Trend

Selfie ကင်မရာအရည်အသွေး ကောင်းမွန်တဲ့ ဈေးနှုန်းချို နှစ်ကတ်ထိုး OPPO Neo7 စမတ်ဖုန်း

This article has been converted from Zawgyi One to Unicode

မျက်နှာပြင် အရွယ်အစား ၅ လက်မရှိတဲ့ Oppo Neo 7 စမတ်ဖုန်းကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ ထုတ်လုပ်ခဲ့ပြီးတော့ ဆင်းကတ် နှစ်ကတ်ထည့်ပြီး အသုံးပြုနိုင်တဲ့ Dual SIM (Nano-SIM/ Micro-SIM) ဖုန်းအမျိုးအစားပဲ ဖြစ်ပါတယ်။

OPPO Neo 7 ရဲ့ ဈေးနှုန်း တန်ဖိုးကတော့ မြန်မာငွေ ကျပ် (၁၉၉,၀၀၀) ဖြစ်ပါတယ်။ Neo 7 မှာ စက် လည်ပတ်မှုစနစ် Processor အရည်အသွေးကို Quad-core CPU အသုံးပြုထားတာတွေ့ရပြီး သိမ်းဆည်းနိုင်မှု ပမာဏက 1GB RAM နှင့် 16GB ROM တို့ ပါဝင်ပါတယ်။

MicroSD card slot ပါဝင်ပြီး 3G ဗားရှင်းအတွက် သိုလှောင်မှုကို 32GB အထိတိုးမြှင့် သိမ်းဆည်းနိုင်ပါတယ်။ အသုံးပြုနိုင်တဲ့ ဘက်ထရီအား ပမာဏကတော့ 2420 mAh ဖြစ်ပါတယ်။ Android Version 5.1 (Lollipop) ကို အသုံးပြုထားတာ တွေ့ရပြီး အထူးလုပ်ဆောင်ချက်အနေနဲ့ ဗီဒီယို ကြည့်ရှုရင်း သူငယ်ချင်းများနှင့် စကားပြော နိုင်မယ့် Floating Window Feature ပါဝင်တာ တွေ့ရပါတယ်။

ကင်မရာအရည်အသွေးပိုင်းဆိုင်ရာကို ပြောရရင်တော့ 8-Megapixel ကျောဘက် ကင်မရာနဲ့ 5-Megapixel အရှေ့ဘက် ကင်မရာတို့ပါဝင်ပြီး ကြည်လင်ပြတ်သားတဲ့ Selfie ဓာတ်ပုံများနဲ့ ဗီဒီယိုများကို ရိုက်ကူးပေးနိုင်မယ့် Pure Image 2.0+ Imaging Platform Features တွေ ပါဝင်ပါတယ်။

ဒါ့အပြင် အလင်းနည်းသောနေရာတွေမှာ Selfie ရိုက်ကူးမယ်ဆိုရင် Screen က Flash အနေနဲ့ ပြောင်းလဲ လုပ်ဆောင်ပေးမှာဖြစ်ပြီး Filter (၁၁) ခုနဲ့ Beautify mode (၃) ခုပါဝင်တာကြောင့် Selfie ဓာတ်ပုံ ခရေဇီတွေ အတွက် ဓာတ်ပုံတွေကို စိတ်ကြိုက်ပြင်ဆင်လို့ရပြီပေါ့။

OPPO Neo 7 မှာ ပါဝင်တဲ့ Lock screen Magazine feature သစ်မှာဆိုရင် OPPO မှ စုစည်းပေးထားတဲ့ လှပတဲ့ ဓာတ်ပုံ ၂၀ ကျော်နဲ့အတူ Lock screen ဓာတ်ပုံတွေကို တပတ်တကြိမ် အလိုအလျောက် Update လုပ်ပေးမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Neo 7 မှာ အသံစွမ်းဆောင်ရည်ကို Dirac Sound စနစ်ကို အသုံးပြု ထားတာကြောင့် အသံပိုင်းစနစ် စွမ်းဆောင်ရည်လည်း ကောင်းမွန်ပါတယ်။

အရောင်အားဖြင့် အဖြူရောင်နဲ့ အနက်ရောင် နှစ်မျိုးရွေးချယ်အသုံးပြုနိုင်မယ့် OPPO Neo 7 စမတ်ဖုန်းရဲ့ ကိုယ်ထည် ဘောင်ကိုဆွဲဆောင်မှုရှိပြီး ခန့်ထည်တဲ့ ရွှေရောင်၊ ငွေရောင် စတဲ့ အရောင်နှစ်မျိုးနဲ့ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

Loading