ဟောလီးဝုဒ်ရဲ့အကယ်ဒမီဆုပေးပွဲကြီးဖြစ်တဲ့ ၈၈ ကြိမ်မြောက် အော်စကာဆုပေးပွဲအတွက် အကယ်ဒမီ စာရင်းများကို ကြာသပတေးနေ့က ထုတ်ပြန်ကြေငြာလိုက်ပါပြီ။
Best Picture စာရင်းဝင်အကောင်းဆုံးဇာတ်ကားတွေကတော့ The Big Short, Bridge of Spies,Brooklyn
Mad Max: Fury Road, The Martian, The Revenant, Room, Spotlight စတဲ့ ဇာတ်ကားများ ပါဝင် ပါတယ်။
Best Actress စာရင်းဝင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်တွေကတော့ Carol ဇာတ်ကားထဲမှ Cate Blanchett, Room ဇာတ်ကားထဲမှ Brie Larson, Joy ဇာတ်ကားထဲမှ Jennifer Lawrence, 45 Years ဇာတ်ကားထဲမှ Charlotte Rampling နှင့် Brooklyn ဇာတ်ကားထဲမှ Saorise Ronan တို့ ဖြစ်ကြပါတယ်။
Best Actor စာရင်းဝင် အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်တွေကတော့ Trumbo ဇာတ်ကားထဲမှ Bryan Cranston , The Martian ဇာတ်ကားထဲမှ Matt Damon, The Revenant ဇာတ်ကားထဲမှ Leonardo DiCaprio, Steve Jobs ဇာတ်ကားထဲမှ Michael Fassbender နှင့် The Danish Girl ဇာတ်ကားထဲမှ Eddie Redmayne တို့ဖြစ်ကြပါတယ်။
Best Supporting Actress စာရင်းဝင် အကောင်းဆုံး ဇာတ်ပို့ အမျိုးသမီးသရုပ်ဆောင်တွေအနေနဲ့ The Hateful Eight ဇာတ်ကားနဲ့ Jennifer Jason Leigh, Carol ဇာတ်ကားနဲ့ Rooney Mara, Spotlight ဇာတ်ကားနဲ့ Rachel McAdams, The Danish Girl ဇာတ်ကားနဲ့ Alicia Vikander, Steve Jobs ဇာတ်ကားနဲ့ Kate Winslet တို့ပါ။
Best Supporting Actor စာရင်းဝင် အကောင်းဆုံး အမျိုးသားဇာတ်ပို့သရုပ်ဆောင်တွေကတော့ The Big Short ဇာတ်ကားနဲ့ Christian Bale, The Revenant ဇာတ်ကားနဲ့ Tom Hardy, Spotlight ဇာတ်ကားနဲ့ Mark Ruffalo, Bridge of Spies ဇာတ်ကားနဲ့ Mark Rylance, Creed ဇာတ်ကားနဲ့ Sylvester Stallone တို့ပါဝင်နေကြပါတယ်။
ဒီနှစ် အော်စကာဆုပေးပွဲရဲ့ အကယ်ဒမီစာရင်းဝင်တွေထဲမှာ မကြာသေးခင်ကမှ ကျင်းပပြုလုပ်ပြီးသွားတဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုရရှိခဲ့တဲ့ လီယိုနာဒို ဒီကာပရီယို နှင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ပု့ိဆု ရရှိခဲ့တဲ့ ကိတ်ဝင်းစလက်တို့လည်း ပြန်လည်ပါဝင်နေတာတွေ့ရပါတယ်။
Ref: global news