ဖေ့ဘုတ်ကို စတင်တည်ထောင်ခဲ့သူ မက်ခ်ဇူကာဘတ်က သမီးဖြစ်သူ မက်ဆီမာနဲ့ သူ ရေကူးနေတဲ့ ကြည်နူးစရာကောင်းတဲ့ ဓာတ်ပုံကို သူရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ မနေ့က တင်ခဲ့ပါတယ်။
“မက် ပထမဆုံးရေကူးခြင်းပါ၊ သူ ဒါကို နှစ်သက်တယ်” လို့ အသက် ၃၁ နှစ်အရွယ် ဇူကာဘတ်က အဆိုပါ ပုံမှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
အသက် ၂ လအရွယ်သာရှိသေးတဲ့ သမီးလေး မက်ဟာ ရင်ဘတ်မှာ နှင်းဆီပန်းအနီရောင်အပွင့်လေးပါဝင်ပြီး အပြာနဲ့ အဖြူ အစင်းကျား ရေကူးဝတ်စုံလေးကိုလည်း ဝတ်ဆင်ထားတာပါ။
ဇူကာဘတ်ဟာ သူ့သမီးလေး မွေးဖွားခဲ့တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာကစလို့ သူ့သမီးငယ်လေးနဲ့ပတ်သက်တဲ့ ဓာတ်ပုံပို့စ်တွေကို အမြဲတမ်းဆိုသလို တင်လေ့ရှိပါတယ်။
ဟိုတလောကလည်း သူ့သမီးလေးရဲ့အနှီး(diaper) လဲပေးနေတဲ့ ပုံကို တင်ခဲ့ကာ အဆိုပါ ပုံဟာ ဖေ့ဘုတ်လူမှုကွန်ရက်အကြားပျံ့နှံ့သွားခဲ့ပါသေးတယ်။
“အနာဂတ်မှာ အဖေနဲ့အမေအတွက် ဘယ်လိုမျှော်လင့်ချက်တွေပေးလာမယ်ဆိုတာ အခုထက်ထိ ဖော်ပြစရာစကားလုံးမတွေ့သေးပါဘူး” လို့ဆိုပြီး မိဘနှစ်ပါးဖြစ်သူ ဇူကာဘတ်နှင့် ချမ်း တို့က သမီးလေးထံ ပေးစာဆိုပြီး ဒီဇင်ဘာ ၁ ရက်နေ့က ရေးသားခဲ့ပါတယ်။
“သမီးရဲ့ရှေ့ဆက်မယ့် ဘဝခရီးမှာ ကတိတွေအပြည့်ပါပဲ။သမီးလေး ပျော်ရွှင်ကျန်းမာလိမ့်မယ်လို့လည်း အဖေနဲ့အမေ မျှော်လင့်ပါတယ်”
Ref:yahoo.com