Trend

ထူးခြားတဲ့ စွမ်းဆောင်မှုတွေနဲ့ Samsung RT7000 ရေခဲသေတ္တာ

This article has been converted from Zawgyi One to Unicode

အစိုဓာတ်ထိန်းသိမ်းမှုနဲ့ အစားအသောက်များကိုကြာရှည်စွာ ထိန်းသိမ်းပေးနိုင်တဲ့ Samsung ရဲ့ New RT7000 ရေခဲသေတ္တာဟာ ထူးခြားဆန်းသစ်တဲ့ Twin Cooling Plus™ နည်းပညာနဲ့ ပြုလုပ်ထားတဲ့ ရေခဲသေတ္တာ အမျိုးအစားအသစ်ဖြစ်ပါတယ်။

စားသောက်ဖွယ်ရာများရဲ့ လတ်ဆတ်မှုအား ပိုမိုကြာရှည်စွာ ထိန်းသိမ်းထားနိုင်တဲ့ RT7000 ရေခဲသေတ္တာမှာ အစိုဓာတ်ထိန်းချုပ်မှုအဆင့်များပါဝင်တဲ့အတွက် သဘောကျနှစ်ခြိုက်ကြမှာပါ။ Twin Cooling Plus™ နည်းပညာဟာ ရေခဲသေတ္တာအတွင်း စိုစွတ်ထိုင်းမှိုင်းခြင်းများကို ၇၀ ရာခိုင်နှုန်းနှင့်အထက် ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် အအေးခံစနစ်ကိုလည်း အလွယ်တကူ ဆောင်ရွက်ပေးနိုင်ပါတယ်။

သီးသန့်ထည့်သွင်းပေးထားသော ရေငွေ့ပျံစက် နှစ်လုံးနှင့်အတူ Twin Cooling Plus™ နည်းပညာဟာ ရေခဲသေတ္တာအပေါ်ဆင့် နှင့် အောက်ဆင့်အတွင်းတွင် လေလမ်းကြောင်းနှစ်ခုအား ထည့်သွင်းပေးထားပြီး အစားအသောက်များအား ရေခဲသေတ္တာအပေါ်ဆင့် မှ အောက်အဆင့်သို့ဖြစ်စေ၊ အောက်အဆင့် မှ အပေါ်ဆင့်သို့ဖြစ်စေ ကူးပြောင်းရာမှာ ဆိုးရွားသော အနံ့အသက်များထွက်ခြင်းမှ ကာကွယ်ပေး နိုင်မှာဖြစ်ပါတယ်။

620L အထိ စွမ်းဆောင်ရည်မြင့်မား၍ ကျယ်ဝန်းသည့် ရေခဲသေတ္တာဖြစ်သည့်အပြင် Twin Cooling Plus™ နည်းပညာဟာ သုံးစွဲသူများရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး Freezer-Fridge၊ Energy Saving၊ Vacation၊ Fridge Max နှင့် Mini ဆိုပြီး အနေအထား ငါးမျိုးပြောင်းလဲနိုင်လို့ အဆင်ပြေစေမှာပါ။

Samsung ဟာ နည်းပညာပိုင်းဆိုင်ရာတွင် ကမ္ဘာ့ဦးဆောင်သူဖြစ်ရုံသာမက တစ်ကမ္ဘာလုံးတွင် ဦးဆောင်သူအဖြစ် တည်ရှိနေပြီး လက်ရှိမှာ နိုင်ငံပေါင်း ၈၄ နိုင်ငံတွင် ဝန်ထမ်းပေါင်း ၃၁၉၀၀၀ ဖြင့် လှုပ်ရှား ဆောင်ရွက်လျက်ရှိကာ နှစ်စဉ်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၁၉၆ ဘီလျံအထိ ရရှိနေတဲ့ ကုမ္ပဏီ လည်း ဖြစ်ပါတယ်။

Loading