လူငယ်များအတွက် “အောင်မြင်မှုဆိုသည်မှာ” စာပေဟောပြောပွဲ
This article has been converted from Zawgyi One to Unicode
Grand Royal Special Reserve Whisky မှ ဦးစီးပြီး မြန်မာ့ လူငယ်လူရွယ်များအတွက် “အောင်မြင်မှုဆိုသည်မှာ” စာပေဟောပြောပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့ Jasmine Palace Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဟောပြောပွဲမှာ ဆရာ အော်ပီကျယ်၊ ဆရာ အတ္တကျော် (ဆူဒိုနင်) နဲ့ လင်းသိုက်ညွန့် (မြန်မာ့မြေ) တို့မှ အောင်မြင်ချင်သော မြန်မာ့လူငယ်လူရွယ်များအတွက် အောင်မြင်မှုသို့ ရောက်ရှိရန် ကြိုးစားနေထိုင် ကျင့်သုံးရမယ့် နည်းစနစ်တွေကို ဝေမျှဟောပြော ပေးခဲ့ပါတယ်။
“ဒီနေ့ခေတ်မှာ အောင်မြင်မှု လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေကြတဲ့ မြန်မာလူမျိုးများအတွက် တိုးတက် အောင်မြင်စေလိုတဲ့ စေတနာနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းခွင် နယ်ပယ်အသီးသီးမှ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်ရှိနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အောင်မြင်မှု နည်းလမ်းတွေကို ဝေမျှပေးဖို့ အခုလို စာပေဟောပြောပွဲတွေ မြန်မာနိုင်ငံရဲ့ မြို့အနှံ့မှာ ကျင်းပပေးနေတာ ဖြစ်ပါတယ်” လို့ IBTC Group ရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးကျော်က ပြောပါတယ်။
Grand Royal Special Reserve Whisky မှ SR Icon အစီအစဉ်ကို “အောင်မြင်မှုဆိုသည်မှာ” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲများ မြန်မာပြည်အနှံ့ မြို့တွေမှာ လစဉ် ကျင်းပလျက် ရှိတယ်လို့ သိရပါတယ်။