Lifestyle

၈၈ ကြိမ်မြောက် ဟောလီးဝုဒ် အော်စကာဆုပေးပွဲကျင်းပပြီးစီး

This article has been converted from Zawgyi One to Unicode

၈၈ ကြိမ်မြောက် ဟောလီးဝုဒ်အော်စကာဆုပေးပွဲကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ် အော်စကာဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို Spotlight ရုပ်ရှင်ဇာတ်ကားက ရရှိသွားခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို Leonardo Dicaprio က The Revenant ဇာတ်ကားဖြင့် ရရှိခဲ့တာဖြစ်ပြီး အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကိုတော့ Room ဇာတ်ကားမှ Brie Larson က ရရှိခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသားဇာတ်ပို့သရုပ်ဆောင်ဆုကို Mark Rylance က Bridge of Spies ဇာတ်ကားဖြင့် လည်းကောင်း၊ အကောင်းဆုံံးအမျိုးသမီး ဇာတ်ပို့သရုပ်ဆောင်ဆုကို Alicia Vikander က The Danish Girl ဇာတ်ကားဖြင့် ရရှိခဲ့တာပါ။

အကောင်းဆုံး ဒါရိုက်တာဆုကို မက္ကဆီကန်နိုင်ငံသား Alejandro G. Iñárritu က The Revenant ဇာတ်ကား ဖြင့် ရရှိသွားခဲ့ပါတယ်။

အကောင်းဆုံး Animation ဇာတ်ကားကိုတော့ Inside out ကရရှိခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားထဲက ဇာတ်ကောင် ရုပ်ကလေးတွေကို ဖေ့ဘုတ်ရဲ့ မက်ဆင်ဂျာမှာ စတစ်ကာကွန်းမန့်လေးတွေအဖြစ် အသုံးပြုနေပြီလည်း ဖြစ်ပါတယ်။

၈၈ ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့တဲ့ အော်စကာဆုပေးပွဲမှာ ဆုအမျိုးအစားပေါင်း ၂၄ မျိုး ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

Photo – Oscar.go.com

Loading