စတိတ်စင်ပေါ်မှာ သီချင်းဆို ဖျော်ဖြေတင်ဆက်တဲ့အခါ ခန္တာကိုယ်ကို လှစ်ဟဖော်ပြဝတ်ဆင်လေ့ရှိတဲ့ အမေရိကန် ပေါ့ပ်အဆိုတော် မိုင်လေဆိုင်းရပ်စ်ဟာ အခုအခါမှာ စတိတ်စင်ပေါ်တွင်သာမက ပြင်ပလောကမှာပါ လှစ်ဟ ဖော်ပြလာပြီလားလို့ ဆိုရမလိုဖြစ်နေပါပြီ။
အဖော်အချွတ် MTV သီချင်းတပုဒ်ဖြစ်တဲ့ နာမည်ကျော် Wrecking Ball တေးသီချင်းပိုင်ရှင် မိုင်လေဆိုင်းရပ်စ် ဟာ အတွင်းခံဘရာမပါဘဲ ပိုက်ကွန်သဏ္ဍန် အပေါ်ပိုင်းအကျီဖြင့် နယူးယောက်မြို့မှာ ဈေးဝယ်ထွက်နေခြင်းပါ။
မိုင်လေဆိုင်းရပ်စ်ဟာ ရင်သားနှစ်ဖက်နဲ့ ဝမ်းဗိုက်တွေကို လှစ်ဟပြထားတဲ့ အဆိုပါ ပိုက်ကွန်အကျီကို ဝတ်ဆင်လို့ SoHo ကုန်တိုက်ထဲမှာ သူမရဲ့ မိခင်ဖြစ်သူ Tish Cyrus နဲ့အတူ ပြီးခဲ့တဲ့ တနင်္လာနေ့က ဈေးဝယ်ထွက်နေတာပါ။
အသက် ၂၃ နှစ်အရွယ် မိုင်လေဆိုင်းရပ်စ်က အရောင်ဖျော့ဖျော့ဆံပင်တွေကို ဦးခေါင်းထိပ်မှာ စုစည်းထားပြီး ဂျင်းဘောင်းဘီတထည်ကို သူမနဲ့ တော်မတော် စတိုးဆိုင်ရဲ့ မှန်ရှေ့မှာ ဝတ်ဆင်ကြည့်နေတာဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။
သူမတူတဲ့ ခန္တာကိုယ်အသားပေး အဝတ်အစားတွေနဲ့ ရှိုးပွဲတိုင်းလိုလိုမှာ ဝတ်ဆင်တင်ဆက်လေ့ရှိလို့ ဝေဖန်မှုပြောဆိုမှုတွေနဲ့ ရင်းနှီးပြီးသားဖြစ်နေတဲ့ မိုင်လေ ဆိုင်းရပ်စ်တယောက် အခုလို ဈေးဝယ်ထွက်ချိန်မှာ တောင် လှစ်ဟဖော်ပြလာပြီလားလို့ အများရဲ့ ဝေဖန်မှုတွေနဲ့ ထပ်မံရင်ဆိုင်ရလေဦးမလားပဲ။
Ref: dailymail