အချိန်စီးကြောင်းနဲ့အတူ ယဉ်ကျေးမှုစံနှုန်းများလည်း ပြောင်းလဲလာသလို စကားလုံးတို့ရဲ့ အဓိပ္ပာယ်များကလည်း ဟုန်ခုန်ပျံ သည်ခုန်လွှား ပြောင်းလဲနေပါတယ်။ ဥပမာ အရင်က မိုက်တယ် ဆိုတဲ့ စကားလုံးက ဆိုးသွမ်းတာ၊ မိုက်မဲတာကို ဆိုလိုပေမယ့် အခုခေတ်မှာတော့ တကယ့်အကောင်းစား ဆိုတဲ့ အဓိပ္ပာယ် ဆိုပြီး ပြောင်းလဲလာပါတယ်။ အရင်က ကြမ်းတမ်းတဲ့ အသုံးအနှုန်းကို မသုံးကြပါဘူး။ အခုခေတ်မှာတော့ သောက်ရမ်းကောင်းတယ်၊ သောက်ရမ်းမိုက်တယ် စသဖြင့် သုံးစွဲနေကြတယ် မဟုတ်လား။ ဒါကြောင့် စကားလုံးတို့ရဲ့ ခုန်ပျံခုန်လွှား အဓိပ္ပာယ်များ အကြောင်း လေ့လာ တင်ပြလိုက်ပါတယ်။
Awful
Current meaning: Very unpleasant
Original meaning: Inspiring wonder
Awful ဆိုတဲ့ စကားလုံးကို လေ့လာကြည့်ရအောင်ပါ။ အခုခေတ်မှာ သုံးတဲ့ အဓိပ္ပာယ်က (Very Unpleasant) အလွန်အမင်း ဆိုးရွားသော၊ စိတ်မသက်သာဖွယ် ဖြစ်သောလို့ အဓိပ္ပာယ်ရပါတယ်။ စကားလုံးရဲ့ မူလ အဓိပ္ပာယ်က Inspiring wonder ပါတဲ့။ ရင်သပ်ရှုမောခံစားရအောင် စိတ်အာရုံကို စေ့ဆော်သည်လို့ အဓိပ္ပာယ်ရပါတယ်။
The plight of starving people is too awful to think about လို့ သုံးပါတယ်။
Bully
Current meaning: Someone who mocks or harms those who are weaker
Original meaning: A good fellow or a darling
Bully ဆိုတဲ့ စကားလုံးက လက်ရှိမှာတော့ အားနည်းသူကို အနိုင်ကျင့်သူ၊ ဗိုလ်ကျသူ၊ နိုင်ရာစားသူ စသဖြင့် အဓိပ္ပာယ် ရပါတယ်။ သို့ပေမယ့် မူရင်း အဓိပ္ပာယ်က မိတ်ဆွေကောင်း၊ အပေါင်းအသင်းကောင်း လို့ အဓိပ္ပာယ်ရသလို အလွန်ချစ်ခင်မြတ်နိုင်းရသူလို့လည်း အဓိပ္ပာယ်ရပါတယ်။
Leave that little girl alone, you big bully! လို့ သုံးပါတယ်။
Symposium
Current meaning: A conference or meeting to discuss a particular subject
Original meaning: A drinking party
ယနေ့ခေတ်မှာ အကြောင်းအရာ တရပ်ရပ်နဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲ၊ နှီးနှောဖလှယ်ပွဲ စသဖြင့် အဓိပ္ပာယ်ဆောင်တဲ့ Symposium ရဲ့ မူလ အဓိပ္ပာယ်က ယမကာပါတီ လို့ ဆိုပါတယ်။ အင်္ဂလိပ်လိုတော့ မူလ အဓိပ္ပာယ်က A drinking party ပါ။ ယနေ့ခေတ် အဓိပ္ပာယ်က A conference or meeting to discuss a particular subject ဖြစ်ပါတယ်။
Artificial
Current meaning: Contrived or false
Original meaning: Artfully and skillfully constructed
သဘာဝကို တုပ ပြုလုပ်ထားသော အတု၊ သဘာ၀ အလျောက် ဖြစ်ပေါ်ခြင်း မဟုတ်ဘဲ လူက ဖန်တီးသော၊ အမြင်အတိုင်း မဟုတ်သော၊ ဟန်ဆောင်ထားသော စသဖြင့် အဓိပ္ပာယ်ရတဲ့ Artificial ဆိုတဲ့ စကားလုံးရဲ့ ခုန်ပျံခုန်လွှား ပြောင်းလဲ လာတဲ့ အဓိပ္ပာယ်ကလည်း စိတ်ဝင်စားစရာပါ။ မူရင်း အဓိပ္ပာယ်က Artfully and skillfully constructed ပါ။ အနုပညာမြောက်၊ ကျွမ်းကျင်မှုအပြည့်နဲ့ ဖန်တီးဖွဲ့တည်ထားသောလို့ ဆိုပါတယ်။ ကဲ အဓိပ္ပာယ်တွေ ခုန်ပျံခုန်လွှား နေတာက ဆန့်ကျင်ဘက် အထိပဲနော်။
The outside of the house gives an artificial impression of wealth လို့ သုံးပါတယ်။
Villain
Current meaning: Evildoer
Original meaning: A trusted farm hand
ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ လူဆိုး အဖြစ်သရုပ်ဆောင်သူကို ဗီလိန် (Villain) လို့ ခေါ်ကြပါတယ်။ အဲဒီ စကားလုံးရဲ့ ဒီကနေ့ခေတ်အဓိပ္ပာယ်က လူဆိုး၊ လူကြမ်း၊ မုဒိန်းကောင်၊ ရာဇဝတ်သား စတဲ့ အဆိုးဘက်အမြင် အဓိပ္ပာယ်ပေါ့။ ဒါပေမယ့် မူူရင်း အဓိပ္ပာယ်က A trusted farm hand လို့ ဆိုပါတယ်။ ယုံကြည်စိတ်ချရသော သူရင်းငှား (အငှားလယ်လုပ်သား) ဖြစ်ပါတယ်။
The police have caught the villains who broke into an old people’s home လို့ သုံးပါတယ်။
Harlot
Current meaning: A promiscuous woman
Original meaning: A goofy, mischievous man
Harlot ဆိုတဲ့ စကားလုံးရဲ့ ခုန်ပျံခုန်လွှား အဓိပ္ပာယ်ကလည်း စိတ်ဝင်စားစရာပါ။ အဲဒီ စကားလုံးက ဒီကနေ့ခေတ်မှာ လူတကာနှင့် သောင်းပြောင်း လိင်ဆက်ဆံတဲ့ မိန်းမ၊ မယ်မငြင်း၊ ပြည့်တန်ဆာ ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ အင်္ဂလိပ်လိုတော့ A promiscuous woman ပါ။ မူရင်း အဓိပ္ပာယ်က A goofy, mischievous man ဖြစ်ပါတယ်။ အဓိပ္ပာယ်က ကြောင်တောင်တောင်၊ ပေါတောတော ငနဲ၊ ကျီစယ်နောက်ပြောင်တတ်သူ လို့ ဆိုပါတယ်။
Moot point
Current meaning: A matter of no importance
Original meaning: A hypothetical idea created specifically to be talked about
A matter of no importance (အရေးမကြီး အရေးမပါတဲ့ ကိစ္စရပ်) လို့ ယနေ့ခေတ်မှာ အဓိပ္ပာယ်ယူ သုံးစွဲနေကြတဲ့ Moot Point ဆိုတဲ့ စကားလုံးရဲ့ မူလ အဓိပ္ပာယ်က A hypothetical idea created specifically to be talked about ဖြစ်ပါတယ်။ အချေအတင် ငြင်းခုံဖွယ်ရာ အနုမာန မှန်းဆချက် အတွေးစိတ်ကူး ဖြစ်ပါတယ်။
It’s a moot point whether men or women are better drivers လို့ သုံးပါတယ်။
Resentment
Current meaning: Indignation
Original meaning: Gratitude
လက်ရှိသုံးစွဲနေတဲ့ မခံမရပ်နိုင်ဖြစ်ခြင်း၊ နာကျည်းမှု၊ ဒေါသထွက်ခြင်း၊ မကျေမချမ်းမှု စသဖြင့် အဓိပ္ပာယ်ရတဲ့ Resentment ရဲ့ အဓိပ္ပာယ် ခုန်ပျံခုန်လွှားပုံကလည်း ဆန့်ကျင်ဘက် ပြောင်းပြန်ပါ။ မူရင်း အဓိပ္ပာယ်က Gratitude ဖြစ်ပါတယ်။ ကျေးဇူးတရား၊ ကျေးဇူးတင်ခြင်း လို့ ဆိုပါတယ်။
She felt a deep-seated resentment at/ of/ over the way she had been treated လို့ သုံးပါတယ်။
Specious
Current meaning: Seeming fair, but falsely so
Original meaning: Fair or beautiful
Specious ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ဟုတ်မှန်သယောင်ယောင် ရှိသော်လည်း စင်စစ်မှားနေသော၊ အပြင်ပန်း အဟန့်ကောင်းသော်လည်း အတွင်းသဘော မရေရာသော လို့ ယနေ့ခေတ်မှာ သုံးစွဲကြပါတယ်။ သို့ပေမယ့် မူရင်း အဓိပ္ပာယ်က Fair or beautiful လို့ ဆိုပါတယ်။ မျှတသော၊ လှပသော လို့ အဓိပ္ပာယ်ရပါတယ်။
Egregious
Current meaning: Shockingly bad
Original meaning: Anything that separates itself from a group
မူရင်း အဓိပ္ပာယ်က အုပ်စုတခုကနေ သီးခြား သီးသန့် ဖြစ်နေတဲ့ အရာလို့ အဓိပ္ပာယ်ရတဲ့ Egregious ဆိုတဲ့ စကားလုံးကို ယနေ့ခေတ်မှာတော့ ပြောင်းပြန် အဓိပ္ပာယ်နဲ့ သုံးစွဲနေကြပါတယ်။
Ref:www.rd.com