Lifestyle

"အနွေးဓာတ်ရယူဖို့ ရေပူစမ်းမှာရေစိမ်လေ့ရှိတဲ့ နှင်းမျောက်များ"

This article has been converted from Zawgyi One to Unicode

ပုံမှာ မြင်ရတဲ့အတိုင်း ရေပူစမ်းမှာရေစိမ်ပြီး ဇိမ်အပြည့်ယူနေတဲ့ ချစ်စရာ မျောက်ကလေးတွေကတော့ ဂျပန်နိုင်ငံက Japanese macaque ဒါမှမဟုတ် Snow Monkey လို့လည်းခေါ်တွင်တဲ့ နှင်းမျောက် ကလေးတွေပါ။

ဒီနှင်းမျောက်လေးတွေဟာ နှစ်စဉ် ဒီလိုအချိန်ကိုရောက်လာပြီဆိုရင် ဂျပန်နိုင်ငံ Yamanouchi မှာ ရှိသော Jigokudani ဆိုတဲ့ မျောက်ဥယျာဉ်သို့ အုပ်စုလိုက် လာရောက်ပြီး အနွေးဓာတ်ရရှိဖို့ရန် အဲ့ဒီက ရေပူစမ်းများမှာ ရေလာချိုးတတ်ကြပါတယ်။

ဒီလို ရေပူစမ်းမှာ ရေစိမ်၊ ရေချိုးလာကြတဲ့ နှင်းမျောက်လေးတွေရဲ့ ပျော်ရွှင်မြူးထူးနေတဲ့ အမူအရာဟန်ပန် တွေကို လာရောက်ကြည့်ရှုကြတဲ့ ပြည်တွင်းခရီးသွားတွေဟာ အလွန်ပင် သဘောကျနှစ်ခြိုက်ကြတာပါ။ ဒီအစဉ်အလာဟာ ခရီးသွားဧည့်သည်တွေကို အထူးဆွဲဆောင်စေနိုင်တဲ့အရာတခုဖြစ်လာပြီး တနှစ်ပြီးတနှစ် လာရောက်ကြည့်ရှု ဓာတ်ပုံရိုက်ကူးကြတဲ့ ခရီးသွားဧည့်သည်များ တိုးလို့လာနေပါတော့တယ်။

Selfie တုတ်ချောင်းတွေအသုံးပြုပြီး လာရောက်ဓာတ်ပုံ ရိုက်ကူးကြသလို တချို့ဆိုလျှင် ဝေဟင်မှာ ပျံဝဲပြီး ရိုက်ကူးနိုင်တဲ့ ကင်မရာတွေအသုံးပြုပြီး ရိုက်ကူးကြကာ ချစ်စရာကောင်းတဲ့ နှင်းမျောက်လေးတွေရဲ့ နေထိုင် လုပ်ကိုင်နေပုံများကို မှတ်တမ်းတင်ကြပါတယ်။

Snow Monkey လေးတွေရဲ့ သွင်ပြင်လက္ခဏာကတော့ မျက်နှာပြင်လေးသာကွက် နီရဲနေပြီး သူ့ခန္တာကိုယ်မှာ မီးခိုးရောင်သန်းနေတဲ့ အမွှေးအမျှင်များရှိပါတယ်။

အဆိုပါ Snow Monkey လို့ခေါ်တဲ့ နှင်းမျောက်တွေဟာ ကမ္ဘာ့သက်ကြီးမျောက်မျိုးစိတ်ဝင်တမျိုးလည်း ဖြစ်ကာ သူတို့ရဲ့ နေရပ်ဇာတိကတော့ ဂျပန်ကဖြစ်ပါတယ်။ သူတို့တွေဟာ နှင်းတွေဖြုံးလွှမ်းနေတဲ့ မြေပြင်ပေါ်မှာ လပေါင်းများစွာ နေထိုင်ကျက်စားကြပါတယ်။

Ref: CCTVnews/Wikipedia

Loading