Lifestyle

ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ ဆံပင်ပုံစံအမျိုးမျိုး

This article has been converted from Zawgyi One to Unicode

ဘောလုံးသမားလည်းဖြစ် ဖက်ရှင်ပိုင်းမှာလည်း စတိုင်ကျနလွန်းလှလို့ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဖြစ်နေခဲ့ရပြီး အခုချိန်ထိတိုင် သူ့ရဲ့စတိုင်တွေကို တကမ္ဘာလုံးက ဖက်ရှင်အကျော်အမော် တွေက အာရုံစူးစိုက်နေကြရဆဲဖြစ်တဲ့ ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ဟမ်းဟာ သူ့ရဲ့ ဆံပင်ပုံစံကို ဘယ်လိုအလိုက်ဖက်ဆုံးဖြစ်အောင် ဖန်တီးမလဲဆိုတာ အမြဲတစေ တွေးတောကြံစည်နေသူလည်းဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဘောလုံးသမားအဖြစ် စတင်ရပ်တည်လာကတည်းက သူ့ဆံပင်ပုံစံတွေဟာ မယုံကြည်နိုင်လောက်အောင် ဖက်ရှင်ကျန လိုက်ဖက်လွန်းနေတယ်လို့ ဖက်ရှင်အကျော်အမော်တွေရဲ့ မှတ်ချက်ပြုခံရလေ့ရှိပါတယ်။

ရွှေရောင်ဖျော့ဖျော့ ဆံသားအရောင်နဲ့ အတို၊ အရှည်၊ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ စတိုင် နောက် ကတုံးဆံပင်ပေါက်လို ပုံစံမျိုး၊ တခါတခါ အနက်ရောင် ဆံပင်ကိုမှ စတိုင်အမျိုးမျိုး ပြုလုပ်ထားတဲ့ သူ့ရဲ့ ဆံပင်ပုံစံနဲ့ သူ့မျက်နှာ အနေအထားဟာ လိုက်ဖက်လို့နေတာကိုတော့ မငြင်းနိုင်ပါဘူး။

ကမ္ဘာကျော် အနုပညာသမားတွေရဲ့ ဖက်ရှင်ရှေ့ပြေးတဦးလို့လည်း ယနေ့ထက်ထိတိုင်အောင် အချိန်ကြာမြင့်စွာ သတ်မှတ်ခံနေရဆဲ ဘက်ခမ်းဟာ ကလေး ၄ ယောက်ရဲ့ ဖခင်တဦးဖြစ်နေသည့်တိုင် သူ့ရဲ့ဖက်ရှင်ကို ပျောက် မသွားအောင် အခုထက်ထိ စီမံခန့်ခွဲနိုင်နေဆဲပဲလို့ ချီးကျူးခံနေရသူပါ။

အသက် ၄၀ အရွယ် အင်္ဂလန်ဘောလုံးအသင်းရဲ့ လက်ရွေးစင်ဟောင်း ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းဟာ အင်္ဂလန်မှ မန်ချက်စတာယူနိုက်တက်အသင်း၊ စပိန်မှ ရီးရဲလ်မက်ဒရစ်အသင်း၊ အမေရိကန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့မှ ဘောလုံးကလပ်အသင်းများမှာလည်း ကြေးစားဘောလုံးသမားအဖြစ် နှစ်ပေါင်း ၂၀ ကြာ ရပ်တည်လာခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဘောလုံးလောကမှ စတင် အနားယူသွားခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA မှ ပေးအပ်တဲ့ နှစ်အလိုက်အကောင်းဆုံးဘောလုံးသမားဆု ကိုလည်း နှစ်ကြိမ်တိုင်ရရှိခဲ့သူပါ။ ဒေးဗစ်ဘက်ခမ်းရဲ့ Free Kicks (ပစ်ဒဏ်ဘော) ဟာ ကမ္ဘာကျော်ခဲ့ပါတယ်။

ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက သူထားရှိခဲ့သော မြောက်များစွာသော ဆံပင်ပုံစံ စတိုင်အမျိုးမျိုးကို သူ့ ပရိတ်သတ်များအတွက်ရော ဆံပင်ပုံစံမျိုးစုံကို ခရေစီဖြစ်ကြတဲ့ ပရိတ်သတ်များ အတွက်ပါ ပြန်လည် စုစည်းဖော်ပြပေးလိုက်ပါတယ်။

Ref: hairstyleonpoint.com/wikipedia

Loading