ဖလော်ရီဒါ ကမ်းခြေတွင် အမျိုးသားတယောက်က ၎င်းနဲ့အတူ ဓာတ်ပုံရိုက်ဖို့ရန် ငါးမန်းတကောင်ကို ရေထဲမှ ကမ်းခြေသို့ ဆွဲတင်ခဲ့တဲ့ ဖြစ်ရပ်တခုဖြစ်ပွားခဲ့ပါတယ်။
ဒါကို WPTV သတင်းဌာနမှ သတင်းထောက် Ashleigh Walters က ဗီဒီယိုရိုက်ကူခဲ့ပြီး အဆိုပါ ဖြစ်ရပ်ကို မြင်သော ကမ်းခြေအနီးအနားမှ လူများကလည်း ၎င်းတို့ရဲ့ ဖုန်းများနဲ့ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။
ဓာတ်ပုံအရိုက်ခံပြီးနောက် တခြားအမျိုးသားတယောက်က အဆိုပါ ငါးမန်းကို ရေထဲသို့ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။
ဒါ့အပြင် မကြာသေးခင်ရက်များကလည်း အာဂျင်တီးနားကမ်းခြေတခုတွင် လာရောက်အပန်းဖြေသူများက လင်းပိုင်ငယ်လေးတကောင်ကို ဖမ်းယူပြီး အဲ့ဒီလင်းပိုင်ငယ်လေးနဲ့အတူ selfie ဝိုင်းရိုက်ခဲ့တဲ့အတွက် အဆိုပါ လင်းပိုင်ငယ်လေး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တခုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
Ref: INDEPENDENT