Trend

ဒီနှစ်ဆောင်းအတွက် အနွေးထည်

This article has been converted from Zawgyi One to Unicode

အရင်နှစ် ဆောင်းတွင်းတွေထက် ပိုအေးတဲ့ဒီနှစ်မှာ အခုချိန်ထိလည်း အအေးဓာတ်က မလျော့သေးပါဘူး။ အအေးမလျော့တဲ့အပြင် မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း တခါမှ မအေးဖူးတဲ့ အအေးမှတ်ကို ရောက်ခဲ့တယ်လို့ မိုးဇလကလည်း ထုတ်ပြန်ခဲ့ပါတယ်။ ရန်ကုန်မှာတောင် မကြုံစဖူးအေးတဲ့ အရသာကို ခံစားနေရလို့ အနွေးထည် ဖက်ရှင်နဲ့ လမ်းထွက်လိုတဲ့ လူငယ်တွေ အကြိုက်တွေ့နေပါပြီ။ ဒီလိုအေးမြတဲ့ဆောင်းမှာအနွေးထည်ရောင်စုံဒီဇိုင်းစုံနဲ့ ရှိုးထုတ်ဖို့အကောင်းဆုံးပါပဲ။ မနက်ပိုင်းနဲ့ ညပိုင်းမှာ အနွေးထည်ထူထူဝတ်ပြီး နေ့လယ်ပိုင်းမှာတောင် ခပ်ပါးပါးလက်ရှည်ထပ်ဝတ်ထားရတဲ့ ဒီနှစ် ဆောင်းရာသီ ကတော့ တကယ့်ကိုစံပါပဲ။

ဒီရာသီရဲ့ ညနေပိုင်းနဲ့ ခပ်စောစောမနက်ခင်းတွေဟာ ကျောင်းသွားကျောင်းပြန်၊ ရုံးသွားရုံးပြန်ချိန်တွေ ဖြစ်တာမို့ ကျောင်းသားလူငယ်အရွယ်တွေပဲ များပါတယ်။ လူငယ်တွေအနေနဲ့ အဝတ်အစားဝတ်ဆင်ရာမှာ အထာကျဖို့နဲ့ ဖက်ရှင်ကျဖို့ကို ဦးစားပေးကြတာမို့ ဒီတပတ်မှာ လက်ကျန်ဆောင်းတွင်းလေးကို ဖက်ရှင်ကျကျနဲ့ ဖြတ်သန်းပြီးအအေးဒဏ်ကို ခံနိုင်ဖို့ ဆွယ်တာအကျႌလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဆွယ်တာတွေက သိပ်အထူကြီးမဟုတ်မဟုတ်ဘဲ သိပ်လည်းမပါးလွန်းတာကြောင့် ဘယ်သွားသွားသယ်ရ လွယ်ကူပြီးရာသီဥတုဒဏ်လည်း ခံနိုင်မှာပါ။ ဆောင်းရာသီမှမဟုတ်ဘဲ တခါတလေမိုးတွင်းမှာ မိုးအေးတာမျိုးကိုလည်း ဆွယ်တာတထည်နဲ့ ဖြတ်သန်းနိုင်မှာပါ။
ချိုင်းပြတ်ဆွယ်တာ၊ ခေါင်းစွပ်ဆွယ်တာ၊ ရင်စေ့ ဆွယ်တာစသည်ဖြင့် ဆွယ်တာတွေကို ဒီဇိုင်းမျိုးစုံ၊ အရောင်မျိုးစုံနဲ့ မိမိ နှစ်သက်ရာကို ဝယ်ယူဝတ်ဆင်နိုင်ပါတယ်။ ဆွယ်တာတွေကို ရွေးချယ်ရာမှာ အရောင်ခပ်ဖျော့ဖျော့တွေကိုရွေးချယ်ဖို့အကြံပြုချင်ပါတယ်။ ဘာလို့လဲဆိုတော့ အပေါ်ကထပ်ဝတ်တဲ့ အကျႌဖြစ်တာမို့ သူကအရောင်တောက်နေရင် ကျန်တာတွေက မှိန်သွားမှာစိုးလို့ပါ။

ဆွယ်တာတွေက ဈေးလည်းသိပ်မကြီးဘဲဝယ်ယူရလွယ်ကူတာကြောင့် ဝတ်ဆင်ဖို့သင့်တော်ပါတယ်။ ဆောင်းနှောင်းရာသီရောက်နေပြီဆိုပေမယ့် ရာသီဥတုအေးချိန်တိုင်းမှာ ဝတ်ဆင်နိုင်မှာပါ။ နောက်ပိုင်းမှာလူငယ်ဆန်တဲ့ ဒီဇိုင်းလေးတွေနဲ့ ဝင်ရောက်လာတဲ့ ဆွယ်တာလေးတွေကြောင့် ဖက်ရှင်ကိုအမြဲအသားပေးတတ်တဲ့ လူငယ်တွေအနေနဲ့လည်းပိုပြီးစိတ်ဝင်စားလာကြတာကိုတွေ့ရပါတယ်။

တော်ရုံအေးတဲ့ဒေသတခုကိုခရီးထွက်ခဲ့မယ်ဆိုရင် ခရီးဆောင်အိတ်ထဲမှာနေရာလည်းသိပ်မယူ၊ အလေးချိန်လည်းသိပ်မများတဲ့ ဆွယ်တာလေးတွေကိုထည့်ယူသွားသင့်ပါတယ်။ တခြားအနွေးထည်တွေထက်စာရင် သယ်ဆောင်ရပိုလွယ်ကူပြီး အထာလည်းကျတဲ့ ဖက်ရှင် တမျိုး ဖြစ်တာကြောင့် အဆင်ပြေစေမှာပါ။

ဆွယ်တာလေးတွေကို Online shopping နဲ့ Fashion shop တွေမှာဝယ်ယူနိုင်ပါတယ်။ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရာသီဥတုနဲ့လည်း ကိုက်ညီတဲ့အတွက် ရွေးချယ်သင့်ပါတယ်။ ဒီနှစ်ရဲ့ လက်ကျန်ဆောင်းမှာ ဆွယ်တာ ဒီဇိုင်းသစ်လေးတွေနဲ့ လန်းနိုင်ကြပါစေ။

Loading