ဇန်နဝါရီလ ၄ ရက်နေ့ ည ၇ နာရီခန့်က ကန်တော်ကြီး မျှော်စင်ကျွန်းမှာ Miss Myanmar Yangon 2015 ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ Miss Myanmar Yangon 2015 အလှမယ်အဖြစ် ခါးနံပတ် (၁) ထွန်းပုလဲရတနာက ရရှိခဲ့ပါတယ်။
ခါးနံပါတ် (၄) ယမင်းမေဦးမှ 1 st runner up ကို ရရှိခဲ့ကာ ခါးနံပတ် (၁၉) ချမ်းမြေ့သူမှ 2nd runner up ကို ရရှိခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ Miss Body Beauty ဆုကိုပါ ထည့်သွင်းပေးအပ်ခဲ့ပါသေးတယ်။