ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မွေးနေ့ အခန်းအနားတခုကို ရန်ကုန်မြို့တွင် ဇန်နဝါရီလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ရာ နိုင်ငံတကာက ချီးကျူးဂုဏ်ပြုခြင်းခံရသည့် စာရေးဆရာတဦး ဖြစ်သည့် အမီတဗ်ဂေါ့ရှ် (Amitav Ghosh) တက်ရောက်၍ စကားပြောခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံကို တစိတ်တပိုင်း အခြေခံထားသည့် “The Glass Palace” အပါအဝင် စိတ်ကူးယဉ် ဝတ္ထုများနှင့် အခြားစာ ပေ အများအပြားရေးသားခဲ့သူ ဖြစ်သည့် အမီတဗ်ဂေါ့ရှ်က ရန်ကုန်တက္ကသိုလ်အနီး ဝင်ဒါမီယာရှိ ဦးသန့်၏ နေအိမ်ဟောင်း တွင် ရာသီဥတုပြောင်းလဲခြင်းနှင့် အာရှဒေသဖွံ့ဖြိုးလာခြင်း (Climate Change and a Rising Asia) ခေါင်းစဉ်ဖြင့် ဟော ပြောခဲ့သည်။
ဦးသန့်၏ နေအိမ်ကို မကြာသေးမီက ပြန်လည်ပြင်ဆင်မွမ်းမံခဲ့ပြီး အများပြည်သူ ကြည့်ရှု့လေ့လာနိုင်ရန်အတွက် အထိမ်း အမှတ် ပြတိုက်တခု အဖြစ် ဖွင့်လှစ်ခဲ့သည်။
ဦးသန့်၏ မြေးတော်စပ်ပြီး ဦးသန့်နေအိမ် ထိန်းသိမ်းရေးအဖွဲ့(U Thant House Trust)၏ ပူးတွဲ ဥက္ကဌဖြစ်သော ဒေါက် တာ သန့်မြင့်ဦးက မိတ်ဆက်စကားပြောကြားရာတွင် ဦးသန့်၏ နေအိမ်၌ ရာသီဥတုပြောင်းလဲမှု အကြောင်းဆွေးနွေးခြင်းက အလွန် ကိုက်ညီမှုရှိကြောင်း ပြောကြားခဲ့သည်။
“ဦးသန့်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ နက်နက်ရှိုင်းရှိုင်း ယုံကြည်သူတယောက်ဖြစ်သလို အစော ဆုံး ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်” ဟု သူကဆိုသည်။
“ဦးသန့်ရဲ့ နေအိမ်ဟာ ပြတိုက်တခုသက်သက်အဖြစ် ဆက်ရှိနေရုံမကပဲ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ရာသီဥတု ပြောင်းလဲခြင်းလိုမျိုး ဦးသန့်ရဲ့ ဘဝနဲ့ အမွေအနှစ်တွေကို ဆွေးနွေးတဲ့ နေရာတခု လည်းဖြစ်လာလိမ့်မယ်လို့ ကျတော်တို့ မျှော်လင့်ပါတယ်” ဟု သူက ထပ်ပြောသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့က ပြုလုပ်သည့် အခန်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့် နိုင်ငံရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၊ အရပ်ဘက် အဖွဲ့အစည်းခေါင်းဆောင်များ၊ သံတမန်များ၊ ကုလသမဂ္ဂ တာဝန်ရှိသူများ အပါ အဝင် လူ ၁၂၀ ကျော်တက်ရောက်ခဲ့ကြသည်။