Samsung Electronic ကုမ္ပဏီလီမိတက် မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သော ၂၀၁၆ Samsung အရှေ့တောင်အာရှဖိုရမ်မှာ ၂၀၁၆ တွင်ထွက်ရှိလာမယ့် ၎င်းတို့ရဲ့ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ပစ္စည်းသစ်များကို မိတ်ဆက်ဖော်ထုတ် ပြသခဲ့ပါတယ်။
အဝတ်လျှော်စက်ရဲ့အရှေ့ဘက်တွင် Add Wash တံခါးပါရှိတဲ့ Samsung ရဲ့Front Load Washer အဝတ်လျှော်စက်ကို မိတ်ဆက်ခဲ့တာပါ။ Samsung မှ အသစ်ထပ်မံထွက်ရှိလာသော Add Wash အဝတ်လျှော်စက်ဟာ လျှော်ရန်မေ့ကျန်ခဲ့သည့် အထည် အစရှိသည့် မည်သည့်အဝတ်အထည်ကိုမဆို စက်လည်ပတ်နေစဉ် အဝတ်လျှော်စက်ရဲ့အဓိက တံခါးအား ဖွင့်ရန်အတွက် အဝတ်လျှော်စက်အတွင်း ရေများကုန်သွားသည့်အထိ စောင့်ဆိုင်းနေဖို့မလိုပဲ လွယ်ကူစွာဖြင့် အဝတ်လျှော်စက် တံခါးအားဖွင့်၍ ထည့်နိုင်ပါသည်။ ဒီတံခါးက အဝတ်လျှော်နေစဉ်အတွင်းမှာလည်း အသာအယာ လျှော်ဖွပ်နိုင်ရန်အတွက် လက်ဖြင့်လျှော်ခြင်း သို့မဟုတ် အဝတ်ပျော့ဆေးများထည့်သွင်းခြင်းတို့ကို အချိန်မရွေး ထည့်သွင်း ပြုလုပ်နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
Add Wash အဝတ်လျှော်စက်မှာ Android နှင့် ဖြစ်စေ၊ iOS နှင့်ဖြစ်စေ တွဲဖက်အသုံးပြုနိုင်တဲ့ Smart Control ပါရှိပါတယ်။ Smart Control အားအသုံးပြု၍ အဝတ်လျှော်သည့် လုပ်ငန်းစဉ်အားစောင့်ကြည့်နိုင်ပြီး အသစ်တဖန်အဝတ်လျှော်ခြင်းလုပ်ငန်းစဉ်အား ပြန်လည် မစတင်မီ အသုံးပြုသူများရဲ့ စမတ်ဖုန်းတွင် သတိပေးချက်များရရှိနိုင်ရန်လည်း ရွေးချယ်နိုင်မှာပါတယ်။ ဒီရွေးချယ်မှုဟာ အထူးသဖြင့် နူးညံ့သော အဝတ်အထည်များ သို့မဟုတ် လက်ဖြင့်လျှော်ဖွပ်ရမယ့် အဝတ်အထည်များအား အဝတ်လျှော်ခြင်းလုပ်ငန်းစဉ် ပြီးဆုံးခါနီးအချိန်၌ ထည့်လိုသောအခါတွင် အလွန်အသုံးဝင်မယ်လို့ သိရပါတယ်။