Lifestyle

မြန်မာ ဖက်ရှင်ဒီဇိုင်နာများ Hong Kong International Fashion Week Fall Winter 2016 ပြပွဲမှာ ဝင်ရောက်ပြသမည်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံမှ ဖက်ရှင်ဒီဇိုင်နာလေးဦးတို့ဟာ ဟောင်ကောင်မှာကျင်းပပြုလုပ်မယ့် Hong Kong International Fashion Week Fall Winter 2016 ပြပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက် ပြသကြမှာ ဖြစ်ပါတယ်။ ဒီ Fashion week ကို ဇန်နဝါရီ ၁၈ ရက်ကနေ ၂၀ ရက်အထိ ဟောင်ကောင်မှာကျင်းပပြုလုပ်မှာဖြစ်ပြီး ပါဝင်ပြသကြမယ့် ဒီဇိုင်နာလေးဦးကတော့ ဒီဇီုင်နာ ယုံးယုံး၊ ဒီဇိုင်နာညိုမာသန့်၊ ဒီဇိုင်နာ မေမြတ်ဝါဆိုနဲ့ ဒီဇိုင်နာ ချောစုလွင်တို့ပဲ ဖြစ်ပါတယ်။

ဒီဇီုင်နာလေးဦးဟာ Myanmar Fashion Designer Group (MFDG) ကတဆင့် စေလွှတ်ပြီး ပြပွဲကို သွားရောက်ပြသခွင့်ရတာဖြစ်ပြီး ဒီဇိုင်နာတဦးကို ဝတ်စုံ ၈စုံ ဖန်တီးပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

Myanmar Fashion Designer Group ကို မြန်မာနိုင်ငံမှာရှိတဲ့ ဖက်ရှင်ဒီဇိုင်နာများနဲ့ လွန်ခဲ့တဲ့ငါးနှစ်ခန့်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုဆိုရင် ပါဝင်တဲ့ ဒီဇိုင်နာအဖွဲ့ဝင်ပေါင်း ငါးဆယ်ကျော်ခန့် ရှိပြီလို့လည်း သိရပါတယ်။

Loading