Event

Work.com.mm ဒုတိယအကြိမ်မြောက် အလုပ်အကိုင်ပြပွဲ ကျင်းပမည်

This article has been converted from Zawgyi One to Unicode

မြန်မာပြည်တွင်း ဦးဆောင်အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ work.com.mm မှ ရန်ကုန်မြို့၊ MICT Park မှာ ဒုတိယ အကြိမ်မြောက် အလုပ်အကိုင်ပြပွဲကြီးကို ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

Work.com.mm အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးမှ ၂၀၁၆ ခုနှစ်၊ မေလအတွင်း ပထမဆုံးအကြိမ် အဖြစ် ကျင်းပခဲ့သော အလုပ်အကိုင်ပြပွဲကြီးကို တက်ရောက်ခဲ့သူ ဦးရေ တသောင်းခွဲအထိ ရှိခဲ့ပြီး အောင်မြင်မှု ရခဲ့ သဖြင့် ယခု ၂၀၁၆ ခုနှစ်တွင်လည်း အလုပ်ရှာဖွေသူများနှင့် ဝန်ထမ်းခေါ်ယူသူတွေရဲ့ တောင်းဆိုချက်များအရ ယခုလို ဒုတိယအကြိမ်မြောက် အလုပ်အကိုင်ပြပွဲကြီး ထပ်မံကျင်းပရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းနယ်ပယ်ပေါင်းစုံမှ အတွေ့အကြုံရှိ အလုပ်ရှာဖွေသူများအနေနဲ့ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်မယ့် အဆိုပါပြပွဲမှာ အပြည်ပြည်ဆိုင်ရာ ထိပ်တန်းကုမ္ပဏီကြီးများနဲ့  ပြည်တွင်း ကုမ္ပဏီကြီးများမှ HR များနှင့် လူတွေ့မျက်နှာချင်းဆိုင် အင်တာဗျူးဖြေဆိုခွင့် ရရှိနိုင်မှာ ဖြစ်ပြီး သက်ဆိုင်ရာအသိပညာရှင်များမှပို့ချမယ့် လုပ်ငန်းခွင်ဆိုင်ရာ ဗဟုသုတများ မျှဝေပေးမယ့် အလုပ်ရုံဆွေးနွေးပွဲများ၊ စကားဝိုင်းနှီးနှောဖလှယ်ပွဲများကိုပါ လေ့လာနိုင်မယ့် အခွင့်အရေးကို တပြိုင်နက် ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

work.com.mm ၏ ဌာနအုပ်ချုပ်မှုဒါရိုက်တာ Mr.Gijs  Verheijke က “ကျနော်တို့ အနေနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကို အမြတ်တနိုးတန်ဖိုးထားပြီး ကျနော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ “အလုပ်အကိုင်နှင့်ပတ်သက်တဲ့ လိုအပ်ချက်မျိုးစုံကို တပြိုင်နက်တည်းဖြည့် ဆည်းဆောင်ရွက်ပေးနိုင်ရန်” ဆိုတဲ့ ရည်မှန်းချက်ပြည့်မီအောင် ဖြည့်ဆည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အဓိကဆန္ဒကတော့ အရည်အချင်းပြည့်မီတဲ့ အလုပ်ရှာဖွေသူတွေကို သူတို့စိတ်ကူးထဲက အလုပ်အကိုင်တွေ ပေးအပ်နိုင်မယ့်ကုမ္ပဏီကြီးတွေနဲ့ ချိတ်ဆက်ပေးဖို့ပါပဲ” လို့် ဆိုပါတယ်။

ဒီပြပွဲကို ဘယ်သူမဆို တက်ရောက်နိုင်မှာဖြစ်ပြီး အလုပ်ရှာဖွေချင်သူတွေအနေနဲ့ မိမိတို့ရဲ့ကိုယ်ရေးအကျဉ်း အပြည့်အစုံဖော်ပြထားတဲ့ လုပ်လျှောက်လွှာများကို တပါတည်းယူဆောင်လာပြီး မိမိလျှောက်ထားလိုတဲ့ အလုပ်အကိုင်ကို တိုက်ရိုက်လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

Loading