Huawei Customer Service Center ဖွင့်ပွဲကို အမှတ် (၂၀)၊ အခန်း(၂)၊ နှင်းဆီလမ်း၊ ဘိုးရိန်း အောင်မင်္ဂလာ ရပ်ကွက်၊ ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
Customer Service Center ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် Huawei မှ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့အတွင်း လာရောက်ပြုပြင်သော သုံးစွဲသူ Customers များအတွက် အထူး အစီအစဉ်များအဖြစ် ကံစမ်းမဲဖောက်ပေးခြင်းများ၊ ဖုန်းသန့်စင်ပေးခြင်း၊ Version Update ပြုလုပ်ပေးခြင်းများ၊ Application များသွင်းပေးခြင်း၊ ဟန်းဆက်များကို စမ်းသပ်ပေးခြင်းများကို အခမဲ့ပြုလုပ်ပေးခြင်းတို့နှင့် အာမခံ သက်တမ်း ကျော်လွန်သွားသော ဟန်းဆက်များကိုလာရောက်ပြုပြင်ပါက (၂၀%) လျှော့ပေးခြင်း စတဲ့ အစီအစဉ်များကို ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။
အခု အသစ်ဖွင့်လှစ်လိုက်တဲ့ Huawei Customer Service Center မှာ ဖုန်းများကိုပြုပြင်ခြင်း၊ အတုအစစ် စစ်ဆေးပေးခြင်း၊ Software များထည့်သွင်းပေးခြင်း၊ Version update ပြုလုပ်ပေးခြင်း၊ ဖုန်းစမ်းသပ်ပေးခြင်း၊ သန့်စင်ပေးခြင်း၊ မော်ဒယ်လ်မြင့်ဖုန်းများအတွက် VIP ဝန်ဆောင်မှုများပေးအပ်ခြင်း၊ Collection Points များ ဖွင့်လှစ်ခြင်း၊ ရာနှုန်းပြည့် Original အပိုပစ္စည်းများအသုံးပြုခြင်း၊ Original ဘက်ထရီများအသုံးပြုခြင်း စတဲ့ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပြီး ဝယ်ယူပြီး တနှစ်အတွင်း (အာမခံကာလအတွင်း) လာရောက်ပြုပြင်တဲ့ ဖုန်းတွေကို လက်ခမဲ့ပြုပြင်ပေးသွားမယ်လို့လည်း သိရပါတယ်။
Huawei သီးသန့် Hotline ကို ၂၀၁၅ခုနှစ် ဇူလိုင်လက စတင်ဖော်ဆောင်ခဲ့ပြီး ယနေ့အချိန်ထိ တလလျှင် ဆက်သွယ်စုံစမ်းမှုအဝင်ဖုန်းပေါင်း (၁, ၀၀၀) ကျော်ကို လက်ခံရရှိလျက်ရှိတယ်လို့ သိရပါတယ်။ ယနေ့ အချိန်ထိ Huawei Service Center ပေါင်း (၁၁) ခုကို ဖွင့်လှစ်ခဲ့ပြီး Collection Points ပေါင်း (၃၄)ခုကို ဖွင့်လှစ်ပြီးဖြစ်တယ်လို့ သိရှိ ရပါတယ်။
“ကျမတို့ Huawei ဟာ မြန်မာနိုင်ငံမှာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်း နံပါတ် (၁) အမှတ်တံဆိပ်အဖြစ် ရပ်တည်လျက် ရှိပါတယ်။ Huawei က ကုန်ပစ္စည်း အရည်အသွေးကို အစဉ် အလေးထားလျက်ရှိပြီး After Sales Service ကိုလည်း အမြဲ ဂရုစိုက်ဆောင်ရွက်ပေးပါတယ်။ Huawei အနေနဲ့ သုံးစွဲသူများအတွက် အနွေးထွေးဆုံး ဝန်ဆောင်မှုများပေးအပ်နိုင်အောင် အစဉ်ကြိုးစားလျက်ပြီး ဒီ Customer Service Center ကနေတဆင့် မြန်မာနိုင်ငံမှာ အကောင်းဆုံး ဝန်ဆောင်မှုအရည်အသွေးတွေကို ပေးအပ်သွားမှာပါ” လို့ Huawei Consumer Business Group မှ Global Service Director Mr. Tracy Guo က ပြောပါတယ်။