အမေရိကန်ပြည်ထောင်စုတွင် ကျင်းပပြုလုပ်တော့မယ့် ရွေးကောက်ပွဲမှ Republican ပါတီရဲ့ သမ္မတ လောင်းဖြစ်သူ ဒေါ်နယ်ထရန့်(Donald Trump) ဟာ ဗြိတိန်အဆိုတော် အဒဲလ်(Adele) ရဲ့ တေးသီချင်းတွေကို ခွင့်ပြုချက်ရယူခြင်းမရှိဘဲ မဲဆွယ်စည်းရုံးပွဲတွေမှာ အသုံးပြုခဲ့ပါတယ်။ ဒါကို ရပ်တန့်ဖို့ အဒဲလ်မှ တောင်းဆိုလိုက် ပါတယ်။
အလက်စကာ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Republican ပါတီမှ Sarah Palin က သမ္မတလောင်း Donald Trump အတွက် Oklahoma ပြည်နယ်မှာ မဲဆွယ်ပြောဆိုပေးအပြီး အဆိုတော် အဒဲလ် ရဲ့ “Rolling in the Deep” သီချင်းကို ဖွင့်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်နယ်ထရန့်(Donald Trump) သည်လည်းပဲ Ohio ပြည်နယ်တွင် မဲဆွယ်စည်းရုံးတဲ့အခါမှာလည်း အဒဲလ် ရဲ့ “Skyfall” ဆိုတဲ့ တေးသီချင်းကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
အဒဲလ်ရဲ့တွစ်တာမှ ပရိတ်သတ်များက Palin နဲ့ Trump တို့ အခုလို ပြုလုပ်နေမှုအပေါ် တားမြစ်ဖို့ ပြင်းပြင်း ထန်ထန် ပြောဆိုရေးသားလာပါတယ်။
ကမ္ဘာကျော် ဗြိတိန်အဆိုတော် အဒဲလ်ဟာ ပြီးခဲတဲ့ ၂၀၁၁ ခုနှစ်ကတည်းက နိုင်ငံရေးလောကနဲ့ ကင်းကင်း ရှင်းရှင်း နေထိုင်ခဲ့ပေမယ့် Trump အနေနဲ့ တေးသီချင်းတွေကို ဆက်လက်အသုံးမပြုဖို့ရန် သူမရဲ့အဖွဲ့က သေချာတဲ့အနေအထားတခုကို လုပ်ဆောင်သွားမယ်လို့ သတင်းက ဆိုပါတယ်။
“သူမရဲ့ တေးသီချင်းတွေကို အသုံးပြုပြီး ဘယ် နိုင်ငံရေးမဲဆွယ်စည်းရုံးခွင့်မှ မပေးခဲ့ပါဘူး” လို့ အဒဲလ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက The Independent ကို ပြောဆိုသွားပါတယ်။