၂၀၁၅ ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကြီးကျယ်ခမ်းနားဆုံးအနုပညာရှင်ဆု အဒဲလ်ကရရှိ
This article has been converted from Zawgyi One to Unicode
ကမ္ဘာကျော် ဗြိတိန်အဆိုတော် အဒဲလ်(Adele)ကို ၂၀၁၅ ခုနှစ်ရဲ့ ကမ္ဘာ့ရောင်းအားအကောင်းဆုံးနှင့် နာမည် အကျော်ကြားဆုံး ဂီတပညာရှင်ဆု ကို ပေးအပ်ခဲ့ပါတယ်။
အဆိုပါ ဂီတပညာရှင်ဆုကို Biggest Global Artist of 2015 လို့လည်း ခေါ်ဆိုပါတယ် ။
ဒီဆုကို ဗြိတိန်အခြေစိုက် IFPI(International Federation of the Phonographic Industry) ဆိုတဲ့ ကမ္ဘာအနှံ့ တေးဂီတ ရုပ်သံရိုက်ကူးခြင်းလုပ်ငန်းမှ ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။
အဒဲလ်ရဲ့လူကြိုက်အများဆုံးဖြစ်တဲ့ Hello တေးသီချင်းပါဝင်သော 25 လို့ အမည်ပေးထားသည့် တတိယ မြောက် တေးစီးရီး ထွက်ရှိလာတဲ့ နိုဝင်ဘာလကုန်မတိုင်ခင်အထိတောင် သူမရဲ့ တကိုယ်တော် အောင်မြင် ကျော်ကြားမှုက သတိမပြုမိဘဲ မနေနိုင်လောက်အောင်ပါပဲ။
အဲ့ဒီတေးစီးရီးဟာ ဗြိတိန်သမိုင်းတလျှောက်မှာ ရောင်းအား အမြန်ဆန်ဆုံး တေးစီးရီးလည်းဖြစ်ခဲ့ပါတယ်။
ထွက်ရှိလာပြီး ပထမတပတ်မှာတင် အယ်လ်ဘမ်ပေါင်း ၈ သိန်းထက်မနည်း ရောင်းခဲ့ရပါတယ်။
Ref: BBC