ဂရမ်မီဆုရှင် ပေါ့ပ်စတားအဆိုတော် တေလာဆွစ်(Taylor Swift)က Glu Mobile Inc နှင့် ပူးပေါင်းပြီးတော့ သူမရဲ့ပထမဆုံး မိုဘိုင်းဂိမ်းကို အကောင်အထည်ဖော်လိုက်ပါပြီ။
ပြောရရင်တော့ တေလာဆွစ်ဟာ မိုဘိုင်းဂိမ်းဇာတ်ကောင် တကောင်ဖြစ်လာခြင်းပါပဲ။
Glu Mobile ကုမ္ပဏီဟာ ယခင်ကလည်း သရုပ်ဆောင် Kim Kardashian ရဲ့ Kim Kardashian: Hollywood ဆိုတဲ့ မိုဘိုင်းဂိမ်းကို ၂၀၁၄ ခုနှစ် ဇွန်လတွင် ထုတ်လုပ်ခဲ့ပြီး လူမှုမီဒီယာမှာ ကျော်ကြားတဲ့ ကမ္ဘာကျော်အနုပညာရှင်များကို အဓိကထားပြီး မိုဘိုင်းဂိမ်းများကို ပြုလုပ်လေ့ရှိပါတယ်။ ကမ္ဘာကျော်ပေါ့ပ်အဆိုတော် ကေတီပယ်ရီလည်း ထိုးနည်းလည်းကောင်း Glu Mobile ရဲ့ မိုဘိုင်းဂိမ်းဇာတ်ကောင်တွေဖြစ်ခဲ့ပြီးပါပြီ။
Country နဲ့ ပေါ့ပ် တေးသွားတွေရဲ့ ကမ္ဘာကျော် အဆိုရှင် အသက် ၂၆ နှစ်အရွယ် တေလာဆွစ်ရဲ့ တွစ်တာမှာ followers ပေါင်း ၇၁ မီလျံရှိပြီး ဖေ့စ်ဘုတ်မှာတော့ ၇၄ မီလျံရှိပါတယ်။
“တေလာနဲ့ သူရဲ့ အမာခံပရိတ်သတ်တွေအနေနဲ့ ဆန်းသစ်ပြီး ကွဲပြားတဲ့ မိုဘိုင်းဂိမ်းကို မျှော်လင့်ကြတယ်ဆိုတာ ကျနော်တို့ သိပါတယ်။”လို့ Glu Mobile ကုမ္ပဏီရဲ့အမှူဆောင်အရာရှိချုပ် Niccolo de Masi က ပြောပါတယ်။
Ref: huffingtonpost.com