အံ့သြတုန်လှုပ်စရာကောင်းလောက်အောင် ချမ်းသာကြွယ်ဝလှတဲ့ စုံတွဲတတွဲရဲ့ မင်္ဂလာအခမ်းအနားပွဲတခုကို တရုတ်ပြည် အရှေ့တောင်ပိုင်း Guangdong ဒေသမှာရှိတဲ့ Zhongshan မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီမှာ ထူးခြားတာက မင်္ဂလာသတို့သမီးဟာ သူ့ လည်ပင်းထက်မှာ ရွှေလက်ဝတ်လက်စားများ အသုံးအဆောင် ပစ္စည်းများကို အတုံးလိုက်အတစ်လိုက် ဝတ်ဆင်ထားခြင်းပါ။
ဒါကိုကြည့်ခြင်းအားဖြင့် အဆိုပါ မင်္ဂလာ သတို့သားနဲ့ သတို့သမီး တို့ဟာ တော်ရုံတန်ရုံချမ်းသာတဲ့ အဆင့်တော့ မဟုတ်လောက်ထူးထင်ပါရဲ့။
ဒါ့အပြင် အလွန်တန်ဖိုးကြီးမားလှတဲ့ ဇိမ်ခံကားအမျိုးအစားတွေဖြစ်တဲ့ Ferrari နဲ့ Porsche လိုမျိုး ကားတန်းကြီးကို ဘေးဘယ်ဝဲယာ ခြံရံစီတန်းပြီး မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ မင်္ဂလာပွဲကို ကြည့်ပြီး တချိန်က မြန်မာပြည်မှာ ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ခဲ့ဖူးတဲ့ နိုင်ငံခေါင်းဆောင်ကြီးရဲ့သမီး မင်္ဂလာဆောင်ကိုတောင် သွားသတိရမိပါသေးတယ်။
အဲ့ဒီမင်္ဂလာပွဲဟာလည်း ရွှေတွေ စိန်တွေ အတုံးလိုက်အတစ်လိုက် ဆင်မြန်းပြီး မင်္ဂလာခဲဖိုးတွေကို အုပ်လိုက် ပြန်ပေးခဲ့ကာ လက်ဖွဲ့အဖြစ် ကားသော့တွေ ရွှေတွေ စိန်တွေ ပြန်ရတဲ့ “စိန်စီသောည” ဆိုသော မင်္ဂလာ အခမ်းအနားကိုတော့ အားလုံးမှတ်မိကြဦးမယ်ထင်ပါရဲ့။
Ref:People’s daily china