Lifestyle

ဟယ်ရီပေါ်တာဇာတ်ကားထဲက ပရော်ဖက်ဆာ စနိပ် ကွယ်လွန်

This article has been converted from Zawgyi One to Unicode

နာမည်ကြီး ဟယ်ရီပေါ်တာဇာတ်ကား၊ Die Hard ဇာတ်ကား နှင့် Robin Hood ရုပ်ရှင်ဇာတ်ကားတို့တွင် သရုပ်ဆောင်ခဲ့သော နာမည်ကျော် သရုပ်ဆောင် Alan Rickman ဟာ ဇန်နဝါရီလ ၁၄ရက်နေနေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

သူကွယ်လွန်ချိန်မှာ အသက် ၆၉နှစ်ရှိပြီလို့ သူ့ မိသားစုဝင်တွေကပြောပါတယ်။

Rickman ဟာ ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်ကားတွင် ပရော်ဖက်ဆာ စနိပ် ၊ Die Hard ရုပ်ရှင်ကားတွင် Hans Gruber အဖြစ် သရုပ်ဆောင်ခဲ့ပြီး ဗြိတိန်နိုင်ငံရဲ့ နာမည်ကျော် သရုပ်ဆောင်တယောက် ဖြစ်လာခဲ့တာပါ။

ဟယ်ရီပေါ်တာ ဝတ္ထုရေးတဲ့ စာရေးဆရာမ ဂျေကေရိုးလင်းက “သူက အရမ်းတော်တဲ့ သရုပ်ဆောင်တယောက် ၊ အံသြစရာကောင်းတဲ့ လူတယောက်ပါ။” လို့ ချီးကျူးခဲ့ပါတယ်။

Rickman က ဟယ်ရီပေါ်တာ ဇာတ်ကား ၈ ကားစလုံးတွင် ပရော်ဖက်ဆာ စနိပ်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

ဟယ်ရီပေါ်တာရဲ့ ပထမဆုံးဝတ္ထုစာအုပ်ကစလို့ ပရော်ဖက်ဆာ စနိပ်ဟာ ဟော့ဒ်ဝက်ကျောင်းတော်ကြီးမှာ မကောင်းတဲ့ မှော်ပညာတွေကို ကာကွယ်တဲ့ဘာသာရပ်ကို သင်ပြသော ဆရာတဦးဖြစ်ပြီး မင်းသား ဟယ်ရီကို ရန်လိုတဲ့ ဆရာတယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူရဲ့ဇာတ်ကောင်စရိုက်ဟာ ပဟေဋ္ဌိဆန်လာခဲ့ပါတယ်။ စာရေးဆရာမ ဂျေကေရိုးလင်းကလည်း နောက်ဆုံး စာအုပ်အထိတိုင်အောင် သူရဲ့ဇတ်ကောင်စရိုက်ကို အပြည့်အ၀ မထုတ်ဖော်ခဲ့ပါဘူး။

Rickman ဟာ Emmy Award၊ ရွှေကမ္ဘာလုံးဆုနှင့် BAFTA( Academy of Film and Television Arts) ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Ref: BBC/ Wikipedia

Loading