Trend

ဈေးနှုန်းသင့်ပြီး နှစ်ကတ်ထိုး သုံးနိုင်တဲ့ Xiaomi Note 3

This article has been converted from Zawgyi One to Unicode

ဒီတပတ် Review လုပ်ပြီး စမတ်ဖုန်း ချစ်သူတွေကို ညွှန်းပေးချင်တဲ့ ဖုန်းကတော့ Xiaomi ဖုန်းတွေထဲက ဈေးနှုန်း သင့်ပြီး သုံးရတာ အဆင်ပြေတဲ့ Xiaomi Redmi Note 3 ဖုန်းနဲ့ မိတ်ဆက် ပေးချင်ပါတယ်။

Redmi Note 3 ဟာ စမတ်ဖုန်း အသုံးပြုတွေကြားမှာ အခုနောက်ပိုင်းမှာ ရေပန်းစား လာပါတယ်။ မျက်နှာပြင် အရွယ်အစားက ၅.၅ လက်မ ရှိပြီး Metal Body နဲ့ ဆန်းသစ်တဲ့ Design ကြောင့် ဖုန်းပြားကြီးကြီး ကိုင်လိုသူတွေ စိတ်ကြိုက်တွေ့မယ့် စမတ်ဖုန်း ဒီဇိုင်းမျိုးပါ။

ရုပ်ထွက်က Display Resolution က 1080 x 1920 pixels (~403 ppi pixel density) ရှိတာကြောင့် Music Video တွေကို ရုပ်သံထွက်ကောင်းကောင်းနဲ့ ခံစားကြည့်ရှုနိုင်ပါတယ်။

ကင်မရာ အရည်အသွေးကတော့ အနောက်ဘက်ကင်မရာ 13 Megapixels နဲ့ အရှေ့ဘက် Selfie ကင်မရာ 5 Megapixels ရှိလို့ Selfie ရိုက်တာ ဝါသနာပါတဲ့သူတွေအတွက် အံကိုက်ပဲပေါ့။ ဒါ့အပြင် HD အရည်အသွေးရှိတဲ့ Video တွေလည်းရိုက်ကူးနိုင်တာကြောင့် ကြည်လင် ပြတ်သားတဲ့ ရုပ်ထွက် ရှိတဲ့ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေကို ရိုက်ကူး နိုင်ပါတယ်။
Dual SIM အမျိုးအစားဖြစ်ပြီး ဆင်းမ်ကတ် နှစ်ကတ်ထိုး အသုံးပြုနိုင်ပါတယ်။ Redmi Note 3 မှာ CPU ကို Octa-core 2.0 GHz Cortex-A53 အမျိုးအစား အသုံးပြုထားပါတယ်။ Android OS Version က 5.0.2 (Lollipop) ဖြစ်ပါတယ်။

Finger Print Sensor ပါဝင်ပြီး Finger Print ကို အသုံးပြုပြီး Screen Lock ဖွင့်နိုင်ပါတယ်။ ဘက်ထရီအားပမာဏ 4000 mAh ပါဝင်ပါတယ်။

ဈေးနှုန်းအနေနဲ့ RAM 2GB, ROM 16 GB ပါဝင်တဲ့ ဖုန်းက ၁၈၅၀၀၀ ကျပ်၊ RAM 3GB, ROM 32 GB က ၂၃၅၀၀၀ ကျပ် ရှိပါတယ်။ အရောင်အားဖြင့် ရွှေရောင် (Gold)၊ ငွေရောင် (Silver)၊ မီးခိုးရောင် (Gray) ဆိုပြီး အရောင် ၃ ရောင်ရရှိနိုင်မှာဖြစ်ပါတယ်။

 

Loading