တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Yunnan ဒေသ Kunming မြို့ရဲ့ ရှော့ပင်းစင်တာတခုမှာ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တဦးဟာ စက်လှေကား ၄ လွှာမှ ပြုတ်ကျသေဆုံးခဲ့မှုဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီအဖြစ်အပျက်ကို ရှော့ပင်းစင်တာတွင် တပ်ဆင်ထားသော CCTV ကင်မရာမှ ဖမ်းယူရရှိခဲ့တာပါ။
ဖြစ်ပုံကတော့ သေဆုံးသူမိန်းကလေးငယ်ဟာ ရှော့ပင်းစင်တာရဲ့ ၄ လွှာရှိ စက်လှေကားလက်ရမ်းပေါ်သို့ ဖက်တွယ် ခွစီးကာ ဆော့ကစားနေရင်း ရွေ့လျားနေတဲ့ စက်လှေကားလက်ရမ်းနဲ့အတူ အမြင့်ပေါ်သို့ တပါတည်း လိုက်ပါသွားရာကနေ ဆက်လက်ပြီး လက်ရမ်းကို မတွဲခိုနိုင်တော့ဘဲ လက်လွတ်ပြုတ်ကျကာ သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။
အဆိုပါ သေဆုံးသူ ကလေးငယ်နဲ့အတူ အခြားသော ကလေးငယ် နှစ်ဦးဟာလည်း အဲ့ဒီစက်လှေကားပေါ်မှာ ဆော့ကစားနေကြတာကို CCTV ကင်မရာထဲမှာ တွေ့မြင်ရပါတယ်။
တရုတ်နိုင်ငံတွင် ကလေးငယ်တော်တော်များများဟာ ရှော့ပင်းစင်တာတွေရဲ့ စက်လှေကားတွေပေါ်မှာ ဆော့ကစားရင်း သေဆုံးခဲ့ကြတာများပါတယ်။ မိဘတွေဈေးဝယ်နေတဲ့အချိန် သတိလက်လွတ်ဖြစ်နေချိန်တွေ မှာ ကလေးငယ်တွေဟာ ရွေ့လျားနေတဲ့ စက်လှေကားတွေနားသွားရောက်ဆော့ကစားကြရာကနေ ဖြစ်ပွားခဲ့ကြတာများလို့ ဈေးဝယ်စင်တာတွေမှာ မိဘတွေအနေနဲ့ ကိုယ်နဲ့အတူ ပါလာတဲ့ ကလေးငယ်တွေကို သတိထားစောင့်ကြည့်ကြဖို့ နှိုးဆော်တိုက်တွန်းခဲ့ပေမယ့်လည်း ဆက်လက်ဖြစ်ပွားမြဲ ဖြစ်ပွားလျက်ပါပဲ။
မြန်မာနိုင်ငံက ကလေးမိဘတွေအနေနဲ့လည်း အခုလို အဖြစ်အပျက်မျိုးနဲ့ မတွေ့ကြုံရစေရန်အတွက် မိမိ ကလေးငယ်တွေကို အထူးသတိပြုစောင့်ကြည့်သင့်တယ်လို့ ထင်မြင်မိပါတော့တယ်။
အဆိုပါ အဖြစ်အပျက်ကို ရှော့ပင်းစင်တာရဲ့ CCTV ရဲ့ ကင်မရာကတဆင့် ဖမ်းယူရိုက်ကူးထားပုံကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Video credit – CCTV news
Ref: Mirror