အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လ်လိစ်မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ၈၈ ကြိမ်မြောက် အော်စကာဆုပေးပွဲကို ကိုရီးယားသရုပ်ဆောင် မင်းသားတလက်လည်း ပါဝင်တက်ရောက်ခွင့်ရခဲ့ပါတယ်။
သူကတော့ သရုပ်ဆောင် လီဗြောင်ဟွန်းပါ။ လီဗြောင်ဟွန်းဟာ အော်စကာဆုပေးပွဲကို ကိုရီးယားသရုပ်ဆောင် တယောက်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။
ကိုရီးယားသရုပ်ဆောင် လီဗြောင်ဟွန်းဟာ ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ “G.I. Joe” စီးရီးဇာတ်ကား၊ “RED 2” နဲ့ “Terminator Genisys” တွေမှာ လူသိများ ထင်ရှားလာတာပါ။
သရုပ်ဆောင် လီဗြောင်ဟွန်းဟာ “ဝင်းပပလှသူလေးရယ်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲဖြင့် မြန်မာပရိတ်သတ် တွေအကြား ထိုးဖောက်ဝင်ရောက်လာသူဖြစ်ကာ သူရဲ့ “Iris” ဇာတ်လမ်းတွဲဟာလည်း အောင်မြင်တဲ့ ဇာတ်ကားတကားဖြစ်ခဲ့ပါတယ်။
၈၈ ကြိမ်မြောက် အော်စကာဆုပေးပွဲကို လီဗြောင်ဟွန်းအနေနဲ့ ဆုပေးပွဲ ကော်မတီအဖွဲ့ရဲ့ ဖိတ်ကြားခြင်းကို ခံခဲ့ရပြီး တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။