အခုချိန် မိမိနိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အရမ်းအေးလွန်းလို့ မနေနိုင်တော့ပါဘူးလို့ ထင်နေကြသူများ ရုရှနိုင်ငံမှာရှိတဲ့ Oymyakon ဆိုတဲ့ ရွာလေးကို ရောက်သွားမယ်ဆိုရင် သင်တို့ရဲ့ စိတ်တွေ ပြောင်းလဲ သွားပါလိ့မ်မယ်။
ကမ္ဘာပေါ်မှာရှိတဲ့ အေးလှပါပြီဆိုတဲ့ နေရာဒေသတွေမှာ ဇန်နဝါရီလဆိုရင် ပျမ်းမျှ အပူချိန်အနေနဲ့ မိုင်းနပ်စ် ၅၀ ဒီဂရီ ဆဲလ်စီးယပ် အဆင့်သာရှိတယ်ဆိုတာဟာ အဆိုပါ Oymyakon ရွာလေးအတွက်ကတော့ အထူးအဆန်း မဟုတ်တော့ပါဘူး။ အဲ့ဒီရွာလေးကတော့ ကမ္ဘာ့ပေါ်မှာ အမြဲတမ်းအအေးဆုံး ရာသီဥတုနဲ့ နေထိုင်နေရတဲ့ နေရာလေးတစ်ခုပါ။
ကမ္ဘာ့အအေးဆုံးဝင်ရိုးစွန်းနေရာ တခုလို့လည်း အသိများကြတဲ့ Oymyakon ရွာလေးရဲ့ အမြဲတမ်း အနိမ့်ဆုံးအပူချိန်ဟာ မိုင်းနပ်စ် ၇၁.၂ ဒီဂရီဆဲလ်စီးယပ် ဖြစ်နေခဲ့ပါတယ်။
အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်း၊ သမင် ဒရယ်ကြီးများကို ထိန်းကျောင်းခြင်း စတဲ့ အသက်မွေးဝမ်းကျောင်းတွေနဲ့ အဓိက ရပ်တည်နေထိုင်နေကြတဲ့ Oymyakon ရွာလေးမှာ ရွာသူရွာပေါင်း ၅၀၀ ကျော်ရှိပါတယ်။ ရာသီဥတု အခြေအနေကြောင့် ဒေသတွင်း ကောက်ပဲသီးနှံတွေလည်း စိုက်ပျိုးလို့မရကြပါဘူး။ အဆိုပါ ဒေသတွင်း နေထိုင်ကြသူတွေဟာ သမင်၊ ဒရယ်ကြီးများကိုသာ အဓိကထား စားသုံးကြရပါတယ်။
ရာသီဥတုပြင်းထန်လှတာကြောင့် ရွာသူရွာသားတွေဟာ နေ့စဉ် အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေကြရတာပါ။ ဥပမာ – ဘောပင်မင်ရည်တွေ အလွယ်တကူ ခဲသွားခြင်း၊ ကားစက်ပိတ်ပြီးတာနဲ့ ရုတ်တရက်ချက်ချင်း စက်ပြန်နိုးဖို့ခက်ခဲခြင်း၊ ဘထ္ထရီ လျင်မြန်စွာ ကုန်ဆုံးလွယ်ခြင်း စတဲ့ မရေမတွက်နိုင်တဲ့ ပြဿနာ အခက်အခဲတွေကြားထဲမှာ နေ့စဉ်နဲ့အမျှ နှစ်မြှုပ်နေကြရတယ်လို့ သိရပါတယ်။
Ref: People’daily China