ချောကလက်ဟာ လိင်ကိစ္စထက်ပိုကောင်းသလားလို့ မေးရင် ကောင်းတယ်လို့ ပြောမယ့်သူ တချို့တလေပဲရှိနိုင်ပါ လိမ့် မယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတခုအရ ချောကလက်ဟာ စားရတာ အရသာရှိသလို လိင်ကိစ္စ အတွက်လည်း ကောင်းကျိုးတွေ ပေးတယ်ဆိုတာတွေ့ရှိခဲ့ရပါတယ်။
ချောကလက်ကို နေ့စဉ်လိုစားသုံးတဲ့ အမျိုးသမီးတွေဟာ မစားတဲ့ အမျိုးသမီးတွေထက် လိင်စိတ်ဆန္ဒ ပိုပြီးမြင့်မားတယ် ဆို တာကို အီတလီနိုင်ငံက သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ ချောကလက်စားတဲ့ အမျိုးသမီးတွေဟာ လိင်ကိစ္စနဲ့ ပတ်သက်လို့ စိတ်ကျေနပ် နှစ်သိမ့်မှု ပိုရကြတယ်လို့ လည်းတွေ့ခဲ့ရပါတယ်။
သိပ္ပံပညာအရ အခုမှတွေ့ရှိခဲ့ပေမယ့် မာယာ (Mayan)နဲ့ အက်စ်တက်( Aztec) လူမျိုးတွေက အေဒီ ၆၀၀ လောက်ကထဲ က သိပြီးကြပါပြီ။ သူတို့က အခု ချောကလက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကိုကိုး(cocoa)ကို နတ်ဘုရားတွေရဲ့ အစား အစာ အဖြစ်ယုံကြည်ထားကြပါတယ်။ ရှေးခေတ်ကဆိုရင် ဈေးကြီးတဲ့ အစားအစာတခုလည်း ဖြစ်ပါတယ်။ ချောကလက် အရည်ကို အလေး အမြတ်ထားရမယ့် အရာတခုအဖြစ် သတ်မှတ်ပြီးတော့ တော်ဝင်အခမ်းအနားတွေ၊ ဘာသာရေး အခမ်း အနားတွေမှာ အသုံးပြုဖို့ အတွက်သာ သီးသန့် ဖယ်ထားတတ်ကြပါတယ်။
ဒီနေ့ ခေတ်မှာတော့ ချောကလက်ကို ပေါပေါများများ ရရှိနိုင်နေပြီ ဖြစ်ပါတယ်။ အခဲအဖြစ်၊ သောက်စရာ အရည်အဖြစ် သို့ မဟုတ် မုန့် အဖြစ်နဲ့ မိမိ ပတ်ဝန်းကျင်က နေရာတိုင်းမှာ ပုံစံတမျိုးမျိုးနဲ့ မြင်တွေ့နေနိုင်ပါပြီ။ ဒါပေမယ့် ချောကလက်စားသုံး ခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးနဲ့ အန္တရယ်ကိုတော့ ဟန်ချက်ညီမျှစေဖို့ အရေးကြီးပါတယ်။ ချောကလက် အလွန် အကျွံစားသုံး ခြင်းကြောင့် ကိုယ်ခန္ဓာ အလေးချိန်တက်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ ကျန်းမာရေး အတွက်ရော လိင်မှု ကိစ္စအတွက်ပါ အကျိုး မဖြစ်မှာ အသေအချာပါပဲ။
ချောကလက်က ရတဲ့ လိင်မှုဆိုင်ရာ အကျိုးကျေးဇူးက စိတ်တက်ကြွအောင် လှုံ့ဆော်ပေးနိုင်စွမ်းကြောင့် ဖြစ်ပါတယ်။ အီတ လီ သုတေသနအဖွဲ့ ရဲ့ ခေါင်းဆောင်က ချောကလက်ကို အစားအစာတခု ထက် ဆေးဝါးတခုနဲ့ ပိုတူနေတယ်လို့ တောင်မှ ပြောခဲ့ပါတယ်။ ချောကလက်က ကျန်းမာရေးအတွက်တင်မက လိင်မှု စွမ်းဆောင်နိုင်မှုအတွက် အကျိုးထူးစေပါတယ်။
http://www.everydayhealth.com/conditions/things-you-need-to-know-about-lubricants/