• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

မြန်မာ့ရီဟားနား၊ အဆိုတော် အမွန်းနဲ့ အင်တာဗျူး

by သီဟတိုး
9 February 2016
in Lifestyle
A A
မြန်မာ့ရီဟားနား၊ အဆိုတော် အမွန်းနဲ့ အင်တာဗျူး
7.9k
VIEWS
Share on FacebookShare on Twitter
အမွန်း, Automatic, မြန်မာ့ရီဟားနား
အဆိုတော်အမွန်း
အမွန်း, Automatic, မြန်မာ့ရီဟားနား
အဆိုတော်အမွန်း
အမွန်း, Automatic, မြန်မာ့ရီဟားနား
အဆိုတော်အမွန်း

အမွန်း, Automatic, မြန်မာ့ရီဟားနား
အဆိုတော်အမွန်း

အမွန်းလို့ဆိုရင် လူငယ်ပရိတ်သတ်တွေကြားမှာ မြူးမြူးကြွကြွ သီချင်းတွေနဲ့ Performance ဆန်းဆန်းပြားပြား တွေကို တက်တက်ကြွကြွ သီဆိုဖျော်ဖြေလေ့ရှိတဲ့ အသက်ငယ်ငယ် မိန်းကလေး အဆိုတော် တယောက် ဆိုတာ လူတိုင်းသိမှာပါ။

Tiger Girls (Me N Ma အဖွဲ့) ကနေ တကိုယ်တော် ခွဲထွက်လာခဲ့တဲ့ အမွန်းက သူ့ရဲ့ လက်ရှိ Automatic ဆိုတဲ့ တကိုယ်တော် တေးစီးရီး Album Audio CD ခွေ ထွက်ရှိပြီးပါပြီ။

RelatedPosts

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
44
မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

24 May 2025
161
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
520

ဖျော်ဖြေပွဲ၊ ရှိုးပွဲတွေမှာ အမြဲတမ်းသစ်လွင်ဆန်းပြားတဲ့ ဖျော်ဖြေမှုတွေနဲ့ ပရိတ်သတ်ကို သီဆိုဖျော်ဖြေလေ့ရှိတဲ့ အသက် ၂၅ နှစ်အရွယ် အဆိုတော် အမွန်းကို သူ့ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့ သူ့ဘဝ၊ သူ့ခံယူချက်တချို့ကို ဧရာဝတီ သတင်းထောက် သီဟတိုးက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ပထမဆုံး အမွန်းရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုကို အရင်ဆုံးပြောပြပေးပါ။

ဖြေ။ ။ အခု လတ်တလော အမွန်းရဲ့ Automatic Album ကို DVD ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ အမွန်း အခွေ စီစဉ်နေတာကို အဓိကလုပ်ဆောင်နေပါတယ်။ အဓိကက Edit ပိုင်းတွေ၊ တည်းဖြတ်မှု အပိုင်းတွေကို လုပ်နေပါတယ်။ ပြီးတော့ လက်ခံထားတဲ့ပွဲတွေဆိုဖြစ်နေတယ်။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ အင်တာဗျူးတွေ Cover တွေ ရိုက်ဖြစ်နေပါတယ်။

မေး။ ။ Automatic music video ကို ဘယ်လိုမျိုး Performance ဆန်းဆန်းတွေ၊ Creation ဆန်းဆန်းတွေနဲ့ ပရိတ်သတ်ကို ဘယ်လို တင်ပြသွားမလဲဆိုတာ အမြည်းလေးပြောပြပေးပါဦး။

ဖြေ။ ။ ဟုတ်ကဲ့၊ သူတို့ အဓိက မျှော်လင့်လို့ရမယ့် ပုံစံပေါ့၊ သူတို့ကြိုပြီး မျှော်လင့်လို့ရမယ့် ပုံစံကတော့ အမွန်းရဲ့ ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်ဟန်တွေနဲ့ ပရိတ်သတ်က အမွန်းကို ရင်းရင်းနှီးနှီးမြင်ရမယ့် DVD တခုပါလို့ အမွန်းရဲ့ အရှိကို အရှိတိုင်းပေါ့နော်၊ အဲ့ဒါကိုမှ သူတို့ကို အပန်းဖြေပုံစံလေးတွေ နဲ့ ပြထားတဲ့ ပုံစံလေးတွေကို သူတို့ မြင်ရမှာပါရှင့်။

မေး။ ။ “Automatic” music video ထွက်ပြီးသွားရင်ရော အမွန်းရဲ့ရှေ့ဆက်လုပ်မယ့် အနုပညာရယ်၊ အမွန်း နောက်ထက်ထွက်ရှိမယ့် သီချင်းပုံစံတွေအကြောင်းကိုလည်း ပြောပြပေးပါဦး။

ဖြေ။ ။ ရှေ့ဆက်ပြီးတော့ အမွန်းရဲ့ music sense ကတော့ Pop ကနေပြီးတော့ အမွန်း အများကြီးသွေဖယ် သွားမှာ မဟုတ်ပါဘူး။ Pop သီချင်းတွေကို အဓိကဆိုသလိုပဲ အမွန်းရဲ့ Feeling နဲ့ လိုက်ပြီးတော့မှ သီချင်းပုံစံ တွေ Taste တွေကို ပရိတ်သတ်ကို မတူတဲ့အရသာတွေကို အမွန်း ပေးသွားမှာပါ။ ပြီးတော့ ရှေ့ဆက် ပရိတ်သတ် အတွက်ကို အလုပ်အများကြီးလုပ်သွားပါဦးမယ်။ အမွန်း တေးရေးတေးဆိုအပြင် အချိန်ရရင်လည်း အမွန်း သရုပ်ဆောင်မှုလည်း လုပ်သွားချင်ပါတယ်။

မေး။ ။ အမွန်းက ဓာတ်ပုံတွေ ရိုက်ရင် ခပ်မိုက်မိုက်ရိုက်တာတွေ တွေ့ရတယ်။ ဓာတ်ပုံရိုက်တာနဲ့ သီချင်း သီဆို ဖျော်ဖြေတာနဲ့ အဲဒီအပိုင်းတွေ ဘယ်လိုကွာခြားမှုတွေရှိသလဲ၊ အမွန်းရဲ့ ခံယူချက်ကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ ဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ်၊ သီချင်းဆိုတာ၊ သီချင်းရေးတာပဲဖြစ်ဖြစ် အဲဒါတွေက အနုပညာထဲမှာ သက်ရောက်တယ်။ အနုပညာကို စိတ်နှစ်ပြီးလုပ်ရတာဆိုရင် ဘယ်အရာမဆို အမွန်းလုပ်ရတာ ပျော်တယ်။ အမွန်းရဲ့ဝါသနာပေါ့၊ အဲဒီလို လုပ်ရလို့ရှိရင် ထမင်းမေ့ ဟင်းမေ့ပဲ။ ဓာတ်ပုံရိုက်ရတာကတော့ ကိုယ့်ရဲ့အဓိက ကိုယ်နေကိုယ်ဟန်နဲ့ ဓာတ်ပုံရိုက်လိုက်တဲ့အချိန်မှာ ထွက်လာမယ့်ပုံရိပ်၊ ကိုယ်လိုချင်တဲ့အရာနဲ့ ကိုယ်မှန်း ထားပြီးတော့မှ အဲ့ဒါကိုဖြစ်မြောက်အောင် ပုံဖော်ရတာပေါ့နော်။ သီချင်းရေးတာကျတော့ စိတ်ရဲ့သွားရာကို လိုက်တယ်၊ စိတ်က သွားရာကိုလိုက်ပြီးတော့ ရေးတာပါ အဲ့နှစ်ခုက ကွာပါတယ်။ ဓာတ်ပုံကျတော့ အရင်ဆုံး Vision ထားပြီးတော့မှ အဲ့ပုံစံကို ရိုက်ချင်တယ်ဆိုပြီး ထားပြီး ရိုက်လိုက်တယ်၊ သီချင်းရေးတာကျတော့ ကိုယ့်ရဲ့ခံစားချက်ထွက်လာတဲ့အတိုင်းပဲ ဖွင့်ဟတာဆိုတော့ စိတ်ကူးရဲ့နောက်ကို ကိုယ်ကပြန်လိုက်တယ်ပေါ့ အဲလိုလေးပါ။

မေး။ ။ အမွန်းကိုတွေ့လိုက်ပြီဆိုရင် အမြဲတမ်း တက်ကြွပြီးတော့ ဖျတ်လတ်နေတယ်၊ အဲဒီ လျှို့ဝှက်ချက်ကို လည်း သိချင်ပါတယ်။

ဖြေ။ ။ အဓိကက စိတ်ကို အရှင်းဆုံးထားပါတယ်။ စိတ်ညစ်စရာမှန်သမျှကို အကြာကြီးစိတ်မညစ်နိုင်အောင် ကိုယ့်ကို Train လုပ်ထားတယ်။ စိတ်ညစ်စရာလူတိုင်းမှာရှိတယ်။ လောကကြီးမှာ အဲ့လိုစိတ်ညစ်စရာတွေ၊ ဝမ်းနည်းစရာဖြစ်ဖြစ်၊ အားငယ်စရာတွေ တခုခုကြုံလာပြီဆိုရင် Negative နဲ့ ဆိုင်တာအားလုံးကို ကိုယ့်ရဲ့ ဘဝထဲကနေ စိတ်ညစ်စရာတွေ အားလုံးကို အတတ်နိုင်ဆုံး ဖယ်ထုတ်ထားတယ်။ အဲ့ဒါကြောင့် ကိုယ့်ကို နိစ္စဓူဝကို Positive အမြင်နဲ့ ကောင်းတဲ့ အပြုသဘောဆောင်တဲ့အမြင်လေးတွေကိုပဲ အဓိကအားဖြင့် တတ်နိုင် သလောက်ကြိုးစားပြီးတော့ နေတဲ့အခါမှာ စိတ်ကအမြဲတမ်းပေါ့ တက်ကြွနေတယ်လို့ ခံစားရပါတယ်။ စိတ်ဓာတ်ကျလည်း ခဏပဲ။

မေး။ ။ အမွန်းရဲ့ ဖက်ရှင်တွေ Performance တွေဆို သူများနဲ့ မတူဘူး၊ တမူ ကွဲထွက်နေတယ်၊ အဲဒီဟာရော အမွန်းက ဖက်ရှင်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုလေ့လာမှုတွေလုပ်လဲ၊ Performance နဲ့ပတ်သက်ပြီး ကိုယ်ကို ဘယ်လို Update လုပ်လဲ။

ဖြေ။ ။ အမွန်း အဓိကကတော့ Update ကိုတော့ အမြဲတမ်း မဂ္ဂဇင်းတွေ ဝက်ဘ်ဆိုဒ်တွေမှာတော့ နိစ္စဓူ၀ မြင်နေရတယ်ပေါ့။ အဲဒီတော့ ဖက်ရှင်စီးကြောင်းက လိုက်လို့လည်းမကုန်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်း ပြောင်းနေတာပေါ့နော်။ အဲဒီမှာက အဓိကက အမွန်းရဲ့ပုံစံနဲ့လိုက်ဖက်တဲ့ အမွန်း ဘယ်လို ပုံစံမျိုးလေးတွေကို သွားချင်လဲဆိုတာကို အမြဲစဉ်းစားနေတယ်။ ကိုယ်နဲ့ဝတ်လိုက်လို့ရှိရင် သက်တောင့် သက်သာဖြစ်ပြီး ကိုယ်စိတ်တိုင်းကျတဲ့ ပုံစံမျိုးကိုမှ ဝတ်ပြီးမှ ထွက်လေ့ရှိတယ်ပေါ့နော်။ အဲဒီအခါကျတော့ စိတ်တိုင်းကျတဲ့ဟာ ဝတ်တဲ့အခါမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါတယ်။ စိတ်တိုင်းမကျတာ ဝတ်မိလို့ရှိရင် လှလဲမလှသလို ကိုယ့်ကို ယုံကြည်မှုလည်း မရှိဘူးပေါ့နော်။ စိတ်တိုင်းကျတဲ့ဟာကို ဝတ်ဖြစ်အောင် စဉ်းစားပြီးတော့မှ ချိတ်ဆက်ပြီး ဝတ်လိုက်တဲ့အခါမှာတော့ ဖက်ရှင်ကျတယ်လို့ မြင်သွားတာ ဖြစ်ပါလိမ့်မယ်ရှင့်။

မေး။ ။ အမွန်းရဲ့ ဖျော်ဖြေမှုနဲ့ပတ်သက်ပြီး အမွန်းရဲ့ ဝတ်စားဆင်ယင်မှုကို အချို့က ဝေဖန်တာတွေရှိတယ်၊ အဲဒီအပေါ်ကိုရော အမွန်းအနေနဲ့ ဘယ်လိုပြောချင်လဲ၊ ဝေဖန်မှုတွေခံရတဲ့အခါ ဘယ်လိုခံစားရလဲ။

ဖြေ။ ။ အရင်တုန်းကတော့ အမွန်း ဝမ်းနည်းခဲ့ဖူးတယ်။ အခုနောက်ပိုင်းကျတော့ ဘယ်လိုပြောမလဲ အမွန်း စိတ် အရမ်းအကြာကြီး မညစ်တတ်သလိုပေါ့၊ အပြုသဘောနဲ့အမြင်ကို အမွန်းကြိုက်တယ်။ လူတိုင်းရဲ့အမြင်ကို အမွန်း လေးစားတယ်။ လူတိုင်းရဲ့အမြင်က တူမှာမဟုတ်ဘူး၊ အဲဒီတော့ ကိုယ့်နဲ့မတူတိုင်း လူတိုင်းကို မှားတယ် လို့လည်း အမွန်းမပြောသလို၊ လူတိုင်းအမြင်မတူတိုင်းလည်း သူများကို အမွန်း ဝေဖန်လေ့မရှိဘူး။ အဲဒီတော့ လူတိုင်းမှာ (၁၀၀) ရာခိုင်နှုန်း ကိုယ့်ထင်တဲ့အမြင်ကို ပြောပိုင်ခွင့်ရှိပါတယ်။ အဲဒီတော့ Comment ကို Comment လို့ပဲ အမွန်း သဘောထားပါတယ်။ အဲဒီလိုလေးပဲ အမွန်း ရိုးရိုးလေးတွေးလိုက်ပါတယ်။

မေး။ ။ တချို့က အမွန်းရဲ့ ဝတ်စားဆင်ယင်မှုအပေါ် မြန်မာ့ယဉ်ကျေးမှုနဲ့ မညီညွှတ်ဘူးလို့ ဝေဖန်ကြတဲ့ အပေါ်ကို ရော အမွန်းအနေနဲ့ ဘယ်လိုပြောချင်လဲ။

ဖြေ။ ။ အဲ့ဒါကျတော့ ဘယ်လိုပြောချင်လဲဆိုတော အမွန်းတွေးမိတာလေးပါ။ အမွန်းချစ်တဲ့ မြန်မာနိုင်ငံမှာ အိမ်သာတွေထဲမှာတောင်မှ ဘိုထိုင်အိမ်သာပေါ်မှာ စောင့်ကြောင့်မထိုင်ရ၊ တင်ပါးနဲ့ထိုင်ရန်ဆိုပြီး ပုံနဲ့ ပြထားရတုန်းပဲ။ အဲဒီလို အမွန်းတို့ချစ်တဲ့နိုင်ငံက နိုင်ငံတကာယဉ်ကျေးမှုနဲ့ဆိုရင် အများကြီးဝေးခဲ့ပါတယ်။ အဲဒီအပေါ်မှာ ကိုယ်နဲ့အမြင်မတူတိုင်း ကိုယ်နဲ့ယဉ်ကျေးမှုမတူတိုင်း တိုင်းတပါးကို မှားတယ်ဆိုတဲ့အမြင် ရှိခဲ့တာ ရှိခဲ့တာ များခဲ့တယ်ပေါ့နော်။ အဲဒီတော့ ကမ္ဘာကြီးကို ထိုးဖောက်မယ်ဆိုရင်တော့ ဒီအမြင်တွေကို စွန့်ပယ်ခဲ့ဖို့ လိုပါတယ်။ အားလုံးနဲ့ပေါ့နော်၊ သူ့အမြင် ကိုယ့်အမြင်ကို ဖလှယ်ရင်းနဲ့ပဲ သွားရင်းနဲ့ပဲ သွားတာကောင်းတယ်၊ ကိုယ်မှန်တိုင်း သူများမှားတယ်ဆိုတဲ့ အမြင်မျိုးနဲ့ သွားမယ်ဆိုလို့ရှိရင် ဘယ်လိုမှကို အဆင်ပြေမှာ မဟုတ်ဘူး လေ။ အဲဒီတော့ အဲဒီလိုမျိုးတွေးတတ်ဖို့ ဆိုတာက အမွန်းတို့လေ့ကျင့်မှုလေးတွေရော ပြီးလို့ရှိရင် လူကို လူလို့ မြင်တဲ့အမြင်လေးလည်း လိုပါသေးတယ်။ အမွန်းရဲ့ ယဉ်ကျေးမှုက သပ်သပ် ရှိပါတယ်၊ အမွန်းရဲ့ ရင်ထဲမှာ ကော အမွန်းရဲ့ နှလုံးသားထဲမှာကော။ အမွန်း ဒီနေ့မနက် ဒီပွဲမဆိုခင်ကို မိတ်ကပ်လိမ်းဖို့လာတာ ထမီနဲ့ လာတာပါ။ ပြီးတော့ ပွဲတက်ဆိုမယ့်အခါကျတော့ စင်ပေါ်မှာဆိုမယ့် အဝတ်အစားကို လဲလိုက်ပါတယ်။ မိတ်ကပ်-ညီညီမောင် (စမ်းချောင်း) မှာ မိတ်ကပ်လိမ်းတဲ့အခါ အမွန်း ထမီဝတ်ပြီး မိတ်ကပ်လိမ်းပြင်တာပါ။ ဆိုတော့ အမွန်းရဲ့ နိစ္စဓူဝမှာ အမွန်း ထဘီ ဝတ်ချင်ဝတ်ပါမယ်။ ယဉ်ကျေးမှုက ယဉ်ကျေးမှုသက်သက်ပါ။ ဒါပေမယ့် အမွန်းရဲ့ Performance နဲ့ အမွန်းရဲ့ Pop ဂီတက မတူတဲ့ အရာနှစ်ခုပါ။ အဲဒီနှစ်ခုကို ချိန်ထိုးပြီး ပြောလိုက်လို့ရှိရင်တော့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲဒီတော့ အမွန်းက အဲဒီနှစ်ခုကို ခွဲခြားပြီးပဲ မြင်ပါတယ်။ အဲဒီတော့ အဲ့အပေါ်မှာ လူတွေအမျိုးမျိုး ပြောတာကိုလည်း အမွန်းအနေနဲ့ Comment လို့ပဲ သဘောထားပါတယ်။

မေး။ ။ နောက်တခု သိချင်တာ အမွန်းကို ဟိုတလောကဆိုရင် အင်္ဂလိပ်ဆောင်းပါးတပုဒ်မှာ မြန်မာ့ရီဟားနား ဆိုပြီး သတ်မှတ်ထားတဲ့ ဆောင်းပါးလေးတပုဒ်တွေ့တယ်၊ ကျနော်တို့ ဧရာဝတီကလည်း မြန်မာပြန်ပြီးတော့ ဖော်ပြထားတယ်။ အဲဒီအပေါ် အမွန်းရဲ့ စိတ်ခံစားချက်ကရော ဘယ်လိုရှိလဲ၊ အမွန်း International မှာရော ရီဟားနားကို တကယ်ကြိုက်တာလား၊

ဖြေ။ ။ International မှာ အမွန်း ရီဟားနားကို တကယ်ကြိုက်ပါတယ်။ သူ့ရဲ့အသံနေအသံထား၊ သူ့ရဲ့ဆိုပုံ ပြီးတော့ သူ့ရဲ့မျက်နှာထား၊ သူ့ရဲ့စတိုင်ကိုပေါ့ သပ်သပ် ရီဟားနားဆိုပြီး ရှိပါတယ်။ အမွန်း သူ့ကို လေးစား ပါတယ်။ အမွန်းလေးစားအားကျရတဲ့ အနုပညာရှင်တယောက်ပါပဲ၊ ကမ္ဘာကျော်ပေါ့။ ဆိုတော့ အမွန်းကို အဲဒီလို ရေးတဲ့အချိန်မှာ အမွန်းအနေနဲ့ နံပါတ်တစ်က အမွန်းဘာဖြစ်သွားလဲဆိုတော့ အမွန်းကို မြန်မာရီဟားနားလို့ The Huffington Post သတင်းဌာနကြီးကမှ တင်စားပြီး ရေးလိုက်တယ်။ အဲဒီတော့ အမွန်းအနေနဲ့ ဘာဖြစ်သွားလဲ ဆိုတော့ အမွန်းအနေနဲ့လည်း အနုပညာရှင်တယောက်၊ နိုင်ငံတကာ အနုပညာရှင်တယောက် ဖြစ်ချင်တယ်။ အဲဒီအတွက် အမွန်းကြိုးစားနေတယ်၊ အများကြီးလည်း ကြိုးစားရဦးမယ်။ အဲဒီအတွက် အမွန်း အားတခု ရှိသွားတယ်။ အမွန်းဆက်ပြီးတော့မှ ကြိုးစားဖို့အတွက် အားဖြစ်စေတဲ့ ဆောင်းပါးတပုဒ်လို့ မြင်ပါတယ်။

မေး။ ။ အမွန်းဆိုရင် လွန်ခဲ့တဲ့ ၃၊ ၄ နှစ်တုန်းက Tiger Girls အဖွဲ့မှာ အမွန်း ပါဝင်သီဆိုခဲ့တယ်။ အဲဒီတုန်းက အမွန်းကို အခုလောက်ထိ လူမသိသေးဘူး၊ အခုနောက်ပိုင်း အမွန်း တကိုယ်တော် ရပ်တည်လာမှ လူပို သိလာ တယ်။ အဲ့ဒီအောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ကရော ဘာဖြစ်မလဲ၊ ဘယ်လို အကြောင်းအရာတွေကြောင့်လဲ။

ဖြေ။ ။ အဓိကက အဖွဲ့မှာတုန်းကတော့ အမွန်းတဖွဲ့လုံးနဲ့ညှိပြီးတော့မှ လုပ်ခဲ့ပါတယ်။ ှ အမွန်းရဲ့ ကိုယ်ပိုင် ဟန်ထက်စာရင် တဖွဲ့လုံးကို ညှိလိုက်ရတဲ့အနေနဲ့ အဲ့ဒီဟန်ပန် ပိုထွက်လာခဲ့ရပါတယ်၊ ဆိုတော့ ၅ ယောက် ကိုး။ အဲဒီတော့ အမွန်းတယောက်တည်း သီးသန့်ထွက်လာတဲ့အချိန်မှာ အမွန်းရဲ့ တကယ့်ကိုယ်ပိုင်ဟန်၊ အမွန်းရဲ့ဆိုဟန်၊ အမွန်းဖျော်ဖြေဟန်နဲ့ကို ပရိတ်သတ်က (၁၀၀) ရာခိုင်နှုန်း မြင်လိုက်ရတဲ့အချိန်မှာ ပရိတ်သတ် က အမွန်းကို ပိုပြီးတော့မှ သတိထားမိသွားတယ်လို့ အမွန်းထင်ပါတယ်။

မေး။ ။ တချို့ပရိတ်သတ်တွေကလည်း အမွန်းတို့အဖွဲ့ကို ပြန်ပြီးတော့ ဖွဲ့စည်းစေချင်ကြတယ်ပေါ့၊ အဲ့ဒီအပေါ် ရော အမွန်းတို့အနေနဲ့အဖွဲ့ကိုပြန်ပြီးဖွဲ့ဖို့အစီအစဉ်ရှိသလား၊ ဒါမှမဟုတ် အမွန်းတယောက်တည်းပဲ ရပ်တည် သွားမလား။

ဖြေ။ ။ အမွန်းအနေနဲ့ကတော (၂၀၁၄) ကတည်းက တကိုယ်တော်ကို အမွန်းစပြီးလုပ်ခဲ့ပါတယ်၊ ရှေ့ဆက်ပြီးတော့လည်း အမွန်းတကိုယ်တော်လှုပ်ရှားမှုတွေလုပ်နေဖို့ပဲ ရှိနေပါသေးတယ်ရှင့်။

မေး။ ။ ဒီတခါ အမွန်းရဲ့ အလှအပနဲ့ ပတ်သက်ပြီး မေးမယ်။ အမွန်းက ခန္ဓာကိုယ်လည်းလှတယ်ဆိုတော့ ခန္ဓာကိုယ်နဲ့ အသားအရေကို ဘယ်လိုထိန်းသိမ်းသလဲ ဆိုတာပြောပြပေးပါဦး။

ဖြေ။ ။ ဟုတ်ကဲ့၊ အမွန်းခန္ဓာကိုယ် အတွက်ဆိုရင် အမွန်းသည်လည်း မိန်းမထဲက မိန်းမတယောက်လိုပေါ့။ စားရင် စားသလောက်ဝိတ်တတ်တဲ့ အမျိုးသမီးတယောက်ပါပေါေ့နာ်။ အဲဒီအတွက်ကို အမွန်းက အစားအစာ အရမ်း ကြိုက်ပါတယ်၊ အစားလဲပုပ်ပါတယ်။ အဲဒါတခုကို အရမ်းထိန်းရပါတယ်။ မထိန်းနိုင်လို့ရှိရင် ဝိတ်က တက်လာတယ်။ တက်လာတဲ့ဝိတ်တွေ ခါးတုတ် ပေါင်တုတ်လာတာတွေကို ပြန်ပြီးတော့ အားကစားနဲ့ ထိန်းရပါတယ်။ အဲဒီတော့ အဓိက အားကစားကို လုပ်နိုင်သလောက် လုပ်ဖြစ်အောင် ကြိုးစားပါတယ်။ ဆိုတယ်၊ ကတယ်၊ ခုန်ပေါက်လိုက်တယ်ပေါ့နော်။ အဲ့လိုနည်းနဲ့ အမွန်းထိန်းပါတယ်။ ချွေးများများထွက်တဲ့ လေ့ကျင့်ခန်း အားလုံးက ကောင်းပါတယ်။ မိန်းကလေးတိုင်းအတွက်ပါနော်။ ပြီးတော့အသားအရည်ကတော့အမွန်းက ညိုတဲ့ အသားအရေ ပိုင်ဆိုင်ထားတယ်။ အဲဒီအတွက်ကို အမွန်း နေရာင်ခြည်လည်း မကြောက်တက်ပါဘူး။ အဲ့ဒီအတွက် နေရောင်ခြည်ထဲကို အရမ်းသွားတယ်ပေါ့။ ထီးလည်းမယူဘူးပေါ့။ ဒါပေမယ့် အမွန်း Sun Cream လေးတော့ အမွန်းလိမ်းပါတယ်။ နေရောင်ကာခရင်မ်ကတော့ အရေးကြီးပါတယ်။ အသားက ညိုတာ ကောင်းတယ်၊ ညစ်တာ မကောင်းဘူးပေါေ့နာ်။ အဲဒီတော့ အသားညိုညိုလေးကိုပဲ ညိုစိမ့်နေအောင်လို့ အမွန်းအဓိကက Cleansing ကို မှန်အောင်လုပ်တယ်။ ပြီးလို့ရှိရင် SPF နဲ့ Moisturizer ကို အမွန်း နိုင်အောင် လိမ်းပေးပါတယ်။

မေး။ ။ အမွန်းလိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ ကြိုးစားချင်တဲ့ မြန်မာအနုပညာရှင် အမျိုးသမီးလေးတွေကိုရော အမွန်းအနေနဲ့ ဘယ်လိုအားပေးစကားပြောချင်သလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ မြန်မာ့အမျိုးသမီးတွေမှာ အစွမ်းအစတွေ အများကြီးရှိပါတယ်။ အခွင့်အရေးနဲ့ သတ္တိပဲ လိုပါတယ်။ အဲဒီတော့ အခွင့်အရေးနဲ့ သတ္တိရဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ပဲ တိုက်ခိုက်ယူရပါတယ်။ ကျမတို့ရဲ့ ယဉ်ကျေးမှုအရပေါ့နော်၊ မိန်းကလေးတော်တော်များများက ဘောင်ထဲမှာနေရတာ များပါတယ်။ ဘောင်ထဲမှာ ဆိုတာက မိဘရဲ့ဘောင်မဟုတ်ရင်တောင်မှ ဆွေမျိုးအသိုင်းအဝိုင်းတွေ ဘေးကလူတွေ ကြည့်နေတယ်ဆိုတဲ့ ဘောင်ထဲမှာနေရပါတယ်။ အဲဒီအချိန်မှာ ဘေးကလူတွေကြည့်နေတယ်ဆိုတဲ့ ဘောင်ရဲ့အောက်မှာကိုယ့်ရဲ့ အိပ်မက်တွေ ပျောက်သွားတဲ့ မိန်းကလေးတွေအများကြီးပါပဲ။ အဲ့တော့ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ်ဘာလုပ် ချင်လဲ ကိုယ့်ဘဝမှာ၊ အဲဒီအတွက် ကိုယ့်ကိုရပ်တည်ပါလို့၊ ကိုယ့်ကိုယ်က လွဲပြီးဘယ်သူ့ကိုမှ အားကိုးလို့ မရပါဘူး၊ အဲဒီတော့ မြန်မာမိန်းကလေးတွေ အားလုံး အဓိက ကိုယ့်အိပ်မက်ကိုရဖို့အတွက်ကို ခြေလှမ်းတွေ လှမ်းပါ၊ မရပ်ပါနဲ့၊ အားအင်အပြည့်မွေးပါ။ သေချာပေါက်ကို ရောက်မှာပါလို့ အမွန်းက အာမခံပါတယ်လို့ အားပေးချင်ပါတယ်။

Your Thoughts …
Tags: Entertainment
သီဟတိုး

သီဟတိုး

ဧရာဝတီ

Similar Picks:

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.5k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.1k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

by သုရီလင်း
28 October 2014
10k

ချမ်းသာတဲ့သူ ကြိုက်မှ စီးပွားရေး လုပ်ရတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အခုလာရင် အခု တောင်းလို့ ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမီးတို့ ခြံနဲ့ဝိုင်းနဲ့ နေချင်တယ်၊ သူများ ခြံနဲ့ဝိုင်းနဲ့လည်း မနေချင်ဘူး” လို့ ပြောဖို့ မအေးကောင်းက...

တုမ်ယမ်ချဉ်စပ်, ဟင်းချက်နည်း

တုမ်ယမ် ဟင်းရည် ချက်ကြည့်ရအောင်

by ဝင်းနိုင်သိန်း
12 July 2014
31.9k

တုမ်ယမ် ဟင်းရည်ဟာ ကမ္ဘာတလွှား နာမည် ကျော်ကြား လာတာနဲ့ အမျှ ဆန်းသစ် တီထွင်သူတွေ အပေါ် မူတည်ပြီး အရသာ၊ အနံ့ အမျိုးမျိုး ပြောင်းလဲ သွားပါတယ် ...။ အခြေခံဖြစ်တဲ့ တုမ်ယမ် အနှစ်၊...

လေးဖြူ, ဒိုင်ယာရီ, Rock, Online, Modern Rock, Music, Creed,

လေးဖြူရဲ့ ဒိုင်ယာရီ

by ကိုမျိုး (IR)
14 February 2015
7.2k

“ကောင်းကင်ထဲ ကြိုးပြတ်သွားတဲ့ … စက္ကူစွန်လေး ဖြစ်လိုက်ချင်လည်း … နှောင်ကြိုးများ ဖမ်းဆုပ်ခဲ့ … ပြာနှမ်းနေတဲ့ အဆိပ်သုတ်ထားတဲ့ ပန်းတွေ … ငါနမ်းရှိုက်တပ်မက်ဆဲ … အသိကန်းတဲ့ အတွေးစိတ်နဲ့” ဆိုတဲ့ အားကောင်းတဲ့ စကားလုံးတွေနဲ့...

Next Post
ဦးမန်းဂျော်နီ , ဧရာဝတီတိုင်း , ဝန်ကြီးချုပ် , NLD , ဒေါ်အောင်ဆန်းစုကြည်

ဧရာဝတီတိုင်းဝန်ကြီးချုပ် လျာထားခံရသူ ဦးမန်းဂျော်နီ ဘယ်လိုလူစားလဲ

Cobra Gold စစ်ရေးလေ့ကျင့်မှု စတင်

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate