• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Event

ဒီတပတ် စနေ၊ တနင်္ဂနွေ “ဘယ်သွားမလဲ၊ ဘာလုပ်မလဲ”

by သီဟတိုး
16 January 2016
in Event
A A
Nobel-Myanmar, Job Opportunity, Event

မနှစ်က ကျင်းပခဲ့တဲ့ နိုဘယ်-မြန်မာ စာပေပွဲတော် (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

2.7k
VIEWS
Share on FacebookShare on Twitter
Nobel-Myanmar, Job Opportunity, Event
မနှစ်က ကျင်းပခဲ့တဲ့ နိုဘယ်-မြန်မာ စာပေပွဲတော် (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
Nobel-Myanmar, Job Opportunity, Event
မနှစ်က ကျင်းပခဲ့တဲ့ နိုဘယ်-မြန်မာ စာပေပွဲတော် (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
Nobel-Myanmar, Job Opportunity, Event
မနှစ်က ကျင်းပခဲ့တဲ့ နိုဘယ်-မြန်မာ စာပေပွဲတော် (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)

Nobel-Myanmar, Job Opportunity, Event
မနှစ်က ကျင်းပခဲ့တဲ့ နိုဘယ်-မြန်မာ စာပေပွဲတော် (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
Nobel-Myanmar, Job Opportunity, Event
မနှစ်က ကျင်းပခဲ့တဲ့ နိုဘယ်-မြန်မာ စာပေပွဲတော် (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)

ဒီတပတ် စနေ၊ တနင်္ဂနွေမှာ ကျနော်ပြောပြပေးချင်တဲ့ ပွဲတွေကတော့ ဇန်နဝါရီလ (၁၆) ရက်နေ့ကနေ (၁၈) ရက်နေ့အထိ သုံးရက်တာ ကျင်းပပြုလုပ်မယ့် “နိုဘယ်-မြန်မာစာပေပွဲတော်” နဲ့ ဇန်နဝါရီ (၁၆) ရက်နဲ့ (၁၇) ရက်နေ့များမှာ နှစ်ရက်တာ ပြုလုပ်မယ့် “Work.com.mm အလုပ်အကိုင်ပြပွဲ” တို့ပဲ ဖြစ်ပါတယ်။

“နိုဘယ်-မြန်မာစာပေပွဲတော်” ကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း၊ ရှင်စောပုလမ်းပေါ်မှာ ရှိတဲ့ Myanmar Event Park (M.E.P) ဝင်းထဲမှာ ကျင်းပသွားမှာ ဖြစ်ပြီး ဒီပွဲဟာ ကလေးစာပေ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ စာပေပွဲတော်တခု ဖြစ်ပါတယ်။
အဲဒီပွဲမှာဆိုရင် စာအုပ်ဆိုင်ပေါင်း (၁၀၀) ကျော်မှ စာအုပ်များ ခင်းကျင်းပြသ ရောင်းချသွားမှာဖြစ်ပြီး ခေတ်အဆက်ဆက် အောင်မြင်ကျော်ကြားခဲ့တဲ့ ကလေးစာပေဆိုင်ရာ စာအုပ်စာတမ်းများ ပြပွဲ၊ ကလေးငယ်များအတွက် ကဗျာ၊ ဂီတ ဖျော်ဖြေမှု၊ ပုံပြောအဖွဲ့များ၏ ပုံပြော အစီအစဉ်များနဲ့ အခြား ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များ ပါဝင်ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
10.7k
မြိတ်မြို့

မြိတ်မြို့

11 May 2025
573
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
247

အဆိုပါ နိုဘယ်-မြန်မာ စာပေပွဲတော်ဟာ ဝင်ကြေးအခမဲ့ဖြစ်ပြီး နံနက်ပိုင်းနဲ့ နေ့လည်ပိုင်း အစီအစဉ် တွေမှာ ပြည်တွင်းပြည်ပ စာပေပညာရှင်တွေရဲ့ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဝိုင်းဖွဲ့ဆွေးနွေးပွဲများ ၊ စာရေးဆရာ၊ ကဗျာဆရာတို့ရဲ့ ဝတ္ထုဖတ်ပွဲ၊ ကဗျာဖတ်ရွတ်ပွဲများ၊ ပန်းချီဝါသနာရှင် ကလေးများရဲ့ ပန်းချီလက်ရာများ ပြပွဲများ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် စာပေပွဲတော်လာ ကလေးများကိုယ်တိုင် ပါဝင်ဆင်နွှဲနိုင်မယ့် ပုံပြောစွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ် စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနဲ့ ဆေးရောင်ခြယ် ပြိုင်ပွဲတို့လည်း ပါဝင်ပါတယ်။

ညပိုင်း ဖျော်ဖြေရေး အစီအစဉ်တွေမှာဆိုရင်လည်း ကလေးငယ်များရဲ့ အကများ၊ စာရေးဆရာ၊ ဆရာများ၊ ကာတွန်း၊ ပန်းချီ၊ အနုပညာရှင်များ၊ စာနယ်ဇင်းဆရာ၊ ဆရာမ များရဲ့ ကိုယ်တိုင် ပါဝင် ဖျော်ဖြေကြမယ့် ပြဇာတ်၊ အက၊ ဂီတစတဲ့ ဖျော်ဖြေမှုများကိုလည်း ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီ “နိုဘယ်-မြန်မာ စာပေပွဲတော်” ဟာဆိုရင် စနေ၊ တနင်္ဂနွေ နှစ်ရက်တာ အားလပ်ရက်မှာ မိသားစုနဲ့ အတူ အချိန်ပေးသွားရောက် လေ့လာသင့်တဲ့ နေရာတခုဖြစ်ပါတယ်။ စာပေချစ်သူတွေအတွက် စာအုပ်စာပေတွေ ရောင်းချပေးမယ့် ပွဲတော်တခုဖြစ်တာကြောင့်လည်း စာအုပ်စာပေချစ်သူတွေအနေနဲ့ လက်မလွတ်ပဲ သွားရောက်သင့်တဲ့ ပွဲတခုပါ။

“Work.com.mm အလုပ်အကိုင်ပြပွဲ” ကိုတော့ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park မှာ စနေ၊ တနင်္ဂနွေ နှစ်ရက်တာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီးတော့ အဲဒီပွဲမှာ လုပ်ငန်းနယ်ပယ်ပေါင်းစုံမှ အတွေ့အကြုံရှိ အလုပ်ရှာဖွေသူများအတွက် အဲဒီပွဲမှာ အပြည်ပြည်ဆိုင်ရာ ထိပ်တန်းကုမ္ပဏီကြီးများနဲ့  ပြည်တွင်း ကုမ္ပဏီကြီးများမှ HR များနဲ့ လူတွေ့မျက်နှာချင်းဆိုင် အင်တာဗျူးဖြေဆိုခွင့် ရရှိနိုင်မယ့် အခွင့်အရေး စတဲ့ အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာ ရရှိနိုင်မယ့် ပွဲတခုပါ။

ဒါ့အပြင် အဲဒီပွဲမှာ သက်ဆိုင်ရာအသိပညာရှင်တွေကနေ ပွဲလာရောက်သူ၊ အလုပ်အကိုင် ရှာဖွေနေသူ များကို မျှဝေပို့ချပေးမယ့် လုပ်ငန်းခွင်ဆိုင်ရာ ဗဟုသုတများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စကားဝိုင်းနှီးနှော ဖလှယ်ပွဲများစတဲ့ ပွဲတွေကလည်း ပြပွဲအတွင်းမှာ ကျင်းပသွားမှာပါ။
Work.com.mm ပွဲကို ဘယ်သူမဆို တက်ရောက်နိုင်မှာဖြစ်ပြီး အလုပ်ရှာဖွေချင်သူတွေအနေနဲ့ မိမိတို့ရဲ့ကိုယ်ရေးအကျဉ်း အပြည့်အစုံဖော်ပြထားတဲ့ CV Form လုပ်လျှောက်လွှာများကို တပါတည်း ယူဆောင်လာပြီး မိမိလျှောက်ထားလိုတဲ့ အလုပ်အကိုင်တို့ကိုလည်း ပြပွဲအတွင်းမှာ တိုက်ရိုက် လျှောက်ထားနိုင်တယ်လို့ သိရှိရပါတယ်။

ဒါကြောင့်မို့လို့ ဒီတပတ် စနေ၊ တနင်္ဂနွေနေ့များမှာ “ဘယ်သွားမလဲ၊ ဘာလုပ်မလဲ” ကဏ္ဍကနေတဆင့် ရုံးပိတ်၊ အားလပ်ရက် နှစ်ရက်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် စာအုပ်စာပေ ချစ်မြတ်နိုးသူတွေ အတွက် “နိုဘယ်-မြန်မာစာပေပွဲတော်” နဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေနေသူတွေအတွက် “Work.com.mm အလုပ်အကိုင်ပြပွဲ” အကြောင်းတို့ကို ဖော်ပြပေးလိုက်ပါတယ်။

Your Thoughts …
သီဟတိုး

သီဟတိုး

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
တူးပို့, မြို့မငြိမ်း, ဦးရွှန်းမြိုင်

လေးကြိမ်လောက် တွေ့ဆုံပြီးမှ မထုတ်ဖြစ်ပါဘူးလို့ ပြောပြီး အခုလိုလုပ်တာ

movie review

ဒီတပတ်အတွက် ကြည့်စရာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate