Event

မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် Connect To Learn အစီအစဉ်

This article has been converted from Zawgyi One to Unicode

ဆက်သွယ်ရေးနည်းပညာနဲ့ ဝန်ဆောင်မှုလုပ်ငန်းများမှာ ကမ္ဘာ့ဦးဆောင်လုပ်ငန်းတခု အဖြစ် ရပ်တည်လျက်ရှိတဲ့ Ericsson က မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ကူညီထောက်ပံ့မှု လိုအပ်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် Connect To Learn အစီအစဉ်ကို လာမယ့် ၂၀၁၇ ခုနှစ် အစပိုင်းမှာ စတင်တော့မှာပဲ ဖြစ်ပါတယ်။

Connect To Learn အစီအစဉ်မှာ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၁,၀၀၀ ကို ဂဏန်း သင်္ချာ တွက်ချက်မှုဆိုင်ရာ သင်ကြားမှုများ၊ ဒေသသုံး ဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားတို့ကို ရေးတတ်၊ ဖတ်တတ်အောင် သင်ကြားမှုများကို လုပ်ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။

Ericsson က မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ UK Department for International Development (DFID)၊ UNESCO၊ Qualcomm Wireless Reach၊ Earth Institute၊ Finja Five နှင့် EduEval Educational Consultancy တို့နဲ့ အတူ ပူးပေါင်းပြီး  မြန်မာနိုင်ငံမှာ Connect to Learn အစီအစဉ်ရဲ့ လုပ်ငန်းတိုးတက် ဆောင်ရွက်ချက်များကို ဇန်နဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ ဆူးလေ-ရှန်ဂရီလာမှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

Connect to Learn အစီအစဉ် အနေနဲ့ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ပေးထားတဲ့ စာသင်ကျောင်း (၃၁) ကျောင်းမှ ဆရာ၊ ဆရာမပေါင်း (၁၅၅) ဦးက စာသင်ခန်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ICT နည်းပညာများ အသုံးပြုပြီး စာသင်ကြားခြင်း၊ အင်တာနက်အခြေပြု လေ့လာ သင်ယူမှုများ လုပ်ဆောင်ပေးခြင်းတို့ကို အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

Connect to Learn အစီအစဉ်ဟာ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကနေ ဖွံ့ဖြိးဆဲ နိုင်ငံတွေမှာ အရည်အသွေးမြင့် အလယ်တန်းအဆင့် ပညာရေးစနစ်ကို လူတိုင်းလက်လှမ်းမီ နိုင်စေနိုင်ဖို့နဲ့ လူငယ်များ ကျောင်းတက်ရောက် နိုင်ရေးအပေါ် ICT နည်းပညာကို အသုံးပြုပြီး ကူညီဆောင်ရွက်ပေးတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။

ဒီ အစီအစဉ်ဟာ Ericsson နဲ့ UK Department for International Development’s (DFID) Girls’ Education Challenge တို့ရဲ့  နည်းဗျူဟာကျကျ ပူးပေါင်းအကောင်အထည် ဖော်ထားတဲ့ စီမံကိန်း တရပ်ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို  မြန်မာပြည်မှာ ၂၀၁၅ ဇွန်လ ကတည်းက စတင်ခဲ့ပြီး၊ မန္တလေး တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှာရှိတဲ့ စာသင်ကျောင်း (၃၁) ကျောင်းမှ ဆရာ၊ ဆရာမ တွေကို  ICT နည်းပညာဆိုင်ရာ အရည်အသွေး တိုးမြှင့်ပေးနိုင်ခဲ့ပြီလို့ သိရပါတယ်။

“ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်းက ကလေးငယ်တွေအားလုံး ပညာသင်ကြားဖို့ အခွင့်အလမ်းကို ကူညီဖို့ ပညာရေးဆိုင်ရာ ထောက်ပံ့မှုတွေ ပေးသွားဖို့ ကတိကဝတ် ထားရှိပါတယ်။ ပြီးတော့ နိုင်ငံဟာ သင်ကြားလေ့လာခြင်း၊ ကျန်းမာရေး၊ မိန်းကလေးတွေရဲ့ ကောင်းမွန်တဲ့ဘဝနဲ့ သူတို့ရဲ့ မိသားစု၊ လူမှု ပတ်ဝန်းကျင်တွေအပေါ် သက်ရောက်နေတဲ့ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ပါဝင်တဲ့ ကျောင်းတွင်း ပညာသင်ကြားရေးကို ခေတ်မီဆန်းသစ်ခြင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေတယ်ဆိုတာကို ဒီအစီအစဉ်ကနေ အများသိအောင် လုပ်ပြနိုင်မှာပါ” လို့ DFID ရဲ့ Head in Myanmar ဖြစ်သူ Gavin McGillivra က ပြောပါတယ်။

DFID မှ ပေါင် ၃.၇ သန်းနီးပါး (ခန့်မှန်းချေအမေရိကန်ဒေါ်လာ ၅.၄ သန်း) ရံပုံငွေထည့်ဝင်ထားပြီး၊ အခြား အဖွဲ့ဝင် မိတ်ဖက်များကလည်း ၎င်းနည်းတူ ငွေပမာဏအတိုင်း လူမှုရေးလှူဒါန်းမှုများ၊ ငွေသားများနဲ့ ပါဝင် သွားမယ်လို့ သိရပါတယ်။

Loading