Lifestyle

ကိုရီးယားမင်းသမီး ချိုကြည်ဝူးရဲ့ လတ်တလော အချစ်ရေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကိုရီးယားမင်းသမီး ချိုကြည်ဝူး (Choi JI Woo) လို့ ဆိုလိုက်ရင် ကိုရီးယားရုပ်သံ မြန်မာပရိသတ်တွေ သူပါဝင် သရုပ်ဆောင်ထားတဲ့  “ဟေမာန်ဆောင်းရဲ့ ချစ်သံစဉ်” (Winter Sonata) နဲ့ “အချစ်လှေခါးထစ်လေးများ” (Stairway to Heaven) ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို အားလုံး မှတ်မိကြမယ်ထင်ပါတယ်။

မင်းသမီး ချိုကြည်ဝူးက လတ်တလော “Twenty Again” ဆိုတဲ့ ရုပ်သံဇာတ်လမ်းမှာ နောက်ဆုံး သရုပ်ဆောင် ထားပြီး၊ သူပါဝင် သရုပ်ဆောင်ထားတဲ့ “Like for Likes” ဆိုတဲ့ အချစ်ဇာတ်လမ်း ရုပ်ရှင်ဇာတ်ကားဟာလည်း မကြာခင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
အသက် (၄၀) နှစ် အရွယ်ရှိပြီဖြစ်ပြီး လှပနုပျိုနေဆဲ အပျိုကြီး မင်းသမီး ချိုကြည်ဝူးဟာ ကိုရီးယားမင်းသား လီဆိုဂျင် (Lee Seo Jin) နဲ့ “Grandpas Over Flowers” ဆိုတဲ့ ရုပ်သံအစီအစဉ်တခုမှာ အတူတွဲ သရုပ်ဆောင်ခဲ့ပြီး သူတို့နဲ့ ရင်းနှီးနီးစပ်သူတွေက သူတို့နှစ်ဦးကို ချစ်သူတွေဖြစ်နေကြပြီလို့ ထင်ကြေးပေး ပြောဆိုနေကြပါတယ်။

အပျိုကြီး ချိုကြည်ဝူးကတော့ လက်ထပ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး အပြင်းအထန် ငြင်းဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အနေနဲ့ အသက် ၂၀၊ ၃၀ စတဲ့ အရွယ်တွေကို ကျော်လွန်ခဲ့ပြီး အခုလို ဘဝတဆစ်ချိုးအရွယ်ကို ရောက်နေတဲ့အချိန်မှာ တကိုယ်တည်းနေတတ်တဲ့ အကျင့်က ကျင့်သားရနေပြီလို့ ရင်ဖွင့်ထားပါတယ်။

အခုလို လီဆိုဂျင်နဲ့ အတူတွဲ သရုပ်ဆောင်ရတာတွေများလာပြီး အမျိုးမျိုးထင်ကြေးပေးကြတဲ့အပေါ် ချိုကြည်ဝူးက “ကျမ သရုပ်ဆောင်အလုပ်ကို စတင်ခဲ့ကတည်းက အတူတွဲ သရုပ်ဆောင်ကြတဲ့ သူတွေနဲ့ အမြဲတမ်း ထင်ကြေး ပေးခံရတာဆိုတော့ မဆန်းတော့ဘူးလို့” ဆိုပါတယ်။

“Grandpas Over Flowers” အစီအစဉ်ဟာ ၂၀၁၅ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ အစီအစဉ်ဖြစ်ပြီး ကိုရီးယား သရုပ်ဆောင်တွေထဲကမှ အဖိုးအရွယ် ရောက်နေတဲ့ သရုပ်ဆောင်ကြီးတွေကို အဓိက ပွဲထုတ်ထားတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။

အပျိုကြီး ချိုကြည်ဝူးနဲ့ လူပျိုကြီး လီဆိုဂျင်တို့ရဲ့ အချစ်ရေးဟာ ရှေ့ဆက်မှာလား နောက်ဆုတ်မှာလား ဆိုတာ ကိုရီးယားအနုပညာ အသိုင်းအဝိုင်းသာမက သူတို့ရဲ့ ပရိသတ်များကလည်း အထူးစိတ်ဝင်စားနေတဲ့ သတင်း တပုဒ်ပဲ ဖြစ်ပါတယ်။

Ref: kdramastars.com

Did you find apk for android? You can find new Free Android Games and apps.
Loading