Grand Royal Special Reserve Whisky က ဦးစီးပြီး “အောင်မြင်မှုဆိုသည်မှာ” ခေါင်းစဉ်နဲ့ စာပေ ဟောပြောပွဲကို ဇန်နဝါရီလ (၉) ရက်နေ့က မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ဟောပြောပွဲမှာ ဆရာအော်ပီကျယ်က “သိပါ”၊ ဆရာအတ္တကျော် (ဆူဒိုနင်) က “လူရည်လည်မှ ထွန်းပေါက် ကြ၏” နဲ့ ဆရာ အုန်းဝမ် (ရန်ကုန်တက္ကသိုလ်) က “ရှိဖို့လိုတယ်” စတဲ့ ခေါင်းစဉ်အသီးသီးနဲ့ အောင်မြင်မှုများ ဆီသို့ လျှောက်လှမ်းရန် လိုက်နာကျင့်သုံးသင့်တဲ့ နည်းစနစ်တွေကို မှတ်သားစရာ ဗဟုသုတ အကြောင်းအရာတွေနဲ့ အတူ သူတို့ရဲ့အတွေ့အကြုံတွေကို ဝေမျှ ဟောပြောခဲ့ကြပါတယ်။
Grand Royal Special Reserve Whisky အနေနဲ့ ယနေ့ခေတ် အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လှမ်း နေကြတဲ့ မြန်မာလူမျိုးများအတွက် တိုးတက် အောင်မြင်စေလိုတဲ့ စေတနာနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းခွင် နယ်ပယ်အသီးသီးမှ အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိနေနှင့်ပြီးသော ပုဂ္ဂိုလ်များထံမှ အောင်မြင်မှု နည်းလမ်းများကို ဝေမျှပေးရန်အတွက် ယခုလို စာပေဟောပြောပွဲကို ကျင်းပရခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံဟာ အခုဆိုရင် တိုးတက်ပြောင်းလဲလို့လာပါပြီ။ ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာနဲ့ အမျှ အနာဂတ် အခွင့်အလမ်းတွေဟာ အောင်မြင်ကြီးပွားလိုတဲ့ သူတွေကို လက်ယပ်ခေါ်လို့ နေပါတယ်။ ပိုမိုရရှိလာတဲ့ အခွင့်အလမ်းတွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် ကျနော်တို့ Grand Royal မိသားစုကနေ CSR program အနေနဲ့ အခုလို ဟောပြောပွဲကို စီစဉ်တင်ဆက်ရခြင်းဖြစ်ပါတယ်” လို့ IBTC Group ရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးကျော်က ပြောပါတယ်။
Grand Royal Special Reserve ရဲ့ Product Manager, Mr. James Koh က “ကျနော်တို့ Grand Royal ကနေ SR Icon အစီအစဉ်အနေနဲ့ အောင်မြင်မှုနည်းလမ်းတွေကို မြန်မာ့လူငယ်များအတွက် ဝေမျှပေးဖို့ ဂျာနယ်နဲ့ရေဒီယို အစီအစဉ်တွေမှာ အခန်းဆက် အနေနဲ့ အပတ်စဉ် ဖော်ပြပေးနေပါတယ်။ မော်လမြိုင်မြို့ စာပေဟောပြောပွဲအပြင် တခြားမြို့ကြီးတွေမှာလည်း “အောင်မြင်မှုဆိုသည်မှာ” စာပေဟောပြောပွဲတွေကို ဆက်လက် ပြုလုပ်သွားဖို့ ရှိပါတယ်” လို့ ဆိုပါတယ်။
Grand Royal Special Reserve Whisky အနေနဲ့ အဆိုပါ SR Icon အစီအစဉ်နဲ့ အခြား CSR Program များကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။ Grand Royal မှ CSR အစီအစဉ်များ အနေနဲ့ ၂၀၁၅ ခုနှစ်တွင်း ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံအနှံ့ ဆိုးရွားစွာကြုံတွေ့ခဲ့ရတဲ့ သဘာဝ ရေဘေးအန္တရာယ် ကျရောက်ခဲ့မှုမှာ Grand Royal Group နဲ့ Business Partner များ စုပေါင်းပြီး အရေးပေါ် အခြေစိုက်စခန်းများဖွင့်လှစ်ပြီး ရေဘေး ကူညီကယ်ဆယ်ရေး လုပ်ငန်းများနဲ့ ရေဘေးသင့် ပြည်သူများရဲ့ဘဝ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
Grand Royal Special Reserve ဝီစကီဟာ IBTC ရဲ့ အမှတ်တံဆိပ်တခုဖြစ်ပြီး World Whiskies Awards ပွဲမှာ Asia’s Best Blended Whisky ဆုကို ရရှိဆွတ်ခူးခဲ့ပါတယ်။ ဒါ့အပြင် Special Reserve Whisky ဟာ နိုင်ငံတကာ အသိအမှတ်ပြု ဆုတံဆိပ်ဖြစ်တဲ့ Monde Selections 2011 Award ကို ရရှိထားပါတယ်။