Lifestyle

အဆိုတော် ဘန်နီဖြိုး သရုပ်ဆောင်လုပ်တော့မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တေးသံရှင် ဘန်နီဖြိုးက Charm(ချာမ်း)လို့ အမည်ပေးထားတဲ့ တီဗွီဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်တော့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို Myanmar Media7 က စီစဉ်ရိုက်ကူးမှာဖြစ်ပြီး ဘန်နီဖြိုးနဲ့အတူ အဆိုတော် သိန်းလင်းစိုး၊ သားငယ် ၊နန်းဆုဦး နဲ့ ထက်ထက်ထွန်းတို့က ပါဝင်ကြမှာ ဖြစ်ပါတယ်။

ဒီ ဇာတ်လမ်းတွဲကို ဒါရိုက်တာ သားညီက ရိုက်ကူးမှာဖြစ်ပြီး ဇာတ်လမ်း ဇာတ်ညွှန်းကတော့ မင်းခိုက်စိုးစံနဲ့ ထက်မြက်နိုင်ဇင်တို့ပဲ ဖြစ်ပါတယ်။ သီချင်းတွေပဲ ဆိုတတ်တဲ့ ဘန်နီဖြိုးက သရုပ်ဆောင် ဘာကြောင့်လုပ်ဖြစ်သလဲ ဆိုတော့ “ကျနော်ကြိုက်တဲ့ ဇာတ်လမ်း၊ ကျနော်ကြိုက်တဲ့ ပုံစံနဲ့ ကျနော်ယုံကြည်တဲ့ ဒါရိုက်တာဆိုရင် ကျနော် ဇာတ်ကားတွေရိုက်မယ်လို့ အရင်ထဲက ပြောခဲ့ဖူးပါတယ် ၊ အခု ရိုက်ဖြစ်တဲ့ Charm ဇာတ်လမ်းတွဲကို ရိုက်တဲ့ Media 7 က ကျနော်ကို စိတ်ကြိုက်လုပ်ခွင့်ပေးတဲ့အတွက် ရိုက်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကျနော်က Charm ဆိုတဲ့ သာမာန်ထက် ထူးခြားတဲ့ ချာတိတ်လေးတယောက်အဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ် ၊ သာမာန် ချစ် ကြိုက် ကွဲ ညားဆိုတဲ့ ဇာတ်လမ်းမျိုးကို ကျနော်မရိုက်ချင်ပါဘူး။ အဲဒီအတွက်ကြောင့် သာမာန်ထက်ထူးတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးဖြစ်တာပါ” လို့ ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကို ရိုက်ကူးမယ့် ဒါရိုက်တာ သားညီကတော့ “ ဒီဇာတ်လမ်းတွဲက မြန်မာပြည်က သရုပ်ဆောင် တွေပါတဲ့၊ မြန်မာဒါရိုက်တာတွေ ရိုက်တဲ့ ဇာတ်လမ်းတွဲပါ၊ ကျနော်တို့ မြန်မာလူမျိုးတွေဆိုတာ လူမျိုးကို အရမ်းချစ်ပါတယ်။ ဒါကြောင့် ကိုရီးယားဇာတ်လမ်းတွဲတွေ၊ အိန္ဒိယ ဇာတ်လမ်းတွဲတွေကို ကျော်ပြီး မြန်မာ ဇာတ်လမ်းတွဲတွေကို အားပေးစေချင်ပါတယ်”လို့ပြောပြပါတယ်။

ဒီဇာတ်လမ်းတွဲကို ဖေဖော်ဝါရီ ၁၆ ရက်က စတင်ရိုက်ကူးမှာဖြစ်ပြီး မတ်လအကုန်မှာ MNTV ကနေ ပြသမှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading