ့ သူ သက်ဝင် ခံစားလို့ ကောင်းနေပေမယ့် လူသစ်တေးရေးဆရာ တချို့ရဲ့ သီချင်းလေးတွေကို အဓိက ညွှန်းဆို လိုပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
114
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
388
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.6k

ပထမဆုံး တေးရေး ရှိန်း ဖန်တီးရေးဖွဲ့ထားတဲ့ “သူရှိမှ” သီချင်းအကြောင်းကို စပြောချင်ပါတယ်။ ဒီသီချင်းကို ရုတ်တရက် နားထောင်ကြည့်လိုက်ရင် Slow Rock ပုံစံလို့ ထင်မှတ် နိုင်ပေမယ့် Slow Rock အငွေ့အသက် ပေါ်မှာ Arrange လုပ်ထားတဲ့ Music Style က British Rock Style မျိုးပေါ်လွင်နေပါတယ်။ Intro အဖွင့်မှာ Guitar Riff ရဲ့ Melodic ဖြစ်မှုနဲ့ အတူ Verse အဝင်မှာ Vocal Tempo ရဲ့ အတက်အကျ၊ အလူးအလိမ့်တွေကို Mood အား ကောင်းကောင်းနဲ့ သီဆိုသွားတဲ့ မျိုးကြီးရဲ့ Expression က သီချင်းအဖွင့်မှာ ကတည်းက သီချင်းရဲ့ ရသကို ပေါ်လွင် စေခဲ့ပါတယ်။

ဒါ့အပြင် Verse အစပထမပိုဒ်ရဲ့ “လှောင်ရယ်သံကြားက သည်းခံနိုင်ဦးမလား ငါရဲ့ စိတ်တွေ” ဆိုတဲ့ စကားလုံးရဲ့ ဖမ်းစားမှုက သီချင်းအပေါ် ပိုမိုတိမ်းညွတ်စေ ခဲ့သလို၊ ဒုတိယ Verse အဆုံး Chorus အပိုဒ်နဲ့ ချိတ်ဆက်သွားတဲ့ Chord phrasing ရဲ့ Melodic ဖြစ်မှုကလည်း သီချင်းရဲ့ Climax ကိုရောက်အောင် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ Verse တတိယပိုဒ် အဆုံး Guitar ကြိုးကို ပက်ထရမ်နဲ့ ပွတ်ဆွဲသွားပြီး Chorus အပိုဒ်ကို ပြန်ဝင်သွားတဲ့ ဟန်က သီချင်းရဲ့ Tempo ကို ပိုမိုမြင့်တက် လာစေခဲ့ပြီး စီးစီးပိုင်ပိုင်ရှိလှတဲ့ Chorus အပိုဒ်ရဲ့ Melodic ဖြစ်မှုကိုလည်း ပေါ်လွင်လာစေ ခဲ့ပါတယ်။ သီချင်း စ၊ လယ်၊ ဆုံး အချိတ်အဆက် မိလှတဲ့ အပြင် I.C Band ရဲ့ မှော်ပါတဲ့ Arrange တွေကြောင့် တွေ့မြင်နေကြ Slow Rock ဟန်တွေထဲက ခွဲထွက်လာတဲ့ သီချင်းကောင်းလေး တပုဒ်လို့ ဆိုရမှာဖြစ်ပါတယ်။

နောက်ထပ် သီချင်းကောင်းလေး တပုဒ်ကတော့ ဒီ Album ရဲ့ အပိတ်သီချင်းတပုဒ် ဖြစ်တဲ့ သွန်းပူရဲ့ “မေတ္တာတရား” ဆိုတဲ့ သီချင်းတပုဒ်လို့ ဆိုနိုင်ပေမယ့် ခေတ်သစ် Country Rock ဘက်ကိုလည်း နွှယ်နေတဲ့ သီချင်းပုံစံမျိုး ဖြစ်ပါတယ်။ သီချင်းရေးဖွဲ့ ဖန်တီးသူရဲ့ အနှောင်အဖွဲ့ ကင်းလွတ်တဲ့ စိတ်ကူးစိတ်သန်း လွတ်လပ်မှုနဲ့ အတွေ့အကြုံ များစွာ ရှိထားတဲ့ I.C Band ရဲ့ Arrangement ထူးခြားမှုကြောင့် ဒီသီချင်းဟာ သီခြား Music Style တခုအဖြစ် ပေါ်လွင် နေတာကို သတိထားမိခဲ့ပါတယ်။

ဒီ Album ထဲက သီချင်းတွေထဲမှာ Music Style အရရော၊ Arrangement အရပါ တကယ်ကို ထူးထူးခြားခြား ရှိလှတဲ့ သီချင်းကတော့ “အောင်းလာ” ရဲ့ “စိတ္တဇပုံတူ” သီချင်းပဲ ဖြစ်ပါတယ်။ အောင်းလာဟာ တေးရေးအသစ် တယောက် မဟုတ်ဘဲ ကိုယ်တိုင် တကိုယ်တော် Album ထွက်ရှိထားတဲ့ အဆိုရှင်တဦး ဖြစ်သလို သူ့ Album ဟာ သူကိုယ်တိုင် ရေးဖွဲ့ထားတဲ့ သီချင်းကောင်းလေးတွေကို မြည်းစမ်းခွင့် ရှိခဲ့ဖူးတာကြောင့် သီချင်းရေးလက် ရှိတဲ့သူတဦး ဆိုတာ အစကတည်းက အကဲခတ်မိခဲ့ ပါတယ်။ ဒါကြောင့်လည်း အခု “စိတ္တဇပုံတူ” လို သီချင်း ပုံစံမျိုးကို ဖန်တီးရေးဖွဲ့နိုင်တာ ဖြစ်ပါလိမ့်မယ်။ အောင်းလာဟာ Modern Rock ဂီတအပေါ်မှာ ပျော်ဝင်တတ်သူ တဦးဖြစ်မှန်း ဒီသီချင်းနဲ့ မီးမောင်းထိုး ပြထားပါတယ်။

Intro အဖွင့်ကို နားထောင်ပြီး Rock အပြင်းစား သီချင်းတပုဒ်လို သတ်မှတ်လိုက်မိတဲ့ အချိန်မှာ Bar ခရီးပြီး Verse အပိုဒ်ကို ဝင်သွားတဲ့ ပုံစံက ဆန်းသစ်တဲ့ ဂီတပုံစံတခုရဲ့ နိမိတ်ပုံကို မှတ်ယူရမှာဖြစ်ပါတယ်။ သီချင်းဖွဲ့တည်မှု Frame သဘောအရ ကျစ်လျစ်တဲ့ Music Style မျိုးဖြစ်ပေမယ့် Arrange လုပ်တဲ့အခါမှာ ချဲ့ရင် ချဲ့သလို Arrangement ကျယ်ကျယ်ပြန့်ပြန့် ဖန်တီးနိုင်တဲ့ သီချင်းတပုဒ် ဖြစ်နေတာကလည်း ဒီသီချင်းရဲ့ အားသာချက် တခုဖြစ်ပါတယ်။

သီချင်း အကြောင်းအရာက ဟိုးအရင်က Oldic Rock တွေမှာ တွေ့ရလေ့ရှိတဲ့ နိမိတ်ပုံတွေကို အားပြုထားတဲ့ အကြောင်းအရာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် Music ပုံစံနဲ့ လိုက်ဖက်မှု ရှိတာကြောင့် ခံစားမှုအာရုံကို မြင့်စေခဲ့ပါတယ်။ တေးရေး အောင်းလာကော၊ အဆိုရှင်ဖြစ်တဲ့ မျိုးကြီးကော နှစ်ယောက်လုံးက Rock ဂီတကို နှစ်သက်သူတွေ ဖြစ်နေကြလို့ ဒီသီချင်းဟာ ဒီ Album ရဲ့ အထူးခြားဆုံး သီချင်းတပုဒ်ဖြစ်လာခဲ့တာ မဆန်းပါဘူး။

ဒါ့အပြင် IRON CROSS ရဲ့ ဂီတမှော် အစွမ်းတွေကိုပါ ထပ်ပေါင်းဆင့်လိုက်တဲ့ အခါမှာတော့ ဒီသီချင်းဟာပိုမို ထည်ဝါ တောက်ကြွား လာခဲ့ပါတယ်၊ အထူးသဖြင့် သီချင်း Ending ပိုင်းမှာ မျိုးကြီးရဲ့ High Pitch တွေဟာ ကြက်သီးထစရာ ကောင်းလောက်အောင်၊ သီချင်းရဲ့ အဆုံးသတ်ကို စွဲမက်ဖွယ် ဖြစ်လာအောင် ဆွဲခေါ်သွား နိုင်ခဲ့တာကြောင့် Show ပွဲတွေမှာ လူငယ်ပရိသတ်ရဲ့ အသွေးအသားကို ဆူဝေလှုပ်နှိုးနိုင်မယ့် သီချင်းတပုဒ်ပဲ ဖြစ်ပါတယ်။

ဒီ Album ထဲက Music Style အားဖြင့် လှပဆန်းသစ်ပြီး ချစ်စရာကောင်းတဲ့ သီချင်းတပုဒ်ကတော့ ရယ်ဂျီရဲ့ “3 am” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ ဒီသီချင်းဟာ ရယ်ဂျီပဲ ရေးထားတဲ့ ထက်အောင်ရဲ့ သီချင်းတပုဒ် Melody နဲ့ စာသား အကြောင်းအရာပါ ခင်ဆင်ဆင် တူနေပေမယ့် မျိုးကြီးရဲ့ “3 am” သီချင်းက ခေတ်သစ် Country Rock ပုံစံမျိုး ဖြစ်သလို၊ အဆိုပိုင်းမှာလည်း ကွာခြားမှု ရှိတာကြောင့် မျိုးကြီးရဲ့ “3 am” က ပိုပြီး ခံစား နားဆင်လွယ်မယ့် သီချင်းလို့ ဆိုနိုင်ပါ လိမ့်မယ်။

အောင်းလာရဲ့ “ကျောက်ခေတ်လူသား” သီချင်းကလည်း Carlos Santana ရဲ့ သီချင်းကို မျိုးကြီးပြန်ဆိုခဲ့တဲ့ “အိပ်ဖန်စောင့်” သီချင်းပုံစံရဲ့ လောင်းရိပ်အောက်မှာ ရောက်နေခဲ့ပေမယ့် Chorus အပိုဒ်ရဲ့ Melody အချိုးအကွေ့ ကြောင့် Latin Rock ဂီတကို နှစ်သက်ကြတဲ့ ပရိသတ်ကတော့ အရသာတွေ့မှာ အမှန်ပါပဲ။

မျိုးကြီးရဲ့ “ပြောင်းလဲခြင်း” Album သစ်ဟာ မျှော်လင့်စောင့်စားရကျိုး နပ်အောင် ပရိသတ် စိတ်ကျေနပ်မှု ရနိုင်မယ့် Album တချပ်ဖြစ်သလို၊ အထက်က ညွှန်းဖွဲ့ခဲ့တဲ့ သီချင်းတွေ အပြင် စံပီးရဲ့ “မင်းရှိတဲ့မြို့”၊ စနိုရဲ့ “ဆောင်း” စတဲ့ သီချင်းတွေကလည်း မျိုးကြီးရဲ့ အမာခံပရိသတ်တွေ စွဲမက်နှစ်သက်ကြမယ့် သီချင်းတွေ ဖြစ်တာကြောင့် အပြောင်းအလဲကို မျှော်လင့်နေကြတဲ့ Rock ဂီတပရိသတ်ကို မျိုးကြီးရဲ့ “ပြောင်းလဲခြင်းများ” က တစုံတခု ပြောင်းလဲမှု ရသကိုတော့ ပေးနိုင်စွမ်းမှာ အမှန်ပါပဲ။ ။

Your Thoughts …
Tags: EntertainEntertainmentMusic
ကိုမျိုး (IR)

ကိုမျိုး (IR)

Contributor

Similar Picks:

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.6k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.1k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

လေးဖြူ, ဒိုင်ယာရီ, Rock, Online, Modern Rock, Music, Creed,

လေးဖြူရဲ့ ဒိုင်ယာရီ

by ကိုမျိုး (IR)
14 February 2015
7.2k

“ကောင်းကင်ထဲ ကြိုးပြတ်သွားတဲ့ … စက္ကူစွန်လေး ဖြစ်လိုက်ချင်လည်း … နှောင်ကြိုးများ ဖမ်းဆုပ်ခဲ့ … ပြာနှမ်းနေတဲ့ အဆိပ်သုတ်ထားတဲ့ ပန်းတွေ … ငါနမ်းရှိုက်တပ်မက်ဆဲ … အသိကန်းတဲ့ အတွေးစိတ်နဲ့” ဆိုတဲ့ အားကောင်းတဲ့ စကားလုံးတွေနဲ့...

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

by သုရီလင်း
28 October 2014
10k

ချမ်းသာတဲ့သူ ကြိုက်မှ စီးပွားရေး လုပ်ရတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အခုလာရင် အခု တောင်းလို့ ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမီးတို့ ခြံနဲ့ဝိုင်းနဲ့ နေချင်တယ်၊ သူများ ခြံနဲ့ဝိုင်းနဲ့လည်း မနေချင်ဘူး” လို့ ပြောဖို့ မအေးကောင်းက...

စန္ဒီ (၁၅၀၀), အဆိုတော်

အဆိုတော် စန္ဒီ (၁၅၀၀) ကွယ်လွန်

by မြတ်သူအောင်
18 October 2013
10.7k

(၁၅၀၀) လို့ အမည်ရတဲ့ တကိုယ်တော် စီးရီး ထွက်ရှိထားပြီး လတ်တလော မှာလည်း ဒုတိယ တေးစီးရီးကို ထွက်နိုင်ဖို့ ကြိုးစားနေရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း

Next Post
ငွေလဲလှယ်နှုန်းထား , စီးပွားရေး , ကားဈေးကွက် , ဗဟိုဘဏ်

ဗဟိုဘဏ် ငွေလဲနှုန်း မြှင့်တင်မှုကြောင့် ကားတင်သွင်းသူများ အခက်ကြုံ

ကုန်သွယ်မှုပမာဏ, စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန , ပို့ကုန်ဝင်ငွေ , စီးပွားရေး

ပို့ကုန်တင်ပို့မှု အနည်းငယ် တက်လာသော်လည်း ကုန်သွယ်မှု ကျဆင်း

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4.2k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate