Lifestyle

၂နှစ်စာပေါင်းပေးမယ့် အကယ်ဒမီ ဧပြီမှာ ပြုလုပ်မည်

This article has been converted from Zawgyi One to Unicode

မြန်မာ့ရုပ်ရှင်ကြည့်ပရိတ်သတ်များ စောင့်စားနေတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲအခမ်းအနားကို လာမယ့် ဧပြီ ၃ ရက်နေ့မှာ သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ယခုပြုလုပ်မယ့် အကယ်ဒမီပေးပွဲကတော့ ထူးထူးခြားခြား နှစ်နှစ်ပေါင်းပြီး ကျင်းပပြုလုပ်မှာပါ။ ပြီးခဲ့တဲ့၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲကို ၂၀၁၄ ဒီဇင်ဘာလ၂၇ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ကျန်ရှိနေတဲ့ ၂၀၁၄ ခုနှစ်အတွက်နှင့် ၂၀၁၅ ခုနှစ်အတွက်တွေကို ရုပ်ရှင်ဇာတ်ကားရုံတင်တဲ့ အချိန်နဲ့ ဆုချီးမြင့်တဲ့အချိန် ကွာဟမှု အချိန်အများကြီး မရှိစေရန်အတွက် ယခုနှစ်မှာ တခါတည်း ၂ နှစ်စာ ပေါင်းပေးခြင်းဖြစ်ပါတယ်။

ယခင်က အကယ်ဒမီဆုပေးပွဲတွင် ဗန်းကိုင်အဖြစ်ခေါ်ဝေါ်ခဲ့ရာမှ မနှစ်ကတည်းကစလို့ ရွှေကြိုအဖြစ်ပြောင်းလဲ ခေါ်ဝေါ်လာခဲ့ကာ ၎င်းတို့ကို အခုအခါမှာ လျှောက်လွှာများတင်ပြီး ခေါ်ယူနေပြီဖြစ်ကာ ရွေးချယ်မယ့်ရက်ကိုတော့ ထပ်မံကြော်ငြာမှာဖြစ်တယ်လို့ ရုပ်ရှင်အစည်းအရုံး ဒု-ဥက္ကဌ ဦးအေးကြူလေးက ပြောပါတယ်။

ယခုပြုလုပ်မယ့် ထူးချွန်ဆုရွေးချယ်ပွဲမှာ ၂၀၁၄ ခုနှစ်အတွက် ရုပ်ရှင်ကားကြီး ၁၇ ကားနဲ့ ၂၀၁၅ ခုနှစ်အတွက် ရုပ်ရှင်ကားကြီး ၁၃ ကား ရှိပါတယ်။

၂၀၁၄ အတွက် ရုပ်ရှင်ဇာတ်ကား ၁၇ ကားကတော့…

၃၉ ဗိုက်ပူ၊ မာကြီးရှည်၊ မာယာပရောဂျက်၊ အချစ်များနဲ့ဖန်ဆင်းမယ်၊ ခိုးခိုးခစ်ခစ်၊ မော်ဒန်ရာဇဝင်၊ အဆုံးမဲ့အချစ်၊ တိုက်ဆိုင်မှုရှိလျှင်၊ နှလုံးသားဖြင့်ပြုလုပ်သည်၊ အောင်မြင်ကျော်ကြားစူးရှထက်မြက်၊ သက်တံသစ်၊ ကိုတင့်တို့စူပါရပ်ကွက်၊ အွန်လိုင်းပေါ်က ဝိဉာဉ်၊ လော်မင်္ဂလာ၊ ကောင်းကျိုးကိုယ်၌တည်စေမင်း၊ ရည်းစားဦး၊၊ အသက်ကို အသက်ထက်ပို၍ချစ်သော တို့ဖြစ်ကြပါတယ်။

၂၀၁၅ ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကား ၁၃ ကားတွေကတော့…

မင်္ဂလာလှည်း၊ လူကြီးမင်းခင်ဗျာ၊ ချစ်စံအိမ်၂၀၂၈၊ ကျွန်မက နှင်းဆီပါမောင်၊ အရာကို အချစ်ဟုခေါ်သလား၊ အောင်ဘာလေ၊ ကျူးပစ်ရဲ့ကျေးကျွန်များ၊ မဟာဆန်တဲ့ မာယာမျက်နှာဖုံး၊ နက္ခတ်မှားတဲ့ တိုက်ပွဲ၊ မောင့်အိမ်သူ၊ ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွား၊ ရောင်နီဦး၏အလင်းရောင်နဲ့အတူ ၊ ကျွန်တော့်ရည်းစား ဘုရားမှာနေသည် ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။

အကယ်ဒမီထူးချွန်ဆုအတွက်  အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို နေတိုး၊ ပြေတီဦး၊ ခန့်စည်သူ နဲ့ နိုင်းနိုင်း တို့ တစ်ပြေးနေကြပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ သက်မွန်မြင့်၊ ဖွေးဖွေး၊ ခိုင်သင်းကြည်၊ မိုးဟေကို တို့က ပရိတ်သတ်ကြားမှာ တစ်ပြေးနေတယ်လို့သိရပါတယ်။

Loading