Lifestyle

ဘောလုံးသမား ရိုနယ်ဒို နဲ့ စူပါမော်ဒယ် အလက်ဇန်းဒယားတို့ရဲ့ ညှို့အားပြင်းပုံများ ကျော်ကြားနေ

This article has been converted from Zawgyi One to Unicode

ညှို့အားပြင်းပြင်း ယောက်ျားပီသတဲ့ ခန္တာကိုယ်အချိုးအစားဖြင့် ကမ္ဘာကျော် ဘောလုံးသမားလည်းဖြစ် ရီးရဲမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးလည်းဖြစ်တဲ့ ခရစ်စတီယာနို ရိုနယ်ဒို နှင့် ကမ္ဘာကျော်အလှကုန် အမှတ်တံဆိပ်တခုဖြစ်တဲ့ Victoria’s Secret ရဲ့ စူပါမော်ဒယ် အလက်ဇန်းဒယား အန်ဗရိုစီယို ဂရေ့စ် တ့ိုနှစ်ဦးရဲ့ ဆွဲဆောင်မှုအပြည့်နဲ့ ဓာတ်ပုံတွေဟာ လူကြိုက်များထင်ရှားလို့နေပါတယ်။

အဆိုပါ ဆွဲဆောင်မှုအပြည့်နဲ့ နာမည်ကျော်နှစ်ဦးရဲ့ ဓာတ်ပုံတွေဟာ GQ ဆိုတဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် နိုင်ငံတကာအမျိုးသားလစဉ်မဂ္ဂဇင်းရဲ့ ကာဗာဓာတ်ပုံတွေလည်း ဖြစ်ပါတယ်။

အဲ့ဒီ မဂ္ဂဇင်းကာဗာ ဓာတ်ပုံထဲက အပေါ်ပိုင်းဗလာကျင်းနဲ့ တောင့်တင်းတဲ့ ကြွက်သားတွေကို အသားပေး ဖော်ပြထားပြီး ယောက်ျားဝတ်အတွင်းခံဘောင်းဘီအနီရောင်နဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္တာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသော အသက် ၃၀ အရွယ် ရိုနယ်ဒိုရဲ့ အသွင်အပြင်ဟာ ယောက်ျားချင်းတောင် မနာလိုချင်စရာ ဖြစ်လောက်ပါတယ်လို့ US မဂ္ဂဇင်းက သတင်းတရပ်မှာ ဆိုထားပါတယ်။

အဲ့ဒီလို ဆွဲဆောင်မှုအပြည့်နဲ့ ရိုနယ်ဒိုရဲ့ ခန္တာကိုယ်ကို ကွယ်ပြီး အပေါ်ပိုင်းအဝတ်အစားဗလာဖြင့် အတွင်းခံ ဘောင်းဘီတခုတည်းကိုသာ ဝတ်ဆင်ထားတဲ့ အသက် ၃၄ နှစ်အရွယ် အန်ဗရိုစီယိုရဲ့ လှပကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေဟာလည်း ပရိတ်သတ်ကို ပိုမိုဆွဲဆောင်နိုင်စေခဲ့တယ်လို့ ထင်ပါရဲ့။

ဒါ့ထက် သူတို့နှစ်ဦးရဲ့ တခြားသော ကြည်နူးစွဲမက်ဖွယ်ကောင်းတဲ့ ပုံတွေဟာလည်း မြင်ရသူအဖို့ ရင်ခုန်ချင်စရာပါ။

ကမ္ဘာကျော် ဘောလုံးသမား ရိုနယ်ဒိုနှင့် စူပါမော်ဒယ် အန်ဗရိုစီယိုတို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ခပ်လန်းလန်း ပုံတွေကို ဧရာဝတီပရိတ်သတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်။

Ref: GQ magazine.com/ us magazine.com

Loading