Trend

Galaxy Note 5 ရဲ့အရောင်အသစ် မိတ်ဆက်

This article has been converted from Zawgyi One to Unicode

Samsung Myanmar မှ Galaxy Note 5 ရဲ့အရောင်အသစ်ဖြစ်သော Pink Gold ကို မြန်မာနိုင်ငံမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်ပါပြီ။

ကောင်းမွန်တဲ့ မျက်နှာပြင် နည်းပညာ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်ဖို့ အဆင့်မြှင့်တင်ထားတဲ့ ကင်မရာ၊ လျင်မြန်တဲ့ ကြိုးမဲ့အားသွင်းစနစ်နဲ့ ကြိုးဖြင့်အားသွင်းစနစ်တို့နဲ့အတူ စွမ်းဆောင်ရည်မြင့် processor တို့အပါအဝင် အဆင့်မြင့်လုပ်ဆောင်ချက်များစွာပါဝင်တဲ့ Galaxy Note 5 ဟာ မြန်မာနိုင်ငံရှိ သုံးစွဲသူများကြားမှာ ရေပန်းစားလျက်ရှိပါတယ်။ 4GB RAM အထိတိုးမြှင့်ထားတဲ့အတွက် အဆိုပါ စမတ်ဖုန်းများသည် သုံးစွဲသူများအား  လုပ်ဆောင်ချက်များစွာကို တစ်ပြိုင်နက်တည်းဆောင်ရွက်နိုင်ခြင်း၊ လူမှုကွန်ယက်များတွင် သတင်းနှင့်အချက်အလက်များအား လျင်မြန်စွာတင်နိုင်ခြင်းနှင့် graphic ကောင်းမွန်သော ဂိမ်းများအား အသုံးပြုရန်ဖွင့်သောအခါ အချိန်ကြာခြင်း၊ စောင့်ဆိုင်းရခြင်းမရှိဘဲ ဆော့ကစားနိုင်ခြင်းတို့ကြောင့် ဈေးကွက်အတွင်း အဆင့်မြင့်စွမ်းဆောင်ရည် နှင့် လျင်မြန်သည့် လုပ်ဆောင်ချက်များစွာအား ပံ့ပိုးပေးနိုင်တဲ့ စမတ်ဖုန်းအမျိုးအစားဖြစ်ပါတယ်။

Galaxy Note 5 Pink Gold အရောင်အသစ်အား ဈေးနှုန်း ၈၈၀,၀၀၀ ကျပ်ဖြင့် နိုင်ငံတစ်ဝှမ်းရှိ Samsung Brand Shop များအပါအဝင် မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ Samsung Galaxy Note 5 Pink Gold အရောင်သစ် စတင်ရောင်းချခြင်း အထိမ်းအမှတ်အဖြစ် Pink Gold အရောင်သာမက အခြားထွက်ရှိပြီးသော Gold Platinum, Silver Platinum, Black Sapphire, White Pearl အရောင် (၄) ရောင်၊ ပေါင်း (၅) ရောင်မှ မိမိ နှစ်သက်ရာ မည်သည့်အရောင်ကို ဝယ်ယူသူမဆို Samsung Original Clear Cover တစ်ခု နှင့် Power Bank တစ်ခု အား လက်ဆောင်ပြန်လည်တုံ့ပြန်သွားမှာဖြစ်ပါတယ်။ လက်ဆောင် အရေအတွက်ကို ကန့်သတ်ထားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် Samsung မှ မြန်မာနိုင်ငံရှိသုံးစွဲသူများအတွက် မိုဘိုင်းဖုန်းများမှတစ်ဆင့် အပြင်လောကနှင့် ထပ်တူကျသည့် ပုံရိပ်ခံစားမှုများ ပံ့ပိုးပေးနိုင်တဲ့ Gear VR ကို မြန်မာနိုင်ငံမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း ကြေညာလိုက်ပြန်ပါတယ်။ Gear VR ဟာ Galaxy Note 5၊ Galaxy S6 edge+၊ S6 နှင့် S6 edge တို့အပါအဝင် စမတ်ဖုန်းများနှင့်လည်း တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပြီး ၎င်းစမတ်ဖုန်းများရဲ့ super AMOLED မျက်နှာပြင်အား တဆင့်ထပ်မံမြှင့်တင် ဆောင်ရွက်ပေးနိုင်တဲ့ ထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်ပါတယ်။

ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ ၃၆၀ ဒီဂရီ ပတ်ပတ်လည်ကြည့်နိုင်သော ဗီဒီယိုများ နှင့် Gear VR အတွက် ခံစားမှုအတွေ့အကြုံများအား အခြေခံဖန်တီးထားသော လုပ်ဆောင်ချက်များအား သဘောကျနှစ်ခြိုက်စွာ အသုံးပြုနေစဉ်အတွင်း ပိုမိုကောင်းမွန်သော ထိန်းချုပ်မှုအားရရှိ အသုံးပြုနိုင်ရန်အတွက် ပံ့ပိုးပေးခြင်းဖြင့် Gear VR ရဲ့ touchpad အား အဆင့်မြှင့်တင်ဖန်တီးပေးထားတာပါ။ Samsung Gear VR အား အဖြူရောင်ရရှိနိုင်ပြီး ဈေးနှုန်းမှာ ၁၁၅,၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Loading