Huawei Devie Myanmar မှ ပါးလွှာပြီး Finger Print နည်းပညာနဲ့ အသစ် ထပ်မံ ထုတ်လုပ်လိုက်တဲ့ Huawei G စီးရီး နောက်ဆုံးထုတ် စမတ်ဖုန်း Huawei GR 5 မိတ်ဆက်ပွဲနဲ့ မြန်မာပလာဇာ ဒုတိယ ထပ်မှာ အသစ် ဖွင့်လှစ်လိုက်တဲ့ Huawei Branded Shop ဖွင့်ပွဲကို ဇန်နဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာပလာဇာမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါပွဲကို Huawei ရဲ့ Brand Ambassador ဝတ်မှုံရွှေရည် အပါအဝင် အနုပညာရှင်များ၊ Huawei ထုတ်ကုန်များကို ရောင်းချလျက်ရှိတဲ့ Dealers များ၊ စာနယ်ဇင်းမီဒီယာများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်များ တက်ရောက်ခဲ့ပါတယ်။
“ကျနော်တို့ Huawei GR5 မှာ ဆိုရင် လက်ဗွေရာစနစ်က လက်ရေစိုနေတာပဲ ဖြစ်ဖြစ်၊ လက်ခြောက် နေတာပဲ ဖြစ်ဖြစ် ဘက်ပေါင်းစုံ လက်ဗွေရာဖတ်စနစ်နဲ့ အသုံးပြုနိုင်ပြီးတော့ လက်ဗွေနဲ့ ဖုန်း Lock ဖွင့်တာ၊ ဖုန်းလာရင် ဖုန်း ဖြေကြားတာ၊ နှိုးစက် အသံပိတ်တာ၊ ကင်မရာရိုက်တာ စတဲ့ လုပ်ဆောင် ချက်တွေကို သုံးနိုင်ပါတယ်” လို့ GR5 မှာ ပါဝင်တဲ့ လုပ်ဆောင်ချက်၊ တည်ဆောက်ပုံတွေကို Huawei Myanmar မှ Project Manager ကိုသက်နိုင်မြင့်က ရှင်းလင်းတင်ပြခဲ့ပါတယ်။
Huawei GR5 စမတ်ဖုန်းက မျက်နှာပြင် အရွယ်စား ၅.၅ လက်မ HD Touch Screen ၊ ကင်မရာ အရည်အသွေး 13 MP နဲ့ အရှေ့ကင်မရာ 5 MP ၊ ဘက်ထရီ 3000 mAh အားရှိတာကြောင့် လူငယ်တွေ အကြိုက်စမတ်ဖုန်း တလုံးဖြစ်ပြီး GR 5 ကို ဈေးနှုန်း၂ သိန်း ၈ သောင်း ၉ ထောင်ကျပ် နဲ့ စတင်မိတ်ဆက် ရောင်းချပေးခဲ့ပါတယ်။